အိပ်စက်ခြင်းအရေးပါပုံ
အိပ်စက်ခြင်းအရေးပါပုံ အိပ်စက်ခြင်းနဲ့ပတ်သက်ရင် ကျွန်တော်တို့တွေက သိပ်သတိမထားမိခဲ့ကြဘူး။ အနားယူတာလို့ပဲပေါ့ပေါ့လေး တွေးဖြစ်ကြတယ်။ အလုပ်လုပ်မယ် ၊ ဖုန်းကြည့်မယ် ၊ ဇတ်ကားကြည့်မယ် စတဲ့အလုပ်တွေက ကျွန်တော်တို့ရဲ့ အိပ်စက်ချိန်တွေမှာ ယူမှန်းမသိ နေရာတွေယူခဲ့ကြတယ်။ ကျောင်းသားတွေဆိုလည်း ညလုံးပေါက် စာကျက်တာတွေရှိကြတယ်။ တကယ်ပဲအိပ်စက်ခြင်းက အရေးကြီးလား၊ ဒီနေ့အိပ်ချိန်နောက်ကျလို့ နောက်ရက်အတိုးနဲ့အိပ်လို့ရလား ၊ အိပ်ချိန်ကဘာလို့ကျန်းမာရေးအတွက်အရေးကြီးလဲဆိုတာကို အနည်းငယ်ပြောပြချင်ပါတယ် ကောင်းမွန်စွာအိပ်စက်ခြင်းက ဘာလို့အရေးကြီးလဲ??? ၁။အိပ်စက်ခြင်းက တစ်နေ့တာကုန်ဆုံးခဲ့တဲ့ အားအင်တွေကို ပြန်လည်ဖြည့်စည်းပေးပါတယ်။ -ကျွန်တော်တို့ အသက်ရှင်နေသရွေ့ ခန္ဓာကိုယ်အတွင်းက ကလီစာတွေဟာအဆက်မပြတ်အလုပ်လုပ်ရပါတယ်။ အလုပ်လုပ်နေရတဲ့အတွက်အားအင်တွေကုန်ခမ်းပါတယ်။ ညဖက်အိပ်စက်ခြင်းဖြင့် ကုန်ဆုံးသွားတဲ့အားအင်တွေကို ပြန်ဖြည့်ရပါတယ်။ ညအချိန်မတော် အစာစားတာတွေ ၊ အိပ်ရမယ့်အချိန်မှာ ဇတ်ကားကြည့်တာ ဖုန်းကြည့်တာတွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ ၂။အိပ်စက်ခြင်းကြောင့် မှတ်ဉာဏ်ပိုကောင်းစေတယ်။ -တစ်နေ့တာလုံးလုပ်နေရတဲ့အထဲမှ...