Migraine
Migraine ခေါင်းတစ်ခြမ်းကိုက်ခြင်း - Migraineဆိုတာဟာ မခံမရပ်နိုင်အောင် ခေါင်းတစ်ခြမ်းထိုးကိုက်ခြင်း ခြင်းမျိုးပါ - တစ်ခါ ခေါင်းကိုက်ပြီဆိုလျှင် နာရီပေါင်းများစွာကနေ ရက်ပိုငိးအထိ ကြာပြီး နေ့စဉ် လုပ်ငန်းတာဝန်များကို ပျက်ကွက်တဲ့ အထိ ဖြစ်တတ်ပါတယ် ဘယ်လိုပုံစံမျိုးတွေ ခံစားရလေ့ရှိလဲ ■■ခေါင်းမကိုက်ခင် ⛔️အချို့လူတွေမှာ ခေါင်းတစ်ခြမ်းမကိုက်ခင် ၁ရက် ၂ရက် အလိုမှာ အောက်ပါလက္ခဏာများ ခံစားရတတ်ပါတယ် ☝🏻Mood Changes - စိတ်ဓာတ် အတက်အကျ ပြောင်းလဲမှုတွေ ရှိမယ် ☝🏻အစားအသောက် တစ်မျိုးကို တစ်ချိန်လုံး စားချင်စိတ် ချဉ်ခြင်းတက် နေမယ် ☝🏻ဇက်ကြီးလေးပြီး တောင့်နေမယ် ☝🏻မကြာခဏ သမ်းရီဝေနေမယ် ☝🏻ဝမ်းချုပ်မယ် ☝🏻ဆီးခဏ ခဏ ပေါက်ချင်မယ် ⛔️အချို့လူတွေမှာ ခေါင်းတစ်ခြမ်း မကိုက်ခင်မှာ AURA လို့ခေါ်တဲ့ သိမြင်ခံစားမှုတွေ ဖြစ်ပေါ်တတ်ပါတယ် ဒီအရာတွေဟာ မိနစ်ပိုင်းကနေ နာရီပိုင်း အထိ ကြာမြင့်တတ်ပါတယ် အမြင်ရုတ်တရက် မျက်လုံးထဲ zig zag lineလို လှိုင်းတွန့်ချွန်တွေ၊ ရုတ်တရက် အလင်းတန်း တစ်ခု မျက်လုံးရှေ့ ဖြတ်သွားသလို ၊ နေရောင်လို အလင်းစူးစူးကြီး ကိုယ့်ရှေ့မှာ ရှိနေသလို ၊ မျက်လုံးက ပြာဝေပြီး ဘာမှ မမြင်ရတာမျိုး ဖြစ်တတ်ပါတယ် မျက်နှ...