Detox water အကြောင်း
"Detox water သောက်ကြမယ်"
အခုတလော ကျန်းမာရေးလိုက်စားတဲ့လူတွေ အလှအပရေးရာ ဂရုစိုက်ကြတဲ့လူတွေကြားမှာ Detox water လေးက တဖြည်းဖြည်းနဲ့ နာမည်ရလာတာကို သတိထားမိကြမယ်လို့ ထင်ပါတယ်။ ဆိုတော့ Detox water ဆိုတာဘာလဲ? Detox water ဘယ်လိုလုပ်ကြမလဲ? သူ့ဆီကနေဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ ဆိုတာကို မျှဝေပေးသွားချင်ပါတယ်ရှင်။
Detox water ဆိုတာကတော့ သန့်ရှင်းလတ်ဆတ်ပြီး ကိုယ်ခံအားကောင်းစေတဲ့ အသီးအနှံတွေ ပေါင်းစပ်ပါဝင်ပြီး အဆိပ်အတောက်ပြေစေသော အာနိသင်ရှိတဲ့ ရေတစ်မျိုးဖြစ်ပါတယ်။
Detox water ကို ဘယ်လိုပြုလုပ်လို့ရနိုင်မလဲဆိုရင်တော့
- သောက်ရေသန့် တစ်လီတာခန့် (ကိုယ်ထည့်မယ့် ဘူးအပေါ်လိုက်ပြီး အချိုးအဆပြောင်းလို့ရပါတယ်)
- သံပယိုသီး သို့မဟုတ် သံပုရာသီး အလုံးတစ်ဝက်လောက်ကို အကွင်းလေးတွေပါးပါးလေးဖြစ်အောင်လှီးပြီးထည့်ပါ။
- သခွားသီးကိုလည်း အကွင်းပါးပါးလေးတွေ ဆယ်ကွင်းလောက်လှီးပြီးထည့်ပါ။
- ပူစီနံရွက် ခြောက်ရွက်မှ ဆယ်ရွက်ခန့် ထည့်ပေးပါ။ (ဒီထက်များသွားရင် အရသာခါးသွားနိုင်ပါတယ်)
- ဂျင်းပါးပါးလေးနှစ်ပြားလောက် ပြားပြီး ထည့်ပါ။
- အရသာချိုချင်ရင်တော့ ပန်းသီးစိတ်လေးတွေ ထည့်နိုင်ပါတယ်။ အသားအရည်လှချင်ရင်တော့ ရာသီပေါ်အသီးတွေဖြစ်တဲ့ သရက်သီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီး တို့ထည့်ပြီးလည်းသောက်နိုင်ပါတယ်။
ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ သုံးလေးနာရီလောက်ထားပြီးတာနဲ့ Detox waterလေးကို သောက်သုံးနိုင်ပြီဖြစ်ပါတယ်။(ညကတည်းက စိမ်ထားပြီး မနက်ကျမှသောက်ရင်လည်း ရပါတယ်။ အရသာနည်းနည်းခါးသက်သက်တော့ဖြစ်ပါတယ်)
ရေလျော့တာနဲ့ ရေထပ်ထပ်ဖြည့်ပေးပြီး တစ်နေ့လုံး သောက်သုံးလို့ရပါတယ်ရှင်။
သူ့ရဲ့အကျိုးကျေးဇူးတွေက ဘာတွေလဲဆိုရင်တော့
- အဆိပ်အတောက်ပြေစေတယ်။
- အစာကို ကောင်းကောင်း ချေဖျက်ပေးနိုင်လို့ ဝိတ်ကျစေတယ်(ဒါကတော့သူ့ရဲ့နာမည်ကြီး effect ပေါ့နော်)
- အသားအရည်ကြည်လင်စေတယ်(Clear and glow skinကို ရစေပါတယ်)
- ရေဓာတ်ပြည့်ဝစေပြီး pH balance ညီမျှစေတယ်။
- စိတ်ကြည်လင်လန်းဆန်းစေပြီး ညဘက်ကောင်းကောင်း အိပ်ပျော်စေပါတယ် တဲ့ရှင်။
ကဲ အားလုံးပဲ လွယ်ကူရိုးရှင်းတဲ့ Detox water လေး လုပ်သောက်ကြပြီး ကျန်းကျန်းမာမာရှိနေပေးကြပါနော်။
Detox water သောက်နေကျသူတွေဆိုရင်လည်း comment box မှာ အတွေ့အကြုံလေးတွေ မျှဝေပေးသွားနိုင်ပါတယ်ရှင်။
အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 💙
good to read
ReplyDeleteDone 🤍
ReplyDeleteWanna try
ReplyDeleteit is ok
ReplyDeleteThank for sharing
ReplyDelete