Army of Thieves
ဇာတ်ကားတစ်ကား ငွေဝင်ကောင်းပြီး အောင်မြင်လာရင် prequel ၊ sequel တွေ တန်းစီထွက်လာတတ်တာက ရုပ်ရှင်လောကရဲ့ အထာတစ်ခုလို ဖြစ်နေပါပြီ။ အဲ့လိုထွက်လာတဲ့ ကားတွေကို စုပေါင်းလိုက်ရင် franchise ဆိုတာ ဖြစ်လာတာပေါ့ဗျာ။ နာမည်ကြီး franchise တွေ ပြောရရင် Transformers franchise, Fast & Furious franchise, Star Wars franchise စတာတွေပေါ့ဗျာ။ (prequel - လက်ရှိဇာတ်လမ်းမတိုင်ခင် အချိန်ကာလကို ပြသောကား။ sequel - လက်ရှိဇာတ်လမ်းအပြီး အချိန်ကာလကို ပြသောကား။)
အခုလည်း အဲ့လို franchise တစ်ခု ဖြစ်လာမယ့် ဇာတ်ကားတစ်ကားအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Army of Thieves ဖြစ်ပါတယ်။ သူ့ရှေ့က army of the dead ကို ရိုက်တဲ့ Zack Snyder က producer အဖြစ် ပါဝင်ထားတဲ့ကားပါ။ တချို့တွေလည်း ကြည့်ပြီးကြလောက်ပါပြီ။
US မှာ ဇွန်ဘီးကပ်ဘေး ဖြစ်နေချိန် ဥရောပဘက်က ဘဏ်အသေးေလးတစ်ခုမှာ အလုပ်လုပ်တဲ့ ဆဘတ်ရှန်ဆိုတဲ့ သော့ဝိဇ္ဇာကောင်လေးကို ဂွမ်ဒိုလင်းဆိုတဲ့ ကောင်မလေးက နိုင်ငံတကာမှာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သူခိုးအဖွဲ့မှာ ပါဝင်ဖို့ လာဖိတ်ေခါ်ခဲ့တယ်။ သူ့ကို ခေါ်ရတဲ့ အကြောင်းရင်းကတော့ သော့ဝိဇ္ဇာလောကမှာ ဂန္ထဝင်ပစ္စည်းတွေလိုမျိုး ဖြစ်တဲ့ Hans Wagner ရဲ့ မီးခံေသတ္တာ၃လံုးကို ဘဏ်ကနေ ခိုးပြီး ရအောင် ဖွင့်ပြီး အထဲက ငွေတွေကို ယူဖို့ပါပဲ။ (အဲ့သေတ္တာေတွက လေးလုံးရှိပြီး ဇာတ်ကားထဲမှာတော့ သုံးလုံးကိုပဲ ရှာတွေ့။)ဆဘတ်ရှန်ကလည်း အဲ့မီးခံေသတ္တာတွေကို အလွန်အမင်းရူးသွပ်သူ ဖြစ်တဲ့အလျေှာက် ပါဝင်ဖို့ ဆုံးဖြတ်လိုက်ရာကနေ သူတို့သူခိုးတပ်ဖွဲ့လေးရဲ့စစ်ဆင်ရေးကြီး စပါတော့တယ်။ ကျန်တာကတော့ ဇာတ်လမ်းလေးကို အချိန်ရရင် ဒေါင်းကြည့်လိုက်ပါ။ ဘဏ်ဖောက်ကားတွေ၊ ရတနာခိုးတဲ့ကားမျိုးတွေ ကြိုက်တတ်ရင် ကြည့်သင့်ပါတယ်။ money heist, ocean 8, now u see me တို့လိုမျိုးပေါ့။
နောက်ပြီးတော့ အဲ့ကားက အဆုံးသတ်မှာ သူ့ရှေ့က ထွက်ထားတဲ့ Army of the dead ဇွန်ဘီးကားအစနဲ့ ပြန်ချိတ်ထားတာပါ။ army of the dead ကားရဲ့ prequelလို့ ပြောလို့ရတာပေါ့။ မီးခံသေတ္တာလေးလုံးထဲက နောက်ဆုံးကျန်တဲ့ တစ်လုံးကို အဲ့ကားထဲမှာ သွားဖွင့်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး Army of the Dead 2 ကလည်း ထွက်ဖို့ရှိတယ်ဆိုတော့ ကျနော်ပြောခဲ့သလို ဇွန်ဘီးကား franchise ကောင်းတစ်ခု ပေါ်လာေတာ့မှာပဲ ဖြစ်ပါတယ်။ နောက်ရက်တွေကျရင် Army of the dead ဇာတ်ကားအကြောင်းလေး ထပ်တင်ဆက်ပေးပါဦးမယ်။ ဒါကြောင့် လင့်ေလးတွေ များများကလစ်ရင်း တော်လှန်ရေးမှာ ပါဝင်လှူဒါန်းပေးပါဦးခင်ဗျ။
Oki 💪
ReplyDeleteDone
ReplyDelete🕴️🦹🧟
ReplyDeleteDone 🤍
ReplyDelete🤍🤍🤍
ReplyDeleteLove u all
ReplyDeleteDone
ReplyDelete👍
ReplyDeleteDone
ReplyDeletedone
ReplyDeleteDone
ReplyDelete😘😘
ReplyDeleteDone
ReplyDelete