Fantastic Beasts in Wizarding World

 Fantastic Beasts in Wizarding World - မှော်လောကရှိ သားရဲများကိုလေ့လာခြင်း (Part-7)


Griffin 



       အဝါရောင်မျက်လုံးတွေရှိတဲ့ Griffinတွေရဲ့ ခန္ဓာကိုယ်အရှေ့ပိုင်းဟာ လင်းယုန်တစ်ကောင်ရဲ့ ခြေထောက်နဲ့ ခန္ဓာကိုယ်ပုံစံရှိပြီး နောက်ပိုင်းကတော့ ခြင်ေ္သ့တစ်ကောင်ရဲ့ခန္ဓာကိုယ်ပုံစံ ရှိပါတယ်။ ခန္ဓာကိုယ်အရောင်ကတော့ လင်းယုန်ကိုယ်ဟာ အဖြူရောင်နဲ့ အညိုရောင်ရှိပြီး ခြင်္သေ့ကိုယ်ကတော့ အညိုရောင်ဖက်သမ်းတဲ့ အဝါရောင်ရှိပါတယ်။ ဂရိနိုင်ငံမှာနေထိုင်ကြပြီး ပျံလည်းပျံနိုင်ကြပါသေးတယ်။ 


      သူတို့ရဲ့အဓိကအစာကတော့ အသားစိမ်းဖြစ်ပြီး သူတို့နဲ့ရင်းနှီးအောင်လုပ်ဖို့ ခက်ပါတယ်။ အရည်အချင်းရှိပြီး Care Of Magical Creatures ဘာသာရပ်ကို ကျွမ်းကျင်မှသာ သူတို့နဲ့ခင်မင်နိုင်မှာဖြစ်ပါတယ်ဗျ။ ရှေးခေတ်မှော်ဆရာတွေဟာ Griffin တွေကို ရတနာသိုက်အစောင့်အဖြစ်ထားလေ့ရှိကြပြီး 1927ခုနစ်မှာ Newt မှာလည်း Griffin ကြီးတစ်ကောင် ရှိခဲ့ပါတယ်။ အားလုံးသိတဲ့အချက်ကတော့ Hogwartsကျောင်းမှာရှိတဲ့ ကျောင်းအုပ်ရုံးခန်းအပေါက်ဝမှာ Griffinရုပ်ထုကြီးရှိနေတာပါ။


Murtlap



       ပန်းရောင်ဖျော့ဖျော့အရောင်ရှိတဲ့ Murtlap လေးတွေဟာ အမြီးရှည်တဲ့ ဖြူကောင်တစ်ကောင်နဲ့တူပါတယ်။ သူတို့ဟာ ရေထဲမှာနေတဲ့သတ္တဝါလေးတွေဖြစ်ပြီး ဂရိတ်ဗြိတိန်ဒေသရဲ့ ကမ်းရိုးတန်းအနှံ့အပြားမှာတွေ့ရပါတယ်။ သူတို့ရဲ့ကျောပေါ်မှာ Murtlap’s Tentaclesလို့ခေါ်တဲ့ အချောင်းပျော့လေးတွေပါပါတယ်။ ဒီအချောင်းပျော့လေးတွေကို စားတဲ့သူဟာ မှော်ကျိန်စာများကိုခံနိုင်ရည်ရှိမှာဖြစ်ပြီး လိုအပ်တာထက်ပိုစားရင်တော့ ခရမ်းရောင်ဆံပင်တွေပေါက်လာမှာပါ။


         ဒီအချောင်းပျော့လေးတွေနဲ့ ဖော်စပ်ထားတဲ့ Murtlap Essenceကို ထိခိုက်ရှနာတွေဖြစ်ရင် သုံးလေ့ရှိပါတယ်ဗျ။ Umbridgeရဲ့ Black Quillကြောင့် Harry လက်မှာ ဒဏ်ရာတွေဖြစ်တဲ့အခါ Hermioneက ဒီဆေးကိုပေးခဲ့ပါတယ်။ Murtlap Essenceဆေးရည်ကို အပူလောင်တာမျိုးတွေမှာပါ အသုံးပြုနိုင်ပါသေးတယ်။ Murtlapတွေမှာ ယုန်သွားလိုမျိုး ကိုက်ဖြတ်နိုင်တဲ့ရှေ့သွားနှစ်ချောင်း ပါပါတယ်။


          Murtlap တစ်ကောင်ကိုက်တာကိုခံရရင် ကြီးကြီးမားမားပြဿနာမရှိနိုင်ပေမယ့် တစ်ခါတစ်ရံမှာ ချွေးများစွာထွက်ခြင်း၊ အကြောဆွဲခြင်းနဲ့ anusမှ မီးတောက်တွေထွက်ခြင်း ဖြစ်နိုင်ပါတယ်။ Newtမှာ Murtlapတစ်ကောင်ရှိပြီး အဲ့ကောင်လေးဟာ 1926ခု New Yorkမှာ Newtရဲ့အိတ်ထဲကနေ လွတ်သွားခဲ့ပါတယ်။ ဒါပေမယ့်မကြာမီမှာပဲ ပြန်ဖမ်းမိခဲ့ပါတယ်။


Answer For Ravenclaw’s Quiz (7):


သွေးဘဏ်


ကျောက်သင်ပုန်း


#PaingPatronus


Comments

Post a Comment