Halloween

 'Happy Halloween' ပါဆိုပြီး ကျွန်တော်တို့ရဲ့ clickers တွေကို ဆုတောင်းပေးချင်ပေမဲ့ လတ်တလော စိတ်မကောင်းစရာကိစ္စတွေကြောင့်ရော နိုင်ငံရေးအခြေအနေကြီးကြောင့်ပါ လူတိုင်းအပြည့်အဝတော့မပျော်ရွှင်နိုင်လောက်ပါဘူး။ 

ဘယ်လိုပဲဖြစ်နေပါစေ လူအားမကူနိုင်တဲ့ ကျွန်တော်တို့အနေနဲ့ ငွေအား၊ click အားနဲ့ မပြတ် support ပေးနေရမှာဖြစ်ပါတယ်။

ဒါကြောင့်ဒီတစ်ခေါက် clickနှိပ်သူ စာဖတ်ပရိတ်သတ်တွေအတွက် October 31st မှာကျရောက်ခဲ့တဲ့ 'Halloween' အကြောင်းနဲ့ သမိုင်းနောက်ခံတွေကို စိတ်ဝင်တစားဖတ်ရှူလို့ရအောင် ရေးသားလိုက်ပါတယ်။



Halloween ရဲ့နောက်ခံသမိုင်းကြောင်းကိုပြောရမယ်ဆိုရင် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်လောက်က Europe မှာနေထိုင်ကြတဲ့ Celts လူမျိူးစုရဲ့ရိုးရာပွဲတော်တစ်ခုကနေစရပါလိမ့်မယ်။ 

October 31st ကနေ November ကိုကူးပြောင်းတဲ့ကာလဟာ Celts လူမျိူးတွေရဲ့နှစ်သစ်ကူးကာလဖြစ်ပါတယ်။

သူတို့တွေရဲ့ culture အရ ဒီကာလမှာ ပရလောကနဲ့လူ့လောကကြား ခြားထားတဲ့အလွှာဟာ အပါးဆုံးအခြေအနေမှာရှိပါတယ်။ အဲ့ဒီအခါမှာ မမြင်အပ်တဲ့သတ္တဝါတွေ

ဝင်လာမယ့်ရန်ကိုကာကွယ်ဖို့၊ ဝင်လာတဲ့အရာတွေမောင်းထုတ်ဖို့အတွက် 'Soin' လို့ခေါ်တဲ့ မီးပုံပွဲတော်တစ်မျိူးကိုကျင်းပလေ့ရှိပါတယ်။ 


Celts လူမျိူးတွေရဲ့ Soin ခေါ် မီးပုံပွဲတစ်မျိူး



7th century ကာလမှာတော့ Catholic Church တွေရဲ့လွှမ်းမိုးမှူနဲ့အတူ Vatican လူမျိူးတွေဟာ ခရစ်ယာန်ဘာသာများပြားလာဖို့အတွက် Novenber 1st မှာကျင်းပလေ့ရှိတဲ့ 'All Saints' Day' နဲ့ Celts လူမျိူးတွေရဲ့ Soin မီးပုံပွဲကိုပေါင်းကျင်းပဖို့ဆုံးဖြတ်ပြီး ပွဲတော်အမည်ကို Hallam aka Hollow ဆိုပြီးသတ်မှတ်ခဲ့ကြပါတယ်။

All Saints' Day ဟာကျဆုံးခဲ့ကြတဲ့ Saints တွေနဲ့ Martyrsတွေကိုဂုဏ်ပြုသောနေ့တစ်နေ့ဖြစ်ပြီး 

ပွဲတော်နှစ်ခုလုံးဟာ afterlife ကိုကိုယ်စားပြုပါတယ်။

နောက်ပိုင်းမှာတော့ Hollow ကနေတဖြည်းဖြည်းနဲ့ Halloween ဆိုပြီးပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။


All Saints' Day



Halloween အကြောင်းပြောနေတာဆိုတော့ 'Trick or Treat' ဆိုတဲ့ greeting အကြောင်းလဲမပါမဖြစ်ပါပဲ။

1840ခုနှစ်လောက်ကစပြီး Halloween ပွဲတော်ကျင်းပတဲ့အခါမှာ ကလေးတွေရဲ့ စနောက်တာတွေပါလာပါတယ်။

ကလေးတွေကလဲ သူတို့ဘယ်သူလဲဆိုတာမသိအောင် မျက်နှာဖုံးတွေဝတ်ဆင်ကြပါတယ်။

အချိူ့စနောက်တာတွေက အိမ်တွေကိုထိခိုက်လာစေတဲ့အခါမှာ အိမ်ပိုင်ရှင်တွေက သကြားလုံးပေးပြီး မလုပ်တော့အောင် တားရင်းကနေ Trick or Treat ဆိုတဲ့ Halloween Culture လေးတစ်ခုဖြစ်ပေါ်လာတာပါ။



Halloween ရဲ့ trademark တစ်ခုပြပါဆိုရင်တော့

ရွှေဖရုံသီးကိုမျက်လုံး၊ ပါးစပ် ထွင်းပြီး မီးထွန်းထားတဲ့ jack-o'-latern တစ်လုံးရှိရင်ရပါပြီ။ 

ဒီဘက်ခေတ်မှာတော့ တော်တော်များများဟာfictional characters တွေရဲ့ costumes တွေဝတ်ဆင်ကြပြီး ကစားနည်းမျိူးစုံလဲတွေ့လာရပါတယ်။ Makeup နဲ့ Zombie faceလုပ်တာမျိူးတွေဆိုရင် တော်တော်ရေပန်းစားလူကြိုက်များလာကြပါတယ်။

ဒီ‌‌နှစ် SM Town Halloween party ရဲ့ Costume လေးတချို့ကို ဖော်ပြပေးလိုက်ပါတယ်







ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ Halloween ပွဲတော်ကိုစည်စည်ကားကားမပြုလုပ်ကြတာ စိတ်မကောင်းစရာပါပဲ။


ဒီအာဏာရူးရဲ့အလွန်ကာလမှာ Halloween festival ကိုပျော်ပျော်ပါးပါးပါဝင်နိုင်ဖို့ ဆုတောင်းရင်း ဒီဆောင်းပါးလေးကိုတင်ဆက်လိုက်ရပါတယ်။

နောက်လဲ ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေဖတ်ရှုနိုင်ဖို့ အမြဲလာclickပေးကြပါဦးခင်ဗျ။

#🍿



Comments

Post a Comment