Intelligent animal
ကမ္ဘာပေါ်မှာ လူတွေပြီးရင် ဘယ်အကောင်လေးတွေကများ အသိဉာဏ်မြင့်ကြဦးမယ်ထင်လဲ?? လူတွေက
စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ခံစားနိုင်စွမ်းနဲ့ အရာရာကို လုပ်ကိုင်နိုင်စွမ်းတွေ ရှိကြပါတယ်။ အဟိတ် တိရစ္ဆာန်လေးတွေဟာလည်း အသိဉာဏ်ရှိကြပေမဲ့ လူတွေတော့ မမှီဘူးပေါ့လေ။ ဒါမဲ့ Admin က တခြားအကောင်လေးတွေထက် အသိဉာဏ်ပိုရှိတဲ့ တိရစ္ဆာန်လေးတွေအကြောင်း ပြောပြပေးသွားပါမယ်။
ချင်ပန်ဇီ (Chimpanzee)
ချင်ပန်ဇီ မျောက်လေးတွေက အာဖရိကတိုက် ဆာဟာရအောက်ပိုင်းဒေသလေးတွေမှာ နေကြပြီး အသိဉာဏ်အတော်ရှိပါတယ်။ ရုပ်သွင်ပြင်ကလည်း လူသားတွေနဲ့ ဆင်တူပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း မြင့်ကြပါတယ်။ တစ်ကောင်နဲ့ တစ်ကောင်လည်း အံ့အားသင့်စရာကောင်းလောက်အောင် ဆက်သွယ်တတ်ကြပြီး အစာရှာ၊ အုပ်စု လိုက်ရှာဖို့ရာအတွက် တောထဲက ရှာတွေ့တဲ့ ကိရိယာတွေကို သုံးတတ်ကြပါတယ်။ ချင်ပန်ဇီမျောက်လေးတွေကိုသာ စနစ်တကျ သင်ပေးမယ်ဆို လူတွေပြောစကားကိုတောင် ကောင်းကောင်းပြောတတ်နိုင်ဖွယ်ရှိပါတယ်တဲ့။
ကြက်တူရွေး (Parrot)
ကြက်တူရွေးလေးတွေ တော်တာတော့ အားလုံးသိလောက်ကြမှာပါ။ တချို့အလှမွေး ကြက်တူရွေးလေးတွေဆို လူတွေလိုတောင် အတော်ပြောနိုင်ကြတယ်လေ။ မှတ်သားဉာဏ်ကောင်းလွန်းတာကြောင့် ဒီလို လိုက်လံတုပပြောနိုင်တာပါ။ သခင် သင်ပေးသမျှကို
အလွယ်တကူ သင်ယူတတ်မြောက်နိုင်ကြပါတယ်။ ခက်ခဲရှုပ်ထွေးတဲ့ ပြဿနာတွေကိုလည်း မယုံကြည်နိုင်လောက်အောင် ဖြေရှင်းနိုင်စွမ်း ရှိပါတယ်။ Parrot လေးတွေက အခွံမာသီး၊ သစ်စေ့သစ်ဆန်၊ အဖူးအညှောင့်နဲ့ သစ်သီးဝလံလေးတွေ စားရတာ နှစ်သက်ကြပါတယ်။
ကြွက်လေးများ(Rats, Mice & Hamsters)
ကြွက်ကလေးတွေကလည်း အသိဉာဏ်အကြွယ်ဝဆုံးတွေထဲက တစ်ကောင်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက Scientists တွေဟာ ကြွက်တွေအနေနဲ့ လူတွေလိုပဲ သူတို့ သိထားတဲ့ အရာနဲ့ မသိထားတဲ့ အရာပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိတယ်လို့ လေ့လာသိရှိခဲ့ကြပါတယ်။ အာရုံခံသိရှိလွယ်၊ သတိရှိကြပြီး လူတွေလိုတောင် အိပ်မက်မက်တတ်ကြပါတယ်။ အိမ်မှာ အလှမွေးကြွက်လေးတွေဆိုလည်း ပိုင်ရှင်သခင်တွေနဲ့ သံယောဇဉ်တွယ်တာတတ်ကြပါသေးတယ်။ သူတို့နာမည်ကို ကောင်းကောင်း သိကြပြီး နာမည်ကြားရုံနဲ့ သခင့်ဆီ ချက်ချင်းရောက်လာတတ်ကြပါတယ်။ Hamster လေးတွေဟာလည်း ကိုက်ဖြတ်တတ်တဲ့ သတ္တဝါ Rodents အနွယ်ဝင်တွေပါပဲ။ Admin အိမ်မှာမွေးထားတာ အတော်လေးချစ်စရာကောင်းကြပါတယ်><
ကျီးကန်းလေးများ (Craws)
ကျီးကန်းလေးတွေ ဦးနှောက် အရွယ်အစားက လူသားတွေရဲ့ လက်မလောက်ပဲရှိပါတယ်။ သူတို့ Body နဲ့ ယှဉ်ရင်တော့ Brain က အတော်လေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့လေးတွေရဲ့ ဦးနှောက်က ခက်ခဲနက်နဲတာတွေ ဖြေရှင်းရာမှာ အထောက်အကူဖြစ်သလို မှတ်သားနိုင်စွမ်းလည်း ရှိကြပါတယ်။ Scientists' study တွေအရ ကျီးကန်းလေးတွေဟာ လူတစ်ဦးစီ မျက်နှာကို ခွဲခြားသိရှိပြီး မှတ်မိတတ်ကြပါတယ်။ သူတို့လေးတွေဟာ လူတစ်ယောက်ကို တွေ့ပြီး အဲ့လူဟာ မိတ်ဆွေလား၊ ရန်သူလား ခွဲခြားနေစဉ် ကျီးကန်းလေးတွေရဲ့ ဦးနှောက် အစိတ်အပိုင်းတွေဟာ အရောင်တွေလင်းလက်တောက်ပလာတာကို လေ့လာတွေ့ရှိခဲ့ကြပါသေးတယ်။ သူတို့ကို နာကျင်အောင်လုပ်ရင်လည်း ဒုက္ခပေးသူကို မမေ့သလို ခွင့်လွှတ်မယ်လည်း မဟုတ်တာကြောင့်
ကျီးကန်းလေးတွေကို ဒုက္ခမပေးကြနဲ့နော်။
ရေဘဝဲ (Octopus)
ကျောရိုးမဲ့သတ္တဝါ Octopus လေးတွေဟာဆိုရင် သားကောင်တွေအမဲလိုက်ရာမှာ တော်ကြတဲ့ မုဆိုးတွေ ဖြစ်ကြပါတယ်။ သားကောင်ဖမ်းဆီးရာမှာလည်း သူတို့အသိဉာဏ်ကို အသုံးချတတ်ကြပါတယ်။ သူတို့ကို အခြားအကောင်တွေက ဖမ်းတဲ့အခါ ဘလိုကာကွယ်ရမယ်ဆိုတာလည်း ကောင်းကောင်းကြီးသိကြပြီး ထူးဆန်းတဲ့ အမည်းရောင်အရည်တွေလွှတ်၊ ခန္ဓာကိုယ် ပုံသဏ္ဌာန်ကိုလည်း ပြောင်းလဲပစ်ကြပါတယ်။ ယခုအချိန်ထိ Scientists တွေ ရှာတွေ့ထားတဲ့ ရေဘဝဲ မျိုးစိတ်ပေါင်းက ၃၀၀ ခန့်ရှိပါတယ်။
လင်းပိုင် (Dolphin)
လင်းပိုင်လေးတွေကတော့ ခင်မင်ဖော်ရွေတဲ့ သတ္တဝါလေးတွေအဖြစ် သိကြတယ် ဟုတ်တယ်ဟုတ်။ သူတို့ဟာ မှန်ထဲမှာ မိမိတို့ရုပ်ပုံမှန်း မှတ်မိသိရှိနိုင်လို့ ဘလောက်အသိဉာဏ်ရှိတယ်ဆိုတာ သိသာပါတယ်။ ပုလင်း ပုံသဏ္ဌာန် နှုတ်သီးရှိ လင်းပိုင် တစ်မျိုးဆို တိရစ္ဆာန်လောကမှာ ဦးနှောက်အကြီးဆုံးသတ္တဝါအဖြစ် ထင်ရှားပါတယ်။
အဏ္ဏဝါသမုဒ္ဒရာတွေရဲ့ ဆန်းကြယ်မှုနဲ့ ပတ်သက်ပြီး လူသားတွေကို အထောက်အကူပြုပါတယ်။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုစတဲ့ စိတ်ခံစားမှုတွေကိုလည်း ဖော်ပြနိုင်စွမ်းရှိပါတယ်။ သူတို့လေးတွေ အိပ်နေကြတဲ့အခါ ဦးနှောက် အစိတ်အပိုင်းတစ်ခုက အိပ်စက်အနားယူနေပေမဲ့ ကျန်တဲ့ ဦးနှောက် အစိတ်အပိုင်းတွေက အန္တရာယ်ကို ခုခံကာကွယ်ဖို့ အစဉ်နိုးကြားနေတတ်ပါတယ်။
ပုရွက်ဆိတ်များ (Ant)
ပုရွက်ဆိတ်တွေက သတ္တလောကမှာ အသေးဆုံးလေးတွေဖြစ်ပြီး ဦးနှောက်သေးပေမဲ့ အသိဉာဏ်ရှိကြပါတယ်။ သူတို့တွေရဲ့ ဆက်သွယ်ရေးစနစ်၊ ပေါင်းသင်းနေထိုင်မှုစနစ်တွေက နားလည်ရခက်အောင်ကို ဆန်းကြယ်လှပါတယ်။ ဒါကြောင့်ပဲ အစာတစ်ခုဆို အကုန်အသိပေးလိုက်သလိုပဲ ဝိုင်းအုံလာကြတာ မြင်ဖူးကြတယ်မလား။ အင်တာနက်ထက်တောင် ပိုမြန်သလိုပဲနော်:3
သူတို့တွေက လူသားတွေ စိုက်ပျိုးရေး မလုပ်တတ်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၅၀ ကတည်းက လုပ်ခဲ့ကြတာပါ။
ပုရွက်ဆိတ်အုံ အသိုက်အဝန်းတွေ ဆောက်ကြပြီး အဲ့ဒါတွေက မိုင်ပေါင်းထောင်ပေါင်းများစွာ ရှည်ပါတယ်။ အဲ့အပြင် စိုက်ပျိုးရန်နေရာ၊ စုဝေးရန်နေရာ၊ အစာသိုလှောင်ရာနေရာ စတဲ့ အစိတ်အပိုင်းတွေတောင် ပါပါတယ်။ စကားမပြောတတ်ပေမဲ့ အတော် အသိဉာဏ်ရှိကြတာပါ။
ခွေးကလေးများ (Dogs)
ခွေးလေးတွေ ဉာဏ်ရှိကြတာ လိမ္မာကြတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ လူတွေရဲ့ အကောင်းဆုံး မိတ်ဆွေဆိုလည်း ဟုတ်ပါတယ်။ သင်ပေးတာတွေကို အလွယ်တကူ သင်ယူတတ်မြောက်ကြပြီး လိုလိုလားလားလည်း ပြန်လုပ်ပြတတ်ကြပါတယ်။ လူသားတွေခံစားချက်တွေကိုလည်း သိနားလည်ပြီး စိတ်ခံစားမှုအတိုင်း ပြုမူလေ့ရှိကြပါတယ်။ အသိဉာဏ်ကြွယ်ကြလို့ တချို့လူတွေ အတွက်ဆို Stress Reliever လေးတွေတောင် ဖြစ်နေတတ်ကြတာပါ။ သူတို့လိုအင်ဆန္ဒတွေကိုလည်း ချစ်စရာကောင်းအောင် တောင်းတတ်ကြပါတယ်။ ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးခွေးလေးက Border collie ဆိုတဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။
ပူး (Guinea Pig)
ပူးလေးတွေ နေရင်းဒေသက အာဖရိက၊ အာရှ၊ ဥရောပတိုက်တို့ဖြစ်ပြီး အသိဉာဏ်ကြွယ်ဆုံး၊ ပေါင်းသင်းဆက်ဆံတတ်ဆုံးသတ္တဝါတွေအနက် တစ်ကောင်ဖြစ်ပါတယ်။ လူနဲ့ပူးကြားမှာ တူညီမှုလေးတွေ နည်းနည်းရှိပါတယ်။ ဘယ်အစားအစာမဆို စားသောက်နိုင်စွမ်းရှိတာပါပဲ။ :3
ဒါကြောင့် ပူးလေးတွေကို ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတော်တော်များများမှာ အသုံးပြုခဲ့ကြတာပါ။ သိပ္ပံပညာရှင်တွေကတော့ ပူးတွေက ၃ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အသိဉာဏ်ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ကြပါတယ်။ သူတို့လေးတွေက အသံ အမျိုးအစားပေါင်း ၂၀ ခန့်ကို အချင်းချင်း ဆက်သွယ်ရာမှာ သုံးကြပြီး သူတို့အိမ်ကိုလည်း မေ့မသွားတတ်ပါဘူး။ ပူးသားပေါက်လေးတွေက သူတို့အမေ သုံးလေ့ရှိတဲ့ အသံအမျိုးမျိုးနဲ့ပြောတာကို နားလည်နိုင်စွမ်းရှိကြပါတယ်။
ဆင်ကြီးများ (Elephants)
ဆင်ကြီးတွေကတော့ နို့တိုက်သတ္တဝါတွေထဲမှာ အကြီးဆုံး၊ အော်သံအကျယ်ဆုံး အကောင် ဖြစ်ပါတယ်။ အကြီးမားဆုံး ဦးနှောက် ရှိပေမဲ့ အသိဉာဏ်အရှိဆုံးတော့ မဟုတ်ကြပါဘူး။ အသိဉာဏ် အမြင့်ဆုံးတွေထဲမှာ တစ်ကောင်အပါအဝင်တော့ ဖြစ်ပါတယ်။ အသံအမျိုးမျိုးကို လိုက်လံတုပနိုင်တယ်။ မှတ်ဉာဏ် အတော်ကောင်းပြီး အရာရာကို လူသားတွေလို အလွယ်တကူ မေ့မသွားတတ်ကြပါဘူး။
ကဲ ဒီလောက်ဆိုရင်တော့ တိရစ္ဆာန်လေးတွေထဲမှာ အသိဉာဏ်ရှိဆုံး အကောင်လေးတွေအကြောင်း သိသွားလောက်ပြီထင်ပါတယ်။
အားလုံးပဲ ဘေးကင်းကျန်းမာကြပါစေ။
#🌸🍒
Kyay Zuu
ReplyDeleteRead it.
ReplyDeleteGood sharing
ReplyDelete🙋🙇🤷
ReplyDeleteDone 🤍
ReplyDeleteThank for sharing 💪
ReplyDelete🤍🤍🤍
ReplyDeleteကိုယ့်မျက်နှာကို မှန်ကြည့်ပြီး အတိအကျမြင်နိုင်တဲ့သူက ချင်ပန်ဇီတွေတဲ့
ReplyDeleteDone
ReplyDeleteDone
ReplyDelete👍
ReplyDeleteThank
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone
ReplyDeleteThanks
ReplyDelete