Lemon and Strawberry

 'သကြားပါဝင်မှူများသောသံပယိုသီးနှင့် မချိူသောအရသာ'


စားပွဲပေါ်မှာ သံပယိုသီးတစ်လုံးနဲ့ စတော်ဘယ်ရီတစ်လုံးချထားမယ်ဗျာ။ ပြီးတဲ့အခါမှာ ဘယ်ဟာက သကြားပါဝင်မှုများလဲ audience ကိုမေးမယ်။

သေချာပေါက် ထက်ဝက်ကျော်ကျော် ဒါမှမဟုတ် အကုန်နီးပါးက စတော်ဘယ်ရီကိုရွေးကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ စားကြည့်တဲ့အခါမှာ စတော်ဘယ်ရီကပိုချိူတာကိုး။

သိပ္ပံနည်းကျ ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ချိူတဲ့အရသာက စတော်ဘယ်ရီမှာပိုကဲပေမဲ့ 

သကြားပါဝင်မှုနှုန်းကတော့ သံပယိုသီးကစတော်ဘယ်ရီထက် 30% ပိုများပါတယ်။ 

သံပယိုသီးမှာ သကြားပါဝင်မှု 70%အထိရှိပြီး စတော်ဘယ်ရီမှာတော့ 40% သာရှိပါတယ်။ 

ဒီနေ့ပြောပြမယ့် topic က စတော်ဘယ်ရီထက် သကြားပါဝင်မှု 30%များတဲ့ သံပယိုသီးဟာ ဘာကြောင့် ချိူတဲ့အရသာပျောက်နေရလဲဆိုတဲ့အကြောင်းပါ။ 



သံပယိုသီးမှာ သကြားပါဝင်မှုများလျက်နဲ့ ဘာကြောင့်ချိူတဲ့အရသာပျောက်နေရလဲဆိုရင်-

သံပယိုသီးမှာ citric acid 3%-6%အထိပါဝင်ပြီး ဒီပမာဏကပဲ ရှိသမျှသကြားတွေရဲ့ချိူတဲ့အရသာကို အလုံးစုံလွှမ်းမိုးကာ acidဖြစ်သည့်အလျောက် ချဉ်ရခြင်းဖြစ်ပါတယ်။ စတော်ဘယ်ရီမှာကျတော့ သံပယိုသီးထက်သကြားပါဝင်မှုနည်းပေမဲ့ citric acid မပါတဲ့အတွက် သံပယိုသီးနဲ့ယှဉ်ရင် ပိုပြီးအချိူကဲရခြင်းဖြစ်ပါတယ်။


သံပယိုသီးမှာရှိတဲ့များပြားတဲ့သကြားပါဝင်မှုကြောင့် လူကိုအန္တရာယ်ဖြစ်စေနိင်သလားဆိုရင်တော့ လွန်လွန်ကဲကဲမစားသ၍ မဖြစ်စေနိုင်ပါဘူး။ အလားတူ စတော်ဘယ်ရီမှာလဲ ကာဗိုဟိုက်ဒရိတ်ပမာဏများပေမဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ဖြစ်နေတုန်းပါပဲ။

 ဒီအသီးနှစ်မျိူးထဲက သကြားပမာဏတွေကိုဘေးဖယ်ထားပြီး အာဟာရဓာတ်တွေကိုပဲကြည့်မယ်ဆိုရင် ပါဝင်တဲ့သကြားပမာဏထက် ရရှိလာမယ့်ကျန်းမာရေးအကျိူးကျေးဇူးတွေကပိုများနေကြောင်းလေ့လာတွေ့ရှိရပါတယ်။

Source-PharmaSynth


အခုလိုဗဟုသုတရမယ့်အကြောင်းအရာတွေနဲ့ စိတ်ဝင်စားစရာကဏ္ဍလေးတွေဖတ်ရှုဖို့ Click For Revolution မှာနေစဉ်မပြတ် click ပေးကြပါဦးခင်ဗျ။

#🍿



Comments

Post a Comment