Name of the days

 Sunday Monday Tuesday စတဲ့ နေ့ရက်တွေရဲ့အခေါ်အဝေါ်ဟာ ဂြိုဟ်တွေ ဂရိနတ်ဘုရားတွေနဲ့ ဘယ်လိုပတ်သတ်နေသလဲ ?



ရောမခေတ်က လူတွေဟာ နေ့ရက်တွေအပေါ်ကို နေ လ မားစ်ဂြိုဟ် မာကျူရီဂြိုဟ် စတဲ့ ဂြိုဟ်တွေက ဂြိုဟ်တစ်လုံးလျှင် တစ်ရက်ကျစီ လွှမ်းမိုးမှုရှိတယ်လို့ ယုံကြည်ခဲ့ကြပါတယ်တဲ့ 


ဉပမာ နေကလည်း ၇ ရက်ထဲက တစ်ရက်ကို လွှမ်းမိုးမှုရှိတယ် လ ကလည်း တစ်ရက်ကို လွှမ်းမိုးမှုရှိတယ် စသဖြင့်ပေါ့...


ရောမခေတ်တုန်းက လူတွေဟာ နေ လ နဲ့ Mars,Mercury,Jupiter,Venus,Saturn စတဲ့ ဂြိုဟ်ငါးလုံးကိုပဲ သိရှိကြပါသေးတယ်တဲ့

ဒါကြောင့် ရက်သတ်တပတ် တစ်ပတ်မှာ ၇ ရက်ပါဝင်တာ ဖြစ်ပါတယ်


နေက လွှမ်းမိုးမှုရှိတဲ့ရက်က Sun”s day ဖြစ်တာကြောင့် Sunday ဖြစ်လာပါတယ်


အဲ့လိုပဲ လက လွှမ်းမိုးမှုရှိတဲ့ ရက်က Moon”s day ဖြစ်တာကြောင့် Monday ဖြစ်လာပါတယ်


Saturn က လွှမ်းမိုးတဲ့ရက်က Saturday ဖြစ်လာပါတယ်


ဒါပေမယ့် Mars Mercury Jupiter Venus ဂြုိဟ်တွေလွှမ်းမိုးတဲ့ရက်တွေကတော့ Mars”day ,Mercury”day ,Jupiter”s day, Venus”s day လို့မခေါ်ပါဘူး


အဲဒီဂြိုဟ်တွေရဲ့ နာမည်တွေအစား သက်ဆိုင်ရာ နတ်ဘုရားတွေရဲ့ နာမည်တွေကို သုံးကြပါတယ်

စစ်ပွဲတွေရဲ့ နတ်ဘုရား(god of war)Tui နတ်ဘုရား လွှမ်းမိုးတဲ့ရက်ဟာ Tuesday ဖြစ်လာပါတယ်


Chief god ဖြစ်တဲ့ Woden ရဲ့နေ့ကတော့ Wednesday 


god of thunder, Thor ရဲ့နေ့က Thursday နဲ့ 


Woden ရဲ့ ဇနီးလည်းဖြစ် goddess of the sky လည်းဖြစ်တဲ့ Frigg နတ်ဘုရားမရဲ့နေ့ကတော့ Friday ဖြစ်လာပါတယ်တဲ့


ကဲ အခုဆိုရင် နေ့ရက်တွေက ဘာလို့ ဒီလိုနာမည်တွေဖြစ်နေရတာလဲဆိုတာ သိသွားကြမယ်ထင်ပါတယ်နော် 


ကလစ်နှိပ်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ် ဘေးကင်းလုံခြုံကြပါစေရှင့်


Comments

Post a Comment