Parmanu:The Story of Pokhran
Nuclear ပိုင်ဆိုင်မှုဟာ ကမ္ဘာ့နိုင်ငံရေးမှာ ကြီးစွာသော သက်ရောက်မှုရှိပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာဖို့လည်း အရေးပါတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘယ်လိုပဲ အဏုမြူလက်နက်ဖျက်သိမ်းရေးတွေလုပ်ဆောင်ကြပေမယ့် နိုင်ငံတွေကတော့ ကြိတ်ပြီးကြိုးစားကြပါတယ်။
အခုဆိုရင် India ဟာ Nuclear ပိုင်တဲ့ နိုင်ငံတစ်ခုဖြစ်နေပါပြီ။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့အတွက် India ဟာအခက်အခဲပေါင်းများစွာကို ကျော်လွှားခဲ့ရပါတယ်။ Nuclear လက်နက်စမ်းသပ်မှုတွေကို ကမ္ဘာကြီးကလည်း မကြိုဆို မထောက်ခံပါဘူး။
မျက်မှောက်ခေတ်မှာ ဂြိုဟ်တုကင်မရာတွေနဲ့ တစ်ကမ္ဘာလုံးကို စောင့်ကြည့်နိုင်နေနိုင်ပြီဖြစ်လို့ လျို့ဝှက်စီမံကိန်းတွေကို ဖေါ်ဆောင်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ အဲသလို နိုင်ငံတကာက စောင့်ကြည့်နေတဲ့ကြားက India ကန္တာရဒေသမှာ Nuclear စမ်းသပ်မှုကို ဘယ်လိုအောင်မြင်အောင် လုပ်ခဲ့သလဲ။ US ရဲ့ Satellite ကင်မရာတွေကို ဘယ်လိုလွတ်အောင်ရှောင်ခဲ့ကြသလဲ။ India ရဲ့ Nuclear စွန့်စားခန်းကို ရုပ်ရှင်အဖြစ် ပုံဖော်ထားတဲ့ Parmanu:The Story of Pokhran မှာ ရင်တမမ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Nuclear project ရဲ့ခေါင်းဆောင်စစ်ဘက်အရာရှိအဖြစ် Dhoom( I )ဇတ်ကားနဲ့လူသိများတဲ့ John Abraham က သရုပ်ဆောင်ထားပါတယ်။
ဒီရုပ်ရှင်ကိုကြည့်နေရင်းနဲ့ 'နိုင်ငံတကာက ခန့်ငြားရအောင် နျူကလိယားပိုင်တဲ့နိုင်ငံ ဖြစ်ချင်မိတယ်လို့' ဟာသသဘောနဲ့ ရေးခဲ့ဖူးတဲ့ ဆရာမဂျူး ရဲ့ ဆောင်းပါးတစ်ပုဒ်ကို သတိရမိပါတယ်။ ဒါပေမယ့် ဉာဏ်ပညာအမြော်အမြင်ရှိတဲ့ တိုင်းပြည်ခေါင်းဆောင်လည်းလိုတာပေါ့နော်။ မတော် ခလုပ်ကို အကြံဆိုးကြီးနဲ့ ထနှိပ်နေမှဖြင့်......
မအလ လက်ထဲတော့ မရှိစေချင်တာ အမှန်ဘဲ
ReplyDeleteခလုအ်နှိပ်ပြီး So What နေဦးမယ် 😂
Done 🤍
ReplyDeleteကြည့်လိုက်ပါမယ်👌
ReplyDeleteGood
ReplyDeleteDone
ReplyDeleteDone 💪
ReplyDeleteThanks ပါ။
ReplyDelete