Ravenclaw
Ravenclaw ဆောင်ကြီးကို အလယ်ခေတ်မှော်သွေးစစ် မှော်ဆရာမကြီးတစ်ဦးဖြစ်တဲ့ Rowena Ravenclaw လို့ခေါ်တဲ့ စကော့တလန်သူ မှော်သွေးစစ်စုန်းမကြီးကတည်ထောင်ထားပြီး အဆောင်ရဲ့ Elementကတော့ လေပဲဖြစ်ပါတယ်ဗျ။ ဒီအဆောင်ကြီးဟာ သမိုင်းတစ်လျှောက်အစဉ်အလာကောင်းတွေအများကြီးရှိခဲ့ပြီး Luna, Choတို့အပါအဝင်များစွာသော မှော်ဆရာတွေလည်းမွေးထုတ်ပေးခဲ့ပါတယ်။
အဆောင်တံဆိပ်မှာပါတဲ့ အဆောင်ကိုယ်စားပြုသတ္တဝါကတော့ လင်းယုန်ပါ။ အဆောင်ကိုယ်စားပြုအရောင်ကတော့ ကောင်းကင်ကိုကိုယ်စားပြုတဲ့ အပြာရောင်နဲ့ လင်းယုန်ငှက်မွေးကို ကိုယ်စားပြုတဲ့ ကြေးရောင်ပဲဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ အဆောင်မှူးဟာ Filius Flitwick ဖြစ်ပြီး အဆောင်ရဲ့သရဲကတော့ အရှက်ကြီးပြီး စကားနည်းတဲ့ Grey Lady(တစ်နည်း Helena Ravenclaw)ပဲဖြစ်ပါတယ်။
Ravenclaw အဆောင်သားတွေဟာ ဉာဏ်ပညာကြီးမားမှု၊ အမှားအမှန်ခွဲခြားတတ်မှု၊ သင်ယူလိုစိတ်ပြင်းပြမှု၊ တရားမျှတမှုနဲ့အမှန်တရားကို မြတ်နိုးမှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှုနဲ့ မဟုတ်မခံချင်စိတ်ရှိမှုတို့မှာ နာမည်ကြီးပါတယ်။ သူတို့ဟာ ပြဿနာတိုင်းကို ကောင်းမွန်စွာဖြေရှင်းနိုင်ကြတဲ့အပြင် ဟာသဉာဏ်လည်းရွှင်ပါသေးတယ်။ Sorting Hatကြီးဟာ အထက်ပါအရည်အချင်းတွေနဲ့ပြည့်စုံတဲ့သူတွေကိုပဲ Ravenclaw ဆောင်ကိုပို့လေ့ရှိပြီး ဒီအဆောင်ကြီးကနေ ဖန်တီးနိုင်စွမ်းမြင့်မားတဲ့သူတွေ၊ အနုပညာရှင်တွေလည်းမြောက်မြားစွာထွက်ပါတယ်။
Ravenclaw အဆောင်သားတွေနေထိုင်ကြတဲ့ Ravenclaw Towerဟာ Hogwartsကျောင်းရဲ့ တတိယမြောက်အမြင့်ဆုံးတာဝါဖြစ်ပါတယ်။ Common roomကြီးဟာ ဒီTowerရဲ့ ငါးထပ်မြောက်မှာရှိပြီး ပြတင်းပေါက်များစွာရှိတဲ့အတွက် တခြားအဆောင်တွေနဲ့ မတူဘဲ လေဝင်လေထွက်ကောင်းပြီး တစ်ခန်းလုံးလင်းထိန်နေတာပါပဲ။ စက်ဝိုင်းပုံရှိတဲ့ဒီအခန်းကြီးထဲမှာ အပြာရောင်စားပွဲဝိုင်းကြီးတွေ၊ အပြာရောင်ထိုင်ခုံဝိုင်းတွေရှိပြီး အပြာရောင်ကော်ဇောကြီးကိုလည်းခင်းထားပါသေးတယ်။
Common Roomကြီးရဲ့ လိပ်ခုံးပုံမျက်နှာကျက်မှာ သန်းခေါင်ယံမိုးကောင်းကင်အစစ်လို ကြယ်တွေ ဂြိုလ်တွေ စီခြယ်ထားပြီး အပြာရောင် လိုက်ကာတွေကိုလည်း ပတ်ပတ်လည် ချိတ်ဆွဲထားပါသေးတယ်။ ဘယ်အဆောင်နဲ့မှ မတူတဲ့အချက်တစ်ခုကတော့ Ravenclaw ဆောင်ကြီးမှာ ကိုယ်ပိုင်စာကြည့်တိုက်ရှိတာပါပဲ။ စာကြည့်တိုက်ဟာ ခန်းမရဲ့ ဘေးမှာရှိပြီး ဒီထဲမှာ စာအုပ််စင်တွေနဲ့ မှော်အတတ်ပညာနဲ့ပတ်သက်တဲ့စာအုပ်များစွာရှိပါတယ်။
စာကြည့်တိုက်ရဲ့ဘေးမှာ လျှို့ဝှက်တံခါးပေါက်တွေရှိပြီး ဒီတံခါးတွေဟာ ရေချိုးခန်းတွေသန့်စင်ခန်းတွေဆီကို ဦးတည်ပါတယ်။ နားနေခန်းတံခါးပေါက်နဲ့ တည့်တည့်မှာ စကျင်ကျောက်နဲ့ထုလုပ်ထားတဲ့ Rowenaရုပ်ထုကြီးရှိပြီး ဒီရုပ်ထုကြီးရဲ့ တစ်ဖက်တစ်ချက်မှာ ကြောင်လိမ်လှေကားကြီးနှစ်စင်းရှိပါတယ်။ လှေကားတစ်ခုကနေ တက်သွားရင် ကျောင်းသားအိပ်ဆောင်၊ တခြားတစ်ခုကနေ တက်သွားရင် ကျောင်းသူအိပ်ဆောင်ကိုရောက်မှာပါ။
ကြောင်လိမ်လှေကားရဲ့အဆင့်တစ်ဆင့်တိုင်းမှာ အိပ်ဆောင်တစ်ခန်းရှိပြီး အိပ်ဆောင်တစ်ခန်းမှာ ကျောင်းသားငါးယောက်နေထိုင်ရပါတယ်။ ကျောင်းသားတစ်ယောက်မှာ အပြာရောင်လိုက်ကာတွေချထားတဲ့ အိပ်ရာတစ်ခုစီ၊ ဗီရိုတစ်ခုစီရှိပြီး အိပ်ရာဘေးမှာ ပြတင်းပေါက်ကြီးတစ်ခုစီရှိပါသေးတယ်။ ယောက်ျားလေးတစ်ယောက်က မိန်းကလေးအိပ်ဆောင်လှေကားကိုတက်ရင် အချက်ပေးဘဲလ်မြည်လာမှာဖြစ်ပေမယ့် မိန်းကလေးတစ်ယောက်ကယောကျာ်းလေးအိပ်ဆောင်ဘက်ကိုသွားရင်တော့ အချက်ပေးဘဲလ်မြည်မှာမဟုတ်ပါဘူးတဲ့ဗျ။
နောက်ထပ်တစ်ချက်ကတော့ အဆောင်ရဲ့တံခါးပေါက်မှာ လက်ကိုင်ကွင်းရော သော့ပေါက်ရောမရှိတာပါ။ ဒါပေမယ့်သူတို့အစား တံခါးပေါက်မှာ လင်းယုန်ရုပ်ထုကြီးရှိပါတယ်ဗျ။ ဒီလင်းယုန်ကြီးဟာ အဆောင်ထဲဝင်ချင်တဲ့ အဆောင်သားတွေကို နေ့စဉ် ဉာဏ်စမ်းမေးခွန်းတွေမေးလေ့ရှိပါတယ်။ မေးခွန်းဖြေနိုင်ရင် ဝင်ခွင့်ရမှာဖြစ်ပေမယ့် မဖြေနိုင်ရင်တော့ တခြားတစ်ယောက်ဖြေနိုင်တဲ့အထိ တံခါးဝမှာစောင့်နေရမှာပါ။ ဘယ်ကျောင်းသားမှမဖြေနိုင်ရင်တော့ ဆရာဆရာမတွေနဲ့ ကျောင်းအုပ်တွေပါဖြေရပါလိမ့်မယ်။
{Ravenclaw တံခါးကြီးရဲ့ မေးခွန်းတစ်ခုကို မေးပါ့မယ်ဗျ။ Comment မှာဖြေထားခဲ့ပါ။ ဖြေနိုင်ရင်တော့ အဆောင်ထဲကို ဝင်လို့ရပါပြီ။ အဖြေမှန်ကို နောက်အပတ်မှာထည့်ပေးပါ့မယ်}
Ravenclaw’s Quiz(8):
သင်ဟာ ဘိလပ်မြေတွေနဲ့ဆောက်ထားတဲ့အခန်းတစ်ခုထဲကိုရောက်နေပါတယ်။ သင့်မှာမှန်တစ်ချပ်နဲ့ သစ်သားချောင်းတစ်ချောင်းရှိပါတယ်။ အခန်းထဲကနေ ဘယ်လိုထွက်မလဲ။
#PaingPatronus
Quiz
ReplyDeleteသိဘူးလေ ပြောပြမှပေါ့..
ReplyDeleteတံခါးဖွင့်ပြီး ထွက်မယ်လေ
ReplyDeleteDone 🤍
ReplyDeleteမှန်ကိုသစ်သားချောင်းနဲ့ ရိုက်ခွဲပြီး ထွက်ရမယ်
ReplyDeleteThrough the door
ReplyDeleteမှန်ထဲကနေထွက်ပါမယ် 😁
ReplyDeleteOk
ReplyDeleteDone
ReplyDeleteအပြင်မှာ တကယ်ရှိလားဗျ။
ReplyDelete