မနက်ဖြန်မှပြုံးတော့မယ် - သော်တာအေးလဲ့

 


Review မဟုတ်တဲ့ Review

#မနက်ဖြန်မှတကယ်ပြုံးနိုင်မယ့်...

#ဆရာမသော်တာအေးလဲ့ရဲ့မနက်ဖြန်မှပြုံးတော့မယ်


ငယ်စဥ်ထဲက ပတ်ဝန်းကျင်ရဲ့စကားလုံးတွေနဲ့ ရိုက်ခတ်ခံရပြီး စိတ်ဒဏ်ရာအနည်းငယ်နဲ့ ကြီးပျင်းလာရတဲ့ စိမ့်....

အဘွားရဲ့ဘောင်ထဲကနေ မိမိစိတ်ဆန္ဒကို ချိုးနှိမ်ထိန်းသိမ်းခဲ့ရတဲ့ စိမ့်....

နဲနဲလေး လွဲချော်လိုက်တာနဲ့ စကားလုံးတွေနဲ့ရိုက်ခတ်ခံခဲ့ရတဲ့စိမ့်ဘဝ.....


ကိုယ့်ကိုယ်ကိုယ် ဝမ်းကွဲမောင်နှမရဲ့sexual abuseကနေ မွေးလာတဲ့ကလေးလို့ သတ်မှတ်ထားတဲ့ သူမ

ငယ်စဥ်က ဝမ်းကွဲအကိုဆီက sexual abuse လုပ်ခြင်း ခံခဲ့ရတဲ့ သူမ

အချစ်ကို စတင်တွေ့ရှိချိန်မှာ သူထင်ထားသလို အချစ်က အချစ်တခုထဲမဟုတ်ပဲ sexပါ ရောနှောနေမှန်း သိလိုက်ရချိန်...

သူမ ထင်ခဲ့တဲ့ စိတ်ကူးယဥ် အချစ်က

တစစီ ကျိုးကျေသွားချိန်.....


မိန်းမကောင်း ဆိုတဲ့ခေါင်းစဥ်အောက်က သူမရည်မှန်းချက်တွေ အားလုံးစွန့်လွှတ်လိုက်ရချိန်....

ငယ်စဥ်ထဲက စလို့ ဘဝကြမ်းတမ်းခဲ့ရတဲ့ စိမ့်အတွက် နောက်ဆုံးရလဒ်က လွတ်မြောက်ခြင်းရှိနေမှာလားဆိုတာ....


ဒီစာအုပ်ဖတ်သင့်လား ဘာတွေရနိုင်လဲလို့ စာရေးသူကို မေးရင်တော့ 50-50လို့ ပြောပါရစေ


ပထမ၅၀ ကတော့ ဒီစာအုပ်ထဲကနေ စိမ့်ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်ရဲ့ဘဝအကြောင်းကနေ အမျိုးသမီးတွေ ခံစားရတဲ့ psycho ကိုသိရမှာမလို့ စာရေးသူတို့ မိန်းကလေးတွေ အတွက် တစ်နေရာမှာတော့ အကူအညီတစ်ခု ရကောင်းရနိုင်မယ်လို့ ထင်ပါတယ်


ဒုတိယ၅၀ကတော့ မွန်းကျပ်မှုပါပဲ... စိမ့်နဲ့အတူ စီးမြောရင်း မွန်းကျပ်ပိတ်လှောင်ခြင်းကို ခံစားရနိုင်တာမို့ ဖတ်ခြင်းမဖတ်ခြင်းက စာဖတ်သူအပေါ် မူတည်ပါတယ်....


ဒါက bad reviewမဟုတ်ပါ previewပါ။ မွန်းကျပ်မှုအတွက် ကြိုတင်ပြင်ဆင်ရအောင်ပါ

ခြုံပြောရရင် စာအုပ်ကောင်းတစ်အုပ်လို့ညွှန်းချင်ပါတယ် psychologyကိုအတွင်းကျကျသိရပြီး အထူးသဖြင့် ဘောင်ထဲမှာပဲ နေရမယ်ဆိုပြီးချိုးနှိမ်ခံထားရတဲ့ အမျိုးသမီးတွေမှာဝင်လာတတ်တဲ့ psychoတွေမို့ ဒီစာအုပ်လေးက နေ ကိုယ့်ကိုယ်ကိုယ်သတိထားပြီး ထိန်းသိမ်းနိုင်မယ် လို့ထင်ပါတယ်.....




Pdf download link

Comments

  1. မနက်ဖြန်မှ ပြုံးတော့မယ်

    ReplyDelete
  2. ဆန္ဒဝတော ~~~ ဆန္ဒ၏ အစွမ်းကြီးမှုကြောင့်၊

    ကိံ နာမ ကမ္မံ ~~~ အဘယ်သို့သော အမှုလုပ်ငန်းကိစ္စမည်သည်၊

    န သိဇ္ဈတိ ~~~ မပြီး၍ မရှိနိုင်

    ReplyDelete
  3. အရေးတော်ပုံ အောင်မြင်ပြီးမှ ပြုံးတော့မယ်

    ReplyDelete
  4. Replies
    1. This comment has been removed by the author.

      Delete
  5. အစစ်အမှန်ပြုံးရတဲ့နေ့တွေ ပျောက်ဆုံးနေကြတယ်

    ReplyDelete
  6. မမကိုပဲချစ်​တော့မယ်🥺

    ReplyDelete
  7. ဖတ်ချင်သား

    ReplyDelete
  8. မနက်ဖြန်တိုင်း မနက်ဖြန်တိုင်း... ဆိုတဲ့အတွေးနဲ့....

    ReplyDelete
  9. 2022 is our turn 👍👍👍

    ReplyDelete
  10. မအလကြောင့် မပြုံးနိုင်ပါ😒😒😒

    ReplyDelete
  11. စောင့်နေတယ်

    ReplyDelete
  12. အားလုံးအဆင်ပြေကြပါစေ။

    ReplyDelete
  13. 2022 is our turn 👍👌💯

    ReplyDelete
  14. ဘယ်တော့မှ ပြုံးနိုင်ပါ့မလဲ 🍀🍀

    ReplyDelete
  15. အဲ့လောက်မွန်း ကြပ်ရင်တော့ မဖတ်နိုင်လောက်ဘူး ကိုယ်တိုင်က အရမ်း Emotional ုဖစ်တာမို့
    Whatever thz u ပါနော် 🥰

    ReplyDelete
  16. Click 💄💄💄🍍🍍 🍍

    ReplyDelete
  17. အချစ်ကအချစ်ပါပဲ

    ReplyDelete
  18. This comment has been removed by the author.

    ReplyDelete
  19. Wheel..............dope.🏹🏹🏹

    ReplyDelete
  20. I can't smile🍀🕊

    ReplyDelete
  21. မနက်ဖြန် ပြုံးနိုင်ပါ့မလားပဲ

    ReplyDelete

Post a Comment