ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ

 Hello!

ဒီတခါမှာ​တော့ Admin က ဆရာမဂျူးရေးသားခဲ့တဲ့ စာအုပ်တွေထဲက တစ်အုပ်ကို Review လေးပေးချင်ပါတယ်။

 "ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ" ဆိုတဲ့ စာအုပ်လေးပါပဲ။ 





Clicker လေးတို့သာ တောင်တက်ရတာ သဘောကျတယ်ဆို ဒီစာအုပ်လေးက must read ပါပဲ။ တောင်တက်တာကို သဘောမကျလည်း မြည်းစမ်းသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ။  ဘာလို့လဲဆို အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီ တောင်တက်တဲ့ အကြောင်းလေးကို Story လေးတစ်ပုဒ်နဲ့ ရေးသားပုံဖော်ထားလို့ပါ။


ကိုယ်သုတေသန ပြုဖို့ စိတ်ဝင်စားတဲ့အရာ(လိပ်ပြာ)တွေအတွက် မြင့်မားလှတဲ့ ရေခဲတောင်ကို သက်စွန့်ဆံဖျား တက်ခဲ့တယ်ဆို ယုံသလား?? ဒီစာအုပ်လေးထဲက အဖေဖြစ်တဲ့ ဦးပြည်သိမ်းကတော့ ရေခဲတောင်တက်ရင်း သေဆုံးသွားခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့သားငယ်တစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာ သူ့အဖေ  ပျောက်ဆုံးသွားတာကို မယုံကြည်နိုင် လက်မခံနိုင် ဖြစ်နေခဲ့ပါတယ်။ အဲ့လိုနဲ့ပဲ သူ့အဖေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ မိုင်ထောင်ချီ ဝေးတဲ့ ခါကာဘိုရာဇီတောင်ထိ တက်ခဲ့ပါတယ်။ ဥက္ကာ သိချင်တဲ့ အမှန်တရားကော သိခဲ့ရလား ဘလိုတွေ ဖြစ်လဲဆိုတာကတော့ စိတ်လှုပ်ရှားစရာပါပဲ။ Admin ဆို ဖတ်ရင်း သူတို့တောင်တက်နေတဲ့အချိန် ရင်တွေခုန်နေခဲ့တာပါ:3

ကချင်ပြည်နယ်က မြို့ရွာလေးတွေ ဖြစ်တဲ့ မြစ်ကြီးနား၊ ပူတာအို၊ နောင်မွန်း၊ ပန်နန်းဒင် စတဲ့ တိုင်းရင်း ဒေသအကြောင်းလေးတွေကိုလည်း ဆရာမက လှလှပပလေး ရေးသားထားပါတယ်။ သားဖြစ်သူ ဥက္ကာဟာ နောင်မွန်းမြို့မှာ ရဝမ်တိုင်းရင်းသူ ချောချောလေး တစ်ယောက်နဲ့ အမှတ်မထင်တွေ့ခဲ့ပါသေးတယ်။ နောက်တကြိမ်မတွေ့နိုင်လောက်တော့ဘူးထင်ခဲ့ပေမဲ့ ရိုးသားဖြူစင်လွန်းလှတဲ့ ကောင်မလေးနဲ့ ပန်နန်းဒင်ရွာမှာ ထပ်ပြီး ရေစက်ဆုံပြန်ပါတယ်။

ဒါပေမဲ့လည်း သူလေးရဲ့ အကို ဖုန်ဒီးရမ်ဟာ သူ့ညီမလေးကို သိပ်ချစ်ပြီး ဥက္ကာနဲ့က သိပ်မျက်နှာကြောမတည့်ကြပါဘူး။ ဒါ့အပြင် ဖုန်ဒီးရမ် အဖေ ဦးဖိုးရမ်ဟာ ဦးပြည်သိမ်းတောင်ပေါ်တက်စဉ်က လမ်းပြဖြစ်နေခဲ့ပါတယ်။ သူ့အဖေ ပဟေဠိအတွက် အကူအညီ အပေးနိုင်ဆုံးသော သူပေါ့။ ဥက္ကာရဲ့ ပြင်းပြတဲ့ ဆန္ဒကြောင့်လည်း ဖုန်ဒီးရမ်၊ ဦးဖိုးရမ်နဲ့ ဥက္ကာတို့ ခါကာဘိုရာဇီကို တက်ခဲ့ကြပါတယ်။ တောင်တက်ရတာဟာ တကယ်မလွယ်ပါဘူး။ အထူးသဖြင့် ခါကာလိုရာဇီလို ရေခဲတောင်မျိုးဆို ပိုလို့တောင် အန္တရာယ်များပါတယ်။ အလေ့အကျင့်ရှိဖို့ လိုတဲ့အပြင် တောတောင်ထဲက ဖြုတ်ကောင်၊ ကျွတ်ကောင်တွေရဲ့ ဒဏ်လည်း မနည်းခံရတာပါ။ တောင်ထိပ်ကိုရောက်တော့ ဥက္ကာသိချင်နေခဲ့တဲ့ အရာတစ်ခုကို သိခဲ့ရလား ၊အကိုဖြစ်သူ ဖုန်ဒီးရမ်နဲ့ကော အဆင်ပြေသွားလား၊ တိုင်းရင်းသူလေးနဲ့ကော ဘလိုဖြစ်သွားလဲဆိုတဲ့ အရာလေးတွေကိုတော့ Admin မပြောတော့ပါဘူး။ :3

တိုင်းရင်းသား/သူတွေရဲ့ ဓလေ့စရိုက်၊ ရိုးသားဖြူစင်မှု၊ သစ္စာရှိမှု၊

ကချင်ပြည်နယ်ရဲ့သာယာလှပမှု၊ ခါကာဘိုရာဇီရဲ့ အလှတရား၊ တောင်တက်ရာမှာ ကြုံရတဲ့ကြောက်စရာ အခက်အခဲတွေကို ထူးခြားဖွယ် Story လေးနဲ့အတူတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖတ်ရမှာပါ။


ဆိုတော့ကာ ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြပါလို့ ထပ် recommend ချင်ပါတယ်။


ဒီစာအုပ်လေးကို "လျှို့ဝှက်သော နှင်း" ဆိုတဲ့ ရုပ်ရှင်လည်း ရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ တချို့သော ရုပ်ရှင်တွေထက် စာအုပ်တွေ ဖတ်ရတာကသာ ပိုအရသာရှိကြတယ်မလား??


စာအုပ်ဒေါင်းရန် link

https://www.mediafire.com/file/62m3z2q126a3odv/%25E1%2581%25BE%25E1%2580%2580%25E1%2580%259A%25E1%2580%25B9%25E1%2580%2585%25E1%2580%2584%25E1%2580%25B9%25E1%2580%2590%25E1%2580%25B6%25E1%2580%2590%25E1%2580%25AC%25E1%2580%25B8%25E1%2580%2580%25E1%2580%2599%25E1%2580%25B9%25E1%2580%25B8%25E1%2580%2595%25E1%2580%25AB%25E1%2580%25B8%25E1%2582%258F%25E1%2580%25BD%25E1%2580%2584%25E1%2580%25B9%25E1%2580%25B8%25E1%2580%25BB%25E1%2580%2596%25E1%2580%25B4.pdf/file


မြန်မာပြည်ရဲ့ လှပတဲ့ နေရာဒေသတွေကို စိတ်အေးချမ်းသာစွာသွားနိုင်ဖို့  အားလုံးပဲ  Fighting ပါ။

#🌸🍒

Comments

Post a Comment