Migraine

 Migraine

ခေါင်းတစ်ခြမ်းကိုက်ခြင်း



- Migraineဆိုတာဟာ မခံမရပ်နိုင်အောင် ခေါင်းတစ်ခြမ်းထိုးကိုက်ခြင်း ခြင်းမျိုးပါ

- တစ်ခါ ခေါင်းကိုက်ပြီဆိုလျှင် နာရီပေါင်းများစွာကနေ ရက်ပိုငိးအထိ ကြာပြီး နေ့စဉ် လုပ်ငန်းတာဝန်များကို ပျက်ကွက်တဲ့ အထိ ဖြစ်တတ်ပါတယ်

ဘယ်လိုပုံစံမျိုး​တွေ ခံစားရ​လေ့ရှိလဲ

■■ခေါင်းမကိုက်ခင်

⛔️အချို့လူတွေမှာ ခေါင်းတစ်ခြမ်းမကိုက်ခင် ၁ရက် ၂ရက် အလိုမှာ အောက်ပါလက္ခဏာများ ခံစားရတတ်ပါတယ်

☝🏻Mood Changes - စိတ်ဓာတ် အတက်အကျ ပြောင်းလဲမှုတွေ ရှိမယ်

☝🏻အစားအသောက် တစ်မျိုးကို တစ်ချိန်လုံး စားချင်စိတ် ချဉ်ခြင်းတက် နေမယ်

☝🏻ဇက်ကြီးလေးပြီး တောင့်နေမယ်

☝🏻မကြာခဏ သမ်းရီဝေနေမယ်

☝🏻ဝမ်းချုပ်မယ်

☝🏻ဆီးခဏ ခဏ ပေါက်ချင်မယ်


⛔️အချို့လူတွေမှာ

ခေါင်းတစ်ခြမ်း မကိုက်ခင်မှာ

AURA လို့ခေါ်တဲ့ သိမြင်ခံစားမှုတွေ ဖြစ်ပေါ်တတ်ပါတယ်

ဒီအရာတွေဟာ မိနစ်ပိုင်းကနေ နာရီပိုင်း အထိ ကြာမြင့်တတ်ပါတယ်

အမြင်ရုတ်တရက် မျက်လုံးထဲ zig zag lineလို လှိုင်းတွန့်ချွန်တွေ၊ ရုတ်တရက် အလင်းတန်း တစ်ခု မျက်လုံးရှေ့ ဖြတ်သွားသလို ၊ နေရောင်လို အလင်းစူးစူးကြီး ကိုယ့်ရှေ့မှာ ရှိနေသလို ၊ မျက်လုံးက ပြာဝေပြီး ဘာမှ မမြင်ရတာမျိုး ဖြစ်တတ်ပါတယ်

မျက်နှာ တစ်ခြမ်း ထုံကျဉ်ပြီး မျက်နှာ ကြွက်သားတွေ ​ေကာင်းစွာ အလုပ်မလုပ်တာမျိုး ဖြစ်တတ်ပါတယ်

စကားပြောရတာ ခက်ခဲနေမယ်

ခြေလက်တွေမှာ အပ်နဲ့ထိုးနေသလို စူးစူးကျဉ်ကျဉ်ကြီး ဖြစ်နေယ်


■■ခေါင်းတစ်ခြမ်းကိုက်ရောဂါ ခံစားရချိန်တွင်

☝🏻ခေါင်းတစ်ခြမ်းကိုက်မယ် တစ်ခါတစ်လေ နှစ်ဖက်လုံးလည်း ကိုက်လာတတ်ပါတယ်

☝🏻ခေါင်းကိုက်တာ အပြင်

နားထင်ကြောတွေပါ တဒုတ်ဒုတ်ထိုးနေမယ်

☝🏻 ပျို့မယ် ;အန်မယ်

☝🏻အလင်းရောင်နဲ့ အသံဆူဆူတွေကြားရင် ခေါင်းပိုကိုက်တတ်လို့

အလင်းရောင်နဲ့ အသံတွေကို မခံနိုင်ဘူး ဖြစ်နေမယ်

(အချို့လူတွေမှာ ခေါင်းကိုက်နေချိန်မှာ တစ်ယောက်တည်း အမှောင်ခန်းထဲမှာ အိပ်နေမှ သက်သာရတယ်လို့ ပြောကြပါတယ်)


■■ခေါင်းကိုက်ခြင်း သက်သာသွားလျှင်


☝🏻ဖြစ်ပြီးတစ်ရက်လောက်အထိလူဟာ မှိန်းပြီးရီဝေဝေ မလန်းဆန်းဘူး ဖြစ်နေမယ်

☝🏻ရုတ်တရက် ခေါင်းအလှုပ်အရှား မြန်သွားတဲ့ အခါမျိုးမှာ ခေါင်းခဏပြန်ကိုက်တာမျိုး ဖြစ်တတ်ပါတယ်


ဘာကြောင့် ဖြစ်တာလဲ

ခုထိ ရှာဖွေနေဆဲဖြစ်ပြီး အတိအကျ မပြောနိုင်သေးပါဘူး

☝🏻ဦးနှောက် အညှာမှာရှိတဲ့ အာရုံကြောများ ပုံမှန် တာဝန် မဆောင်နိုင်ခြင်းကြောင်​့ သွေးကြောများ ကျယ်ပြီး ခေါင်းကိုက်ရခြင်းလို့ ယူဆရပါတယ်

☝🏻အချို့လူတွေမှာ မျိုးရိုးလိုက်တာတော့ တွေ့ရှိရပါတယ်


ဘယ်လို အရာတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်း ရောဂါကြွအောင် လုပ်ဆောင်သလဲ

⛔️အမျိုးသမီးငယ်များမှာ

Oestrogen 

ဟော်မုန်း အတက်အကျ ဖြစ်တဲ့ အချိန်တွေ(ရာသီမလာခင်နှင့် ရာသီလာနေစဉ်;ကိုယ်ဝန်ဆောင်ချိန်;အချို့ Oestrogen ဟော်မုန်းဓာတ်ပါသော သန္ဓေတားဆေး မှီဝဲတဲ့အခါ)

⛔️Stress -စိတ်ဖိစီးမှု များတဲ့ အချိန်တွေမှာ

⛔️Drink - အရက်;ဝိုင်နီ နှင့် ကဖင်းဓာတ် ဥပမာ coffee

⛔️Food - Cheese ,Chocolate

⛔️အလင်းစူးစူး အသံကျယ်ကျယ်များ တွေ့ကြုံရတဲ့အခါ

⛔️အိပ်ရေးပျက်များတဲ့အခါ

⛔️ Oestrogen ဟော်မုန်းဓာတ်ပါသော သန္ဓေတားဆေး;သွေးကြောကျယ်စေသော ဆေးများ မှီဝဲတဲ့အခါ


ဘယ်လို လူတွေမှာ ပိုဖြစ်တတ်လဲ

⛔️မျိုးရိုးထဲတွင် ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူ

⛔️Age - အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၃၀ ဝန်းကျင်မှာ အဖြစ်များတာကို တွေ့ရပါတယ် -အသက်ကြီးလာတာနဲ့ အမျှ ရောဂါ ဖြစ်ပွားမှု အကြိမ်ရေ လျော့သွားတတတ်ပါတယ်

⛔️အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပို အဖြစ်များပါတယ်

⛔️Hormone-Oestrogen 

ဟော်မုန်း အတက်အကျ ဖြစ်တဲ့ အချိန်တွေ(ရာသီမလာခင်နှင့် ရာသီလာနေစဉ်;ကိုယ်ဝန်ဆောင်ချိန်;အချို့ Oestrogen ဟော်မုန်းဓာတ်ပါသော သန္ဓေတားဆေး မှီဝဲတဲ့အခါ)


ရောဂါ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ 

ခေါင်းကိုက်တဲ့အတွက်ကြောင့် အကိုက်အခဲပျောက်ဆေးတွေ သောက်ရတယ် ။ သောက်ပါ များလာတဲ့ အခါ Medication overuse Headacheလို့ ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးအလွန်အကျွံမှီဝဲခြင်းနောက်ဆက်တွဲ ခေါင်းကိုက်ခြင်းဖြစ်ပွားတတ်ပါတယ် ။ ခေါင်းကိုက် သံသရာ လည်နေတာပါ။

သောက်နေတဲ့ အကိုက်အခဲပျောက်ဆေးကို ရပ်လိုက်ရင်တော့ Medication Overuse Headacheပျောက်သွားပါတယ်


ဘယ်လို အချိန်မှာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသ တိုင်ပင်သင့်ပြီလဲ

🚨ရုတ်တရက် မိုးကြိုးပစ်သလို မခံမရပ်နိုင်အောင် ပြင်းထန်တဲ့ ခေါင်းကိုက်မှုမျိုး ဖြစ်လျှင်

🚨ခေါင်းကိုက်တာ အပြင် ဖျား, တက်,မှိန်း,ဇက်တောင့်, ပုံရိပ်နှစ်ထပ်မြင်,ခန္ဓာကိုယ် တစ်ခြမ်း လှုပ်မရလျှင်

🚨ခေါင်းကို ထိခိုက်မိပြီးမှ ခေါင်းကိုက်ဝေဒနာစဖြစ်လာတာဆိုရင်

🚨ခေါင်းကိုက်ဝေဒနာဟာ ကြာရှည်ပြီး အထူးသဖြင့်  ဝမ်းညှစ်;ချောင်းဆိုး ပြီးမှ ဖြစ်လျှင်

🚨အသက် ၅၀ ကျော်မှ ပထမဆုံး အကြိမ် ခေါင်းကိုက်လျှင်


အားလုံးပဲ ခေါင်းကိုက် ဝေဒနာမှ ကင်းဝေးကြပါစေ


Sharing Is Caring🤝

ALL FOR HEALTH💯

Comments

  1. အမြဲတမ်းဖြစ်တယ်😔

    ReplyDelete
  2. အာ့ရောဂါကြောင့် oversea ကနေပြန်လာခဲ့ရတာပါ။

    ReplyDelete
  3. Replies
    1. မနေ့က အဲလိုဖြစ်တာပေါ့ တစ်လမှာ အနည်းဆုံး တစ်ခါလောက်ဖြစ်တာ😒

      Delete
  4. အလံကို

    ထိပ်ဆုံးလူလက်

    ထိလုလုအချိန်……


    ချောတိုင်ရင်းကို

    တင်းတင်းဖက်ထားတဲ့

    အောက်ဆုံးလူ ပုခုံးသားမျိုး

    တို့နှလုံးသားတွေ

    သန်မာစမ်းပါရစေ……


    #မင်းကိုနိုင်

    ReplyDelete
  5. Done☃️⛄☃️⛄☃️⛄🌲🌲

    ReplyDelete
  6. ကျန်းမာရေးဗဟုသုတတွက် ကျေးဇူးပါ

    ReplyDelete
  7. ဖြစ်ရင် အတော်လေးခံရ 🍀😥

    ReplyDelete
  8. ခန္ဓာရှိရင်ဝေဒနာရှိ

    ReplyDelete
  9. ခုတစ်လော ဖြစ်နေ 🍀

    ReplyDelete
  10. Thanks for sharing knowledge

    ReplyDelete
  11. ပြည်သူ​တွေအမြန်ဆုံး​ပျော်ရွှင်ကြပါ​စေ

    ReplyDelete
  12. Click 💄💄💄🍍🍍🍍

    ReplyDelete

Post a Comment