Wish Dragon
Wish Dragon
မီးခွက်စောင့်ဘီလူးဇတ်လမ်းကို Version ပေါင်းစုံနဲ့ ရုပ်ရှင်အဖြစ်ဖန်တီးခဲကြဘူးပါတယ်။ Hollywood, Bollywood အစုံပေါ့။ လူအစစ်တွေသရုပ်ဆောင်တာလည်းရှိသလို Animation ရုပ်ရှင်တွေလဲရှိပါတယ်။ အားလုံးကတော့ ဟန်တစ်မျိုးစီနဲ့ ကြည့်လို့ကောင်းတာပါပဲ။
Will Smith ပါဝင်တဲ့ Aladdin (2019) ကတော့ နောက်ဆုံး Version ပါ။
အခု 2021 မှာတော့ ဒီဇတ်လမ်းကျောရိုးကို အခြေခံပြီး
အသွင်တစ်မျိုးနဲ့ နောက်ထပ် Animation Film တစ်ခုထပ်ထွက်လာပါတယ်။ Jackie Chan က ထုတ်လုပ်သူအနေနဲ့ ပါဝင်တဲ့ Hong Kong Animation Film တစ်ခုပါ။
ဒီဇတ်လမ်းမှာတော့ တရုတ်ယဉ်ကျေးမှုတွေနဲ့ မွမ်းမံပြီး ကြွေကရားအိုးထဲက နတ်နဂါးအဖြစ်ဖန်တီးထားပါတယ်။
ကရားအိုးလေးကို မမြော်လင့်ဘဲ ရခဲ့တဲ့ သူဆင်းရဲကောင်လေးတစ်ယောက်၊ အာဏာနဲ့ဉစ္စာနောက် လိုက်ခဲ့မိလို့ ကြွေကရားစောင့်နဂါးအဖြစ် ဒဏ်ခတ်ခံရတဲ့ ဘုရင်တစ်ပါး၊ ချမ်းသာတဲ့လောကမှာ ဖခင်အလိုကျ ကျင်လည်နေရတဲ့ ကောင်မလေးတစ်ယောက်။ သူတို့ကြားက သံယောဇဉ်တွေကို ဖော်ကျူးဖန်တီးထားတဲ့ ချစ်စရာ ဇတ်ကားလေးတစ်ခုပါ။
ကောင်လေးက ဆုတောင်း ၃ ခုအတွက် ဘာတွေကို ရွေးခဲ့သလဲ။
အဆင့်ခြင်းကွားခြားလှတဲ့ ကောင်လေးနဲ့ ကောင်မလေးကြားက သံယောဇဉ်ကရော ဘယ်လိုကံကြမ္မာတွေနဲ့ ကြုံတွေရမှာလဲ။
နတ်နဂါးကရော သူရဲ့ပြစ်ဒဏ်ကနေလွတ်မြောက်ခွင့်ရသွားရဲ့လား။
Animation Character တွေကလဲ လှသလို သူငယ်ချင်းသံယောဇဉ်၊ မိတ်ဆွေသံယောဇဉ်ကို Theme အနေနဲ့ ထည့်သွင်းဖန်တီးထားတဲ့ 98 minnutes ကြာ Wish Dragon ဟာ Animation ချစ်သူတွေ လက်မလွတ်သင့်တဲ့ ဇတ်ကားလေးတစ်ကားဖြစ်ပါတယ်။
Doneပါဗျာ
ReplyDelete👌👌👌
ReplyDeleteDone 🐬ကြည့်လ်ုက်ပ့မယ်
ReplyDeleteကြည့်လိုက်အူးမယ်
ReplyDeleteDone
ReplyDeleteDone
ReplyDeletedone
ReplyDeleteDone
ReplyDeleteDone
ReplyDelete