ငှက်တို့ရဲ့ပျံသန်းခြင်းအတတ်ပညာ
ငှက်တို့ရဲ့ပျံသန်းခြင်းအတတ်ပညာ
--------------------------------------
သုနာပရန္တတိုင်းက
ငန်းရိုင်းတို့အိပ်တန်းပြန်
သဏ္ဍာန်ကမြားဦး။
ကောင်းကင်မှာ မြားတံစူးပြီမို့
စကြာဝဠာရင်ညွန့်ဦးမှာ
တိမ်သွေးတွေလူး။
အမှတ်မမှားဘူးဆိုရင် ဆရာ ကြည်အောင်ရဲ့ ကဗျာတစ်ပုဒ်ပါ။ ပြောချင်တာက ကဗျာမဟုတ်ပါဘူး။ ငှက်တွေ ဘာလို့ မြားဦးပုံစံ အုပ်စုဖွဲ့ ပျံကြသလဲဆိုတာပါ။
အရင်ကတော့ အမှတ်တမဲ့ ကြည့်လို့ကောင်းတဲ့ သဘာဝအလှတစ်ခုလို့ပဲ မှတ်ယူခဲ့မိပါတယ်။ ဒါပေမယ့် သုသေသနတစ်ခုကို ဖတ်မိမှပဲ သဘာဝကသင်ကြားပေးလိုက်တဲ့ ငှက်တို့ရဲ့ ပျံသန်းခြင်းအတတ်ပညာမှန်း သိခဲ့ရပါတယ်။
အတောင်ပံကြီးတဲ့ ငှက်တွေ အတောင်ပံခတ်တဲ့အခါ သူရဲ့နောက်မှာ လေပွေလှိုင်းကို ဖြစ်စေပါသတဲ့။ အဲဒီလေပွေလှိုင်းထဲကို အလိုက်သင့်စီးမျော ပျံသန်းတတ်ရင် တောင်ပံခတ်ရတာသက်သာပြီး အသာခိုလိုက်လို့ရပါသတဲ့။ ဒါကြောင့် ရှေ့ကငှက်တစ်ကောင်က ဦးဆောင်ပျံသန်းပြီး နောက်ကငှက်တွေက လေပွေလှိုင်းထဲကလွတ်မသွားအောင် ချိန်ဆစီတန်းပြီး ပျံကြတယ်လို့ဆိုပါတယ်။ အုပ်စုနဲ့အတူ ပျံသန်းတဲ့အခါမှာလည်း တောင်ပံကို စည်းချက်မှန်အောင်ခတ်ကြရပါသတဲ့။ စည်းချက်မမှန်တော့ဘူးဆိုရင် လေပွေလှိုင်းကို ကမောက်ကမဖြစ်စေပြီး အခြားအုပ်စုဝင်ငှက်တွေကိုပါ ပင်ပန်းစေတယ်လို့လည်း ဆိုပါတယ်။
မိုင်ထောင်ချီပျံသန်းကြရတဲ့ ဆောင်းခိုငှက်တွေဆိုရင်တော့ ဦီးဆောင်ပျံသန်းတဲ့နေရာကို အလှည့်ကျလွှဲပြောင်းတာဝန်ယူကြတယ်လို့ ဆိုပါတယ်။ ငှက်တစ်ကာင်ဟာ ဦ်းဆောင်ပျံသန်းမှုကို တစ်မိခန့်ပြုလုပ်ပြီးရင် အခြားတစ်ကောင်နဲ့ နေရာခြင်းလဲလေ့ရှိတယ်လို့ သုတေသနရလဒ်တွေအရ သိရှိရပါတယ်။
ဒီလိုသဘာဝကို သိဖို့ရာအတွက် Austria အခြေစိုက် သုတေသနအဖွဲ့တစ်ခုက ငှက်တွေကို တစ်ပေအောက်ငယ်တဲ့ အကွာအဝေးကိုတောင်ပြနိုင်တဲ့ GPS ကိရိယာတွေကို Ibises ငှက်တွေမှာ တပ်ဆင်ပြီး လေ့လာခဲ့တယ်လို့ သုတေသနဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။
ငှက်တွေလိုပါပဲ။ အပြန်အလှန်ဖေးမရင်း၊ ကိုယ်တာဝန်ကိုယ်ယူကြရင်း၊ ညီညွတ်မှုကိုဖော်ဆောင်ရင်း လိုရာခရီးကို အရောက်နှင်ရမယ်မဟုတ်ပါလား။
"ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်...."
💯💯💯
ReplyDeleteဟိုက်နားလည်ပါပီ🐬🐬🐬🐬
ReplyDeleteOk
ReplyDeleteRight
ReplyDeleteFighting together 💪
👍👍🍀🍀
ReplyDeleteClick 💪💪💪
ReplyDeleteThanks min min
ReplyDeleteDone
ReplyDelete