ထင်ရှားကျော်ကြားသမိုင်းထဲကခေါင်းဆောင်များ - 1
ထင်ရှားကျော်ကြား သမိုင်းထဲက ခေါင်းဆောင်များ(၁)
ရှေးယခင်ကတည်းက ကမ္ဘာမြေကြီးပေါ်မှာ တရားမမျှတမှုတွေ၊ လူမဆန်မှုတွေ များစွာရှိခဲ့ပါတယ်။ ဆိုတော့ ခေတ်တိုင်းမှာလည်း တရားမျှတမှုကို လိုလားတဲ့ ခေါင်းဆောင်အသီးသီးဟာ ရဲရဲဝံ့ဝံ ခေါင်းဆောင်တိုက်ပွဲဲဝင်ခဲ့ကြပါတယ်။ ကြီးမြတ်ပြီး သမိုင်းတွင်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထဲကမှ ၉ ယောက်အကြောင်းကို အပတ်စဉ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Nelson Mandela
Nelson Mandela လို့ ဆိုလိုက်တာနဲ့ လူဖြူလူမည်း ခွဲခြားဆက်ဆံမှုတွေကို တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံသားတစ်ဦးဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာအောင် တောင်အာဖရိကအစိုးရရဲ့ တစ်ယူသန် အမြင်ကျဉ်းမြောင်းမှုတွေကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ တော်လှန်ပုန်ကန်ခဲ့တာပါ။ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်လည်း ၂၇ နှစ်ကြာအောင် ထောင်နန်းစံခဲ့ရပါတယ်။ (ထောင်ထဲနေခဲ့စဉ်အခါက နေပူထဲမှာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရလို့ မျက်လုံးတွေ အဆုတ်တွေ အတော်ပျက်စီးခဲ့ပါတယ်) ဒါမဲ့လည်း ထောင်ကလွတ်လာပြီး မကြာခင် တောင်အာဖရိကပြည်သူတွေရဲ့ လူမျိုးရေးနဲ့ တခြားလူမှုအကြောင်းရင်းတွေကို ခွဲခြားမှုမရှိ တန်းတူညီမျှ လွတ်လပ်စွာမဲပေးခွင့်ကြောင့် တောင်အာဖရိကနိုင်ငံရဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။
၁၉၉၃ မှာ Nelson Mandela နဲ့ တောင်အာဖရိကသမ္မတ F.W De Klerk တို့ကို တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင် လူမျိုးရေးခွဲခြားဆက်ဆံမှုစနစ်ကိုတိုက်ဖျက်ခဲ့တဲ့ ကြိုးပမ်းမှုအတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အတူတကွ အပ်နှင်းခြင်းခံရပါတယ်။
၁၉၉၄ မှာ Nelson Mandela ဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမ္မတဖြစ်လာခဲ့ပါတယ်။ ဘယ်လူမျိုးမဆို နိုင်ငံအကျိုးနဲ့ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင် လက်တွဲ လုပ်ဆောင်ကြဖို့ ပြည်သူတွေကို အမြဲတိုက်တွန်းလေ့ရှိပါတယ်။ Nelson Mandela ဟာ ထောင်ကလွတ်လာပြီး သူ့ကို ရက်စက်စွာ ဖိနှိပ်ညှဉ်းပမ်း နှိပ်စက်ခဲ့တဲ့ ရန်သူတွေကို ရန်ညိုးမထားဘဲ ခွင့်လွှတ်ခဲ့ပါတယ်။ အဲ့လို စိတ်ထားမွန်မြတ်မှုတွေကြောင့် ကမ္ဘာ့အကောင်းဆုံး လွတ်လပ်ရေးတိုက်ပွဲဝင်သူတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။
Admin သဘောကျရတဲ့ Nelson Mandelaရဲ့ Speech လေးတွေပါ မျှဝေလိုက်ပါတယ်။
နောက်နေ့တွေမှာလည်း Mandela လို ကျော်ကြားတဲ့ ခေါင်းဆောင်တွေအကြောင်း တင်ပေးဦးမှာမို့ လက်မလွှတ်တမ်း Click ရင်း ဖတ်ပေးကြပါဦး။
#🌸🍒
"သုခနဲ့ အစီစဥ်တကျ
ReplyDeleteမပျော်နိုင်တော့ဘဲ
ဒုက္ခနဲ့ပဲ ကြုံရာကျပန်း
ရယ်ရတာကြာပေါ့"
မယုယုဝေ
(ဖေဖော်ဝါရီ ၂၈ ၂၀၂၂)
Peace 🍀
ReplyDeleteThanks မင်မင်
ReplyDeleteClick 💄💄🍍
ReplyDeleteDone 💪
ReplyDeleteBts
ReplyDeleteDone
ReplyDelete'Viva la revolution'
ReplyDelete