Coconut water

အုန်းရည်သောက်တာ ကောင်းလား?

အုန်းရည်ကြည်ကြည်လေးဟာ မောပန်းနေချိန် နုံးနေချိန်မှာ သောက်ရင် ချက်ချင်း လန်းဆန်းသွားစေပါတယ်။ ဒီလို ဖြစ်တာဟာ အုန်းရည်မှာ ဘာဓာတ်တွေ ပါလို့လဲ? လေ့လာကြည့်ရအောင်...



အုန်းရည်မှာ ဘာဓာတ်တွေ ပါဝင်လဲ ❓


🧉​ရေဓါတ်

အုန်းရည်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဓာတ်ဆားနှင့် ရေဓာတ်ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ် 

ဒါ့အပြင်ကယ်လိုရီဓာတ်ပါဝင်မှုနှုန်းလည်း အလွန်နည်းတာကြောင့် သဘာဝရဲ့ အားဖြည့် အချိုရည်လို့ တင်စားရလောက်အောင် အကျိုးထူးလှပါတယ်

အားဖြည့်အချိုရည်တွေဟာ သကြားဓာတ်နဲ့ ဓာတု ပစ္စည်းတွေနဲ့ အရသာ ထပ်မံဖြည့်စွက်ထားတာကြောင့် ပြင်းပြင်းထန်ထန် အားကစားလုပ်ပြီးလို့ ဖြစ်စေ/ချွေးထွက်များလို့ နုံးချိနေလျှင် သဘာဝ မှရတဲ့ အုန်းရည်ကို အစားထိုး သောက်သုံးသင့်ပါတယ်


🧉 Electrolytes

ဆိုဒီယမ် နှင့် ပိုတက်ဆီယမ်ဆိုတဲ့ ဆားဓာတ်ဟာ ဆဲလ်များ အလုပ်လုပ်ရာမှာ အလွန် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်

အုန်းရည်မှာ အဆိုပါ ဆားဓာတ်များဟာ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသက်ကြီးလို့ အစားအစာကောင်းကောင်း မဝင်လို့ ဆားဓာတ်ချို့တဲ့နေတဲ့ သူတွေမှာ သန့်ရှင်းလတ်ဆတ်တဲ့ အုန်းရည်ကို သောက်သုံးခြင်းဖြင့် လိုအပ်တဲ့ ဆားဓာတ်များ ဖြည့်ဆည်းပေးနိုင်ပါတယ်

- ကျောက်ကပ်မကောင်းသူတွေ(ဥပမာ-ကျောက်ကပ်ဆေးနေရသူ)မှာတော့ ဆားဓာတ်များဟာ ပုံမှန်မဟုတ်ဘဲ များနေတတ်တာကြောင့် အုန်းရည်ကို ချင့်ချိန်ပြီးမှ သောက်သုံးသင့်ပါတယ်


🧉Vitamins

အုန်းရည်မှာ Vitamin C ပြည့်ဝစွာ ပါဝင်ပါတယ်။ ပိုလတ်ဆတ်လေ ပိုပြီး ဗီတာမင်ဓာတ်ကြွယ်ဝလေပါ။ ဒါကြောင့် လတ်လတ်ဆတ်ဆတ် ဝယ်ပြီး သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်လှတဲ့ ဗီတာမင်ဓာတ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်


🧉Reduce Fat

ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆီ -ကိုလက်စထရောဓာတ်ကို လျော့ချရာမှာ အုန်းရည်ဟာ  အထောက်အကူပြုပါတယ်


🧉ဝက်ခြံ 

အုန်းရည်ဟာ အရေပြားမှ အဆီထွက်ခြင်းနှင့် မျက်နှာအဆီပြန်ခြင်းကို လျော့ချပေးပါတယ်

ဒါကြောင့် ဝက်ခြံ ကြွနေတဲ့ သူများ အနေနဲ့ အုန်းရည်သောက်သုံးခြင်းဖြင့် မျက်နှာမှာ ရောင်ရမ်းနေတဲ့ ဝက်ခြံဖုများ ထွက်ခြင်းကို သိသိသာသာ လျော့နည်းစေတဲ့ အာနိသင်ကို ရရှိနိုင်ပါတယ်


🧉Anti - Aging 

အုန်းရည်မှာ သဘာဝ ကော်လဂျင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်မှုကို ထောက်ပံ့ပေးတဲ့ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်တာကြောင့်ဆဲလ်များ အသစ်ဖြစ်ခြင်းနှင့် ဆဲလ်များ ပြုပြင်ရာမှာ ထောက်ပံ့ပေးတာကြောင့် အသက်အရွယ် အိုမင်းရင့်ရော်ခြင်းနှင့် အရေးအကြောင်းများ ဖြစ်ခြင်းကို လျှော့ချပေးပါတယ်


🧉Hang over 

အရက်အလွန်အကျွံသောက်ခြင်းကြောင့် ဖြစ်တဲ့ အရက်နာကျခြင်း /အစာအိမ်အောင့်ခြင်းဖြစ်လျှင်လည်း အုန်းရည်သောက်ခြင်းဖြင့် လိုအပ်တဲ့ ဆားဓာတ်တွေဖြည့်စွမ်းပေးပြီး အချိန်တို အတွင်းမှာ နလန်မြန်မြန် ပြန်ထစေနိုင်ပါတယ်


ဒါကြောင့် အချိုရည်​တွေ၊ energy drink တွေထက် လတ်ဆတ်တဲ့  သဘာဝ အားဖြည့် အုန်း​ရည်နဲ့ လန်းဆန်းကြပါစေဗျာ


Sharing Is Caring

ALL FOR HEALTH

Comments

  1. 🥤🥤🥤
    ✊✊✊🍀🍀🍀

    ReplyDelete
  2. အုန်းရည်က သိပ်မချိုလို့ သိပ်မကြိုက်ဘူးဗျ

    ReplyDelete
  3. မအေလိုးမင်းအောင်လှိုင်

    ReplyDelete
  4. 🤩🤩🤩

    ReplyDelete
  5. လတ်ဆတ်တဲ့ သဘာဝ အားဖြည့် အုန်း​ရည်နဲ့ လန်းဆန်းကြပါစေဗျာ

    ReplyDelete
  6. နေ့တိုင်းအုန်းရည်သောက်တော့မယ်

    ReplyDelete
  7. Wheel..........dope.🏹🏹🏹

    ReplyDelete
  8. ကောင်းပါတယ် 😁✌️🍀

    ReplyDelete
  9. အုန်းရည်ကြိုက်တယ်

    ReplyDelete

Post a Comment