History of Chocolate


သင်ဟာ ချောကလက်မရှိတဲ့ဘဝကို စိတ်ကူးမယဉ်နိုင်ရင် 16 ရာစုမတိုင်မီတွင် မမွေးဖွားခဲ့ခြင်းမှာ ကံကောင်းပါတယ်။ ထိုအချိန်အထိ ချောကလက်ဟာ ကျွန်တော်တို့ ခုသိထားတဲ့ ပုံစံနဲ့ အတော်လေးကွာခြားနေခဲ့ပြီး Mesoamerica တွင်သာရှိခဲ့ပါတယ်။ ဘီစီ 1900 လောက်တုန်းက အဲဒီဒေသက လူတွေဟာ ဇာတိရှိ ကိုကိုးအပင်ရဲ့ အစေ့တွေကို လေ့လာပြင်ဆင်တတ်လာကြသည်။ အစောဆုံးမှတ်တမ်းတွေအရ အဖျော်ယမကာကို ဖန်တီးဖို့အတွက် ထိုအစေ့ကို ပြောင်းဖူးမှုန့်နှင့် ငရုတ်သီးမှုန့်တို့ဖြင့် ရောစပ်ကြပေသည် - ချောကလက်ပူပူတစ်ခွက်မဟုတ်ဘဲ အမြှုပ်နဲ့ ရောထားတဲ့ အရသာရှိပြီး ခါးသက်တဲ့ ဖျော်ရည်ဖြစ်သည်။ Cocao(ချောကလက်စေ့)ဟာ Maya မှာ Kukulkan လို့ သိကြပြီး၊ Aztecs မှာ Quetzalcoatl လို့ သိကြတဲ့ အမွေးမြွေနတ်ဘုရားမှ လူသားတွေကို လက်ဆောင်ပေးတဲ့ ကောင်ကင်ဘုံကအစာဟု ယုံကြည်ကြပေသည်။ Aztecs လူမျိုးတွေက cocao စေ့ကို ငွေကြေးအဖြစ် အသုံးပြုကြပြီး တော်ဝင်ပွဲတွေမှာ ချောကလက်သောက်ကြပြီး တိုက်ပွဲမှာ အောင်မြင်မှုအတွက် စစ်သားတွေကို ဆုကြေးအဖြစ် ပေးကာ ထုံးတမ်းစဉ်လာများတွင် အသုံးပြုကြပေသည်။

 

1519 ခုနှစ်မှာ Hernán Cortés က Tenochtitlan ရှိ Moctezuma တရားရုံးသို့ သွားရောက်လည်ပတ်တဲ့အခါ ပထမဆုံး အတ္တလန်တိတ် ချောကလက်နှင့် တွေ့ဆုံခဲ့ပါသည်။ Cortés ၏ ဒုဗိုလ်မှတ်တမ်းအရ ဘုရင်က အချိုရည် ခွက် ၅၀ ကို ထုတ်၍ ရွှေခွက်တွေထဲသို့ သွန်းလောင်းခဲ့ပေသည်။ ကိုလိုနီနယ်ချဲ့သမားများက ထူးဆန်းတဲ့ ထိုချောကလက်အစေ့သစ်တွေကို တင်ပို့ပြီး ပြန်လာကြတဲ့အခါ၊ သာသနာပြုများ၏ အနှစ်သာရရှိတဲ့ ရိုးရာဓလေ့ထုံးတမ်းမှတ်တမ်းတွေက ၎င်းအား ဆေးဝါးအဖြစ် နာမည်ရစေခဲ့ပေသည်။ အစပိုင်းမှာ ၎င်း၏ခါးတဲ့အရသာက ဝမ်းပျက်ဝမ်းလျှောရောဂါများကဲ့သို့ ဝေဒနာတွေအတွက် ဆေးဝါးအဖြစ် သင့်လျော်ပေမယ့်လည်း ၎င်းကို ပျားရည်၊ သကြား သို့မဟုတ် vanilla တို့ဖြင့် ချိုမြိန်စေကာ ချောကလက်ဟာ စပိန်နန်းတွင်း၌ လူကြိုက်များတဲ့ အရသာတစ်ခု ဖြစ်လာခဲ့ပေသည်။ မကြာမီမှာ ချောကလက်မပါဘဲ ဆွေတော်မျိုးတော်များ၏အိမ်ဟာ ပြီးပြည့်စုံသည်ဟု မဟုတ်တော့ပေ။

 

အမ်စတာဒမ်မြို့မှ Coenraad van Houten cocoa press ကို စတင်မိတ်ဆက်ခြင်းဖြင့် ချောကလက်ကမ္ဘာဟာ 1828 ခုနှစ်မှာ ထာဝရပြောင်းလဲလာခဲ့ပေသည်။ Van Houten ၏တီထွင်မှုဟာ cocoa ရဲ့ သဘာဝအဆီ သို့မဟုတ် cocoaထောပတ်ကို ခွဲခြားနိုင်သည်။ ထိုနည်းအားဖြင့် ယနေ့ကျွန်တော်တို့သိကြတဲ့ ချောကလက်အခဲကို ဖန်တီးဖို့အတွက် အမှုန့်ထွက်လာပြီး သောက်သုံးနိုင်တဲ့ အရည်အဖြစ် သို့မဟုတ် cocoaထောပတ်နှင့် ပြန်လည်ပေါင်းစပ်ပြီး အသုံးပြုကြလေသည်။ သိပ်မကြာခင်မှာပဲ Daniel Peter လို့ခေါ်တဲ့ ဆွစ်ဇာလန်ချောကလက်သမားတစ်ယောက်က နို့မှုန့်တွေကို ရောစပ်ပြီး နို့ချောကလက်ကို တီထွင်ခဲ့သည်။

20 ရာစုမှာ ချောကလက်ဟာ ထိပ်တန်း ဇိမ်ခံပစ္စည်း မဟုတ်တော့ဘဲ လူအများအတွက် စားသုံးစရာ ဖြစ်လာခဲ့ပေသည်။ ကြီးမားတဲ့ ၀ယ်လိုအားကို ဖြည့်ဆည်းဖို့အတွက် အီကွေတာအနီးတွင်သာ ပေါက်နိုင်သည့် ကိုကိုးပင်စိုက်ပျိုးမှု ပိုမိုလိုအပ်ပေသည်။ ယခုဆိုလျှင် တောင်အမေရိက ကိုကိုးစိုက်ခင်းများသို့ အာဖရိကကျွန်များကို တင်ပို့ခြင်းအစား၊ ကိုကိုးထုတ်လုပ်မှုကိုယ်တိုင်က အနောက်အာဖရိကသို့ ကူးပြောင်းသွားခဲ့ပြီး 2015 ခုနှစ်အထိ ကမ္ဘာ့ကိုကိုး၏ ငါးပုံတစ်ပုံကို Cote d'Ivoire ပံ့ပိုးပေးခဲ့ပေသည်။

 

စက်မှုလုပ်ငန်း တိုးတက်လာသည်နှင့်အမျှ လူ့အခွင့်အရေးချိုးဖောက်မှုများဟာလည်း ကြောက်မက်ဖွယ်ကောင်းလာပေသည်။ အနောက်တိုင်းကုမ္ပဏီများကို ပံ့ပိုးပေးတဲ့ အနောက်အာဖရိကတစ်ခွင်ရှိ စိုက်ခင်းအများစုမှာ ကျွန်နှင့် ကလေးလုပ်သားများကို အသုံးပြုကြပြီး ကလေးပေါင်း ၂ သန်းကျော် ထိခိုက်ခံရသည်ဟု ခန့်မှန်းရပေသည်။ ကလေးသူငယ်နှင့် အလုပ်သမားအလေ့အကျင့်များကို လျှော့ချရန် အာဖရိကနိုင်ငံများနှင့် ပူးပေါင်းရန် အဓိကချောကလက်ကုမ္ပဏီများမှ ကြိုးပမ်းခဲ့သော်လည်း ယင်းမှာ ရှုပ်ထွေးသည့် ပြဿနာတစ်ခုဖြစ်နေပေသည်။

 

ယနေ့ခေတ် ကျွန်တော်တို့၏ ခေတ်သစ်ယဉ်ကျေးမှုဓလေ့ထုံးတမ်းများမှာ ချောကလက်ဟာ တည်ရှိနေပေသည်။ ၎င်း၏ ကိုလိုနီခေတ် ရိုးရာယဉ်ကျေးမှုများအပြင် ကြော်ငြာ၏စွမ်းအားပါ ပေါင်းစပ်ထားတဲ့ကြောင့် ချောကလက်ဟာ ကာမဂုဏ်၊ သရုပ်ပျက် နှင့် တားမြစ်ထားတဲ့ အရာတစ်ခု၏ အရိပ်အာဝါသကို ထိန်းသိမ်းထားပေသည်။ သို့သော် ၎င်း၏ စွဲမက်ဖွယ်ကောင်းပြီး ရက်စက်လေ့ရှိသည့် သမိုင်းကြောင်းအပြင် ယနေ့ ထုတ်လုပ်မှုများအကြောင်း ပိုမိုသိရှိခြင်းက ဤအသင်းအဖွဲ့များ မည်သည့်နေရာက စတင်ပြီး မည်သည့်နေရာမှာ ၎င်းတို့ ပုန်းအောင်းနေကြသည်ကို ပြောပြနေပေသည်။

 


Comments

Post a Comment