Stray kids



ဒီနေ့ကတော့ ယခုလက်ရှိ အောင်မြင်ကျော်ကြားဆုံး 4th generation kpop အဖွဲ့တွေထဲက တစ်ဖွဲ့အပါအဝင်ဖြစ်တဲ့ "Stray Kids" အဖွဲ့ရဲ့  စတင်ပွဲဦးထွက်ခဲ့ပြီး အနုပညာလောကထဲ လျှောက်လှမ်းလာခဲ့တာ ( ၄ )နှစ်မြောက်ပြည့်တဲ့နေ့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့  4th Debut Anniversary ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မှာ "Stray Kids" အဖွဲ့ရဲ့ အကြောင်းစုံကို အသေးစိတ် တင်ဆက်ပေးထားပါတယ်

ပထမဆုံးအနေနဲ့ "Stray Kids" အဖွဲ့ဟာ အခြားအဖွဲ့တွေလို ကုမ္ပဏီက ပွဲဦးထွက်ဖို့ သင့်တော်တဲ့သူတွေကို ရွေးပြီး ဖွဲ့စည်းပေးထားတဲ့ အဖွဲ့မျိုး မဟုတ်ပါဘူး။ JYP Entertainment မှာ Training ဆင်းလာခဲ့တာ ( ၇ )နှစ် ရှိပြီဖြစ်တဲ့ Bang Chan ( group leader )ဆိုသူက ကုမ္ပဏီရှိ Trainees တွေထဲက သူ့စိတ်ကြိုက် အရည်အချင်းရှိတဲ့သူတွေကို  သူကိုယ်တိုင် ရွေးချယ်ပြီး ဖွဲ့စည်းထားတဲ့ ( ၉ )ယောက် အဖွဲ့ပဲ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ သူတို့ဟာ ပွဲဦးထွက်ရန် အရည်အချင်းရှိကြောင်း JYP CEOကို သက်သေပြဖို့ 2017ခုနှစ် "Stray Kids" Reality Show တလျှောက်မှာ missions တွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်ခဲ့ရပြီး၊ အဖွဲ့ဝင်( ၂ )ယောက်လည်း ခေတ္တ ထုတ်ပယ်ခံရပြီး နောက်ဆုံးမှာတော့ အဖွဲ့ဝင်အပြည့်အစုံ ( ၉ )ယောက်ပါတဲ့ အဖွဲ့အနေနဲ့ပဲ ပွဲဦးထွက်ခွင့် ရခဲ့ပါတယ်✨

 


အမှန်တော့ "Stray Kids" အဖွဲ့ မဖွဲ့စည်းသေးမီကတည်းက Bang Chan( CB97 ), Changbin( SPAREB ), Han( J.One ) စတဲ့ အဖွဲ့ဝင်သုံးယောက်က သူတို့ကိုယ်တိုင် သီချင်းစာသားရေး၊ သီချင်းထုတ်လုပ်တဲ့ "3racha" ဆိုတဲ့ အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲဦးမထွက်မီ ထို reality show တလျှောက်မှာရော၊ ပွဲဦးထွက်ပြီး ယနေ့ချိန်ထိ သူတို့သီချင်းတွေအားလုံးကို "3racha" ကပဲ ပင်တိုင်စံရေးသားထုတ်လုပ်ခဲ့ပြီး သူတို့သုံးယောက်ဟာ "Stray Kids" အဖွဲ့ရဲ့  music producer team လည်း ဖြစ်ပါတယ်✨

 

2018ခုနှစ် မတ်လ( 25 )ရက်နေ့မှာတော့ title track "District9" နဲ့ “I Am Not" ဆိုတဲ့ albumနဲ့အတူ တရားဝင်ပွဲဦးထွက်ခဲ့ပါတယ်။ ထို့နောက် 2018 တလျှောက် I am series ဖြစ်တဲ့ "I Am Not", "I Am Who", "I Am Who" albums တို့ကို ဆက်တိုက်ထုတ်လွှင့်ခဲ့ပါတယ်✨

 

"Stray Kids" ဟာ အာရှ-ပစိဖိတ်ဒေသတွေမှာ "I Am…" Unveil Tour ကို လှည့်လည်ကျင်းပခဲ့ပြီး 2019ခုနှစ်ကို စတင်ခဲ့ပါတယ်။ ထို့နောက်မှာတော့ Cle series တွေ ဖြစ်တဲ့ "Cle 1 : Miroh", "Cle 2 : Yellow Wood" albums တို့ကို ထုတ်ဝေခဲ့ပါတယ်။ ထို Cle series ရဲ့ နောက်ဆုံးဖြစ်တဲ့ "Cle : Levanter" album မထွက်မီမှာ အဖွဲ့ဝင် Woojin က ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အဖွဲ့မှ ထွက်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထိုအချိန်ကစပြီး "Stray Kids" ဟာ အဖွဲ့ဝင်( ၈ )ဦးနဲ့ပဲ ရှေ့ဆက်ခဲ့ရပါတယ်✨

 


2020ခုနှစ်မှာတော့ SKZ2020 albumနဲ့ Japanese Debutခဲ့ပါတယ်။ ထို့နောက်မှာတော့ သူတို့အဖွဲ့အတွက် အရမ်းကို အောင်မြင်ကျော်ကြားပေါက်ရောက်ခဲ့တဲ့ title track တွေဖြစ်တဲ့ "God’s Menu" နဲ့ "Back Door" တို့ ပါဝင်ထားတဲ့ first full album "Go Live" နဲ့ first repackaged album "In Life" တို့ ထွက်ရှိခဲ့ပါတယ်✨

 


2021ခုနှစ်မှာတော့ နာမည်ကြီး kpop boy groups ( ၆ )ဖွဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကြရတဲ့ reality, survival tv program တစ်ခုဖြစ်တဲ့ "Kingdom : Legendary War" တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ ထို့နောက်မှာ title track "Thunderous" နဲ့ second full album "Noeasy" ကို ထုတ်‌ဝေခဲ့ပြီး ထို album နဲ့ပင် 1.2 million sales ဖြင့် 4th generation kpop groups တွေထဲမှာ best selling kpop group ဖြစ်လာခဲ့ပါတယ်။ ထို့နောက်မှာတော့ "Christmas Evel" အမည်ရှိ Christmas-themed “special holiday” single albumကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်✨

 

ယခုလက်ရှိ 2022ခုနှစ်မှာတော့ မကြာသေးမီကပဲ ခုလ မတ်လ( 18 )ရက်နေ့က title track "MANIC" နဲ့အတူ "Oddinary" ဆိုတဲ့ mini album နဲ့ comeback ခဲ့ပါတယ်။ ယခု album မှာလည်း pre-orders နဲ့တင် 1.3 million sales ကျော်ခဲ့ပြီး 4th generation kpop groups တွေထဲ best selling kpop group အပြင် pre-orderနဲ့တင် 1.3 million sales ရရှိခဲ့တဲ့ ပထမဆုံးသော 4th generation kpop group ဖြစ်လာခဲ့ပါတယ်✨

 

တစ်နှစ်ပြီး တစ်နှစ် ပိုပိုမိုက်လာပြီး၊ အသစ် အသစ်သော records တွေကို စံချိန်ချိုးနေတဲ့ အရည်အချင်း၊ စွမ်းအင်တွေအပြည့်နဲ့ self-composed, self-produced အဖွဲ့ပဲ ဖြစ်ပါတယ်။ ယခုဆို ( ၄ )နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး နောက်နှစ်ပေါင်းများစွာတိုင်အောင် ကြာသည်အထိလည်း အမိုက်စား သီချင်းတွေ၊ performances တွေကို အတူတူ ခံစားစောင့်ကြည့်ချင်ပါတယ် “ Stray Kids “ ရေ…❣️

Happy 4th  Debut Anniversary of Stray Kids🥳❣️

 

MANIAC - https://youtu.be/OvioeS1ZZ7o

Thunderous - https://youtu.be/EaswWiwMVs8

Back Door - https://youtu.be/X-uJtV8ScYk

God's Menu - https://youtu.be/TQTlCHxyuu8

Miroh - https://youtu.be/Dab4EENTW5I


 

 


Comments

Post a Comment