The Anatomy Lesson of Dr.Nicolaes Tulp (Rembrandt)
The Anatomy Lesson of Dr. Nicolaes Tulp (Rembrandt)
Dr. Nocolaes Tulp ဟာ Dutch လူမျိုး Surgeon တစ်ဦးဖြစ်ပါတယ်။ သူက အခြား ဆရာဝန်တွေကို လူရဲ့ကြွက်သားဖွဲ့စည်းပုံအကြောင်း ခန္ဓာဗေဒဆိုင်ရာအကြောင်းအရာတွေကို ရှင်းပြနေတဲ့မြင်ကွင်းကို Dutch ပန်းချီဆရာ Rembrandt (1606-1669) မှတ်တမ်းတင်ရေးဆွဲထားတာပါ။ ဒီပန်းချီကားကို 1632 ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး 85"×66" ရှိတဲ့ Real size ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။
ခန္ဓာဗေဒ လက်ချာကို Theater ထဲမှာပြုလုပ်နေတာဖြစ်ပြီး 17 ရာစုကာလတွေမှာတော့ ဒီလို လက်ချာတွေဟာ စိတ်လှုပ်ရှားဖွယ်၊ စိတ်ဝင်စားဖွယ် Social event တွေဖြစ်ခဲ့ပါတယ်။ အဲဒီခေတ်အခါက Dutch Surgeon များအသင်းဟာ 5 နှစ်တစ်ကြိမ်ခန့် မှတ်တမ်းပန်းချီရေးဆွဲဖို့ စီစဉ်လေ့ရှိပါတယ်။ 1632 ခုနှစ်အတွက်တော့ Rembrandt ကိုအပ်ခဲ့တာပါ။ အဲဒီအချိန်မှာ Rembrandt ဟာ 26 နှစ်ပဲရှိပါသေးတယ်။
ပန်းချီကားထဲကပုဂ္ဂိုလ်များဟာ ဒီလိုမှတ်တမ်းပန်းချီကားထဲမှာပါဝင်ခွင့်ရဖို့ အသင်းကို အခကြေးငွေပေးဆောင်ရတယ်လို့ဆိုပါတယ်။ Dr Tulp ရဲ့ ပေးသွင်းရငွေက အခြားသူတွေထက် ပိုများတယ်လို့လဲဆိုပါတယ်။ ပုံထဲမှာပါတဲ့ ခန္ဓာကိုယ်ကတော့ လက်ချာမတိုင်မီကမှ လောလောလတ်လတ်ကြိုးပေးကွပ်မျက်ခြင်းခံရတဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်ပါတယ်။ ပုံကိုကြည့်ရင် Dr Tulp ဟာ အလောင်းရဲ့ ဘယ်လက်က ကြွက်သားတွေကို ညှပ်နဲ့ဆွဲမကာ ရှင်းပြနေတာကိုတွေ့ရပါတယ်။ ကြွက်သားတွေကို Rembrandt ပုံဖေါ်ထားမှုဟာ ခန္ဓာဗေဒတည်ဆောက်ပုံအတိုင်း အသေးစိတ်ကျလွန်းတဲ့အတွက် အံ့ဩကြရပါတယ်။ ဒီပန်းချီကားကို နယ်သာလန်နိုင်ငံ The Hague မြို့က Mauritshuis ပြတိုက်မှာထိန်းသိမ်းထားရှိပါတယ်။
Thanks မင်မင်
ReplyDeleteNEVER COLD BLOODED
ReplyDeleteThanks 🍀✌️
ReplyDeleteBts
ReplyDeleteClick
ReplyDelete'Viva la revolution'
ReplyDelete💕
ReplyDeleteDone
ReplyDeleteDone
ReplyDelete