Vocab 27
Click and Learn (Vocabulary)
Part – 27
Juggernaut - / ˈdʒʌɡənɔːt / - Noun
ဒီနေ့တော့ ဘယ်တော့မှပြန်မလှည့်မဲ့ ကိစ္စလေးကိုပြောရအောင်။ (အဲလဲ့.. ကြီးကြီးကျယ်ကျယ်)။ စတာပါ။ ကျွန်တော်တို့ တော်လှန်ရေးစတုန်းက ကြွေးကြော်ခဲ့တာ မှတ်မိတယ်ဟုတ်။ အမှန်တရားကိုရရင်ရ ပြန်မရရင် အဆုံးထိသွားမှာပါဆိုတာ။ တစ်ခုခုကို မရမချင်း တဟုန်ထိုးသွားတဲ့အရာ ၊ ဦးတည်ရာမရောက်မချင်း ဘယ်လိုအတားအဆီးရှိရှိ တိုက်ဖျက်သွားနိုင်အောင် အင်အားကြီးတဲ့ လှုပ်ရှားမှု/အစုအဖွဲ့ကို ဘယ်လိုခေါ်လဲ ဒီနေ့ လေ့လာကြပါမယ်။ (သေချာတာကတော့ ကောက်ရိုးမီးလို့ မခေါ်ဘူး 😒😒)
English – a huge, powerful, and overwhelming force/ a massive inexorable force, campaign, movement, or object that crushes whatever is in its path
မြန်မာ - လွန်စွာခွန်အားကြီးသော အင်အား ၊ သူ့၏လမ်းတစ်လျှောက်မည်သည့်အရာကိုမျှမဆို တိုက်ဖျက်နိုင်လောက်အောင် အင်အားကြီးသည့် လှုပ်ရှားမှု/အင်အား/ယန္တရား။
British မှာတော့ Truck ကားအကြီးကြီး (အတွဲအဆက်အရှည်ကြီးနဲ့ ၁၂ ဘီး ၁၆ ဘီးလို Truck ကားမျိုး) တွေကိုလည်း Juggernaut လို့ သုံးပါသတဲ့။
ဥပမာ
CDM movement was a crucial political juggernaut for spring revolution.
CDM လှုပ်ရှားမှုဟာ နွေဦးတော်လှန်ရေးရဲ့ သိပ်အရေးပါတဲ့ ရပ်တံ့လို့မရတဲ့ ယန္တရားကြီးတစ်ခုဖြစ်ခဲ့တာပေါ့ကွာ။
Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေးတာမို့ အမှားပါခဲ့ရင် ပြုပြင်ပေးခဲ့ကြပါဗျာ။
LWINT
Done
ReplyDeleteDone 💪
ReplyDeleteThanks 🍀
ReplyDeletedone
ReplyDeleteDone❤
ReplyDelete