Vocab 28

 Click and Learn (Vocabulary)

Part – 28


Intemperate - /ɪnˈtɛmp(ə)rət/ - Adjective

နောက်ထပ် personality ကိုပြတဲ့ adjective လေးတစ်ခုပါ။ out of control ဖြစ်ပြီး ဒေါသတွေထွက် တရှူး ရှူး တရှဲရှဲ ဒေါသထွက်တဲ့ အမူအယာမျိုးကို ဖော်ညွှန်းတဲ့အခါ သုံးပါတယ်။ ဒါ့အပြင် သိပ်ပြင်းထန်လွန်းတဲ့ ရာသီဥတုမျိုးကို ညွှန်းဆိုတဲ့အခါလည်း သုံးကြတဲ့ adjective လေးပါ။


English – having or showing a lack of emotional calmness or self-control; immoderate/ Having extreme conditions

မြန်မာ - ထိန်းမနိုင် သိမ်းမရ ပြုမူသော ၊ ထိန်းသိမ်းရခက်ခဲသော ၊ အလွန်ပြင်းထန်သော


ဥပမာ

We cannot survive in that intemperate climates of the moon.

လပေါ်က သိပ်ပြင်းထန်တဲ့ရာသီဥတုမှာ ငါတို့ရှင်သန်ဖို့မဖြစ်နိုင်ဘူး။

She apologized for her intemperate rant against me.

သူမ ထိန်းမနိုင်သိမ်းမရ ပြောဆိုသောင်းကျန်းခဲ့တာအတွက် ကျွန်တော့်ကို လာတောင်းပန်သွားပါတယ်။


Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေးတာမို့ အမှားပါခဲ့ရင် ပြုပြင်ပေးခဲ့ကြပါဗျာ။




LWINT

Comments

Post a Comment