Vocab 29

 Click and Learn (Vocabulary)

Part 29

Quip - / kwɪp/ - Noun/Verb

ကျွန်တော်တို့တွေ ကိစ္စတစ်ခုခုကို ရီစရာရှုထောင့်တစ်ခုခုကနေကြည့်ပြီး ပြောတာမျိုးကို အသောအနှောလေးတွေနဲ့ ပြောတယ်လို့ သုံးလေ့ရှိတယ်မို့လား။ ဥပမာ “ငါမနက်တုန်းက ငှက်ပျောသီးနင်းမိတာကွာ။ လျှောကနဲချော်လဲတာ စကိတ်စီးသွားတာကျနေတာပဲ” ဆိုတာမျိုး ကိစ္စတစ်ခုခုကို ဟာသဘက်ကနေကြည့်ပြီး ပြောဆိုတာ မှတ်ချက်ပေးတာ အသောအနှောလေးတွေထဲ့တာမျိုးကို English လို ဘယ်လိုခေါ်လဲသိလား။

English Meaning – a clever/witty/funny observation or response or remark (Noun)

  • Make a witty remark

မြန်မာပြန် - အသောအနှော/ဟာသစွက်၍ပြောဆိုသောစကား (နာမ်) သို့မဟုတ် ဟာသစွက်၍ ပြောဆိုသည်။


ဥပမာ - 

We traded quips over a beer.

ငါတို့တွေ ဘီယာသောက်ရင်း ရယ်စရာမောစရာလေးတွေ ပြောဖြစ်ခဲ့ကြတယ်။

“Flattery will get you nowhere”, she quipped.

ရှက်နေလို့တော့ ဘာမှဖြစ်မလာဘူးနော်လို့ သူမ ဟာသဖောက်လိုက်တယ်။


ကဲ.. စိတ်ညစ်စရာတွေကြား Click လိုက် quip လိုက်နဲ့ တော်လှန်ရေးလုပ်ကြတာပေါ့ဗျာ 😁😁

Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေးတာမို့ အမှားပါခဲ့ရင် ပြုပြင်ပေးခဲ့ကြပါဗျာ။


LWINT

Comments

  1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete
  2. အရေးတော်ပုံအောင်ရမည် ငါလိုးမ မင်းအောင်လှိုင် အမြန်ကျဆုံးပါစေ

    ReplyDelete

Post a Comment