Vocab 31
Click and Learn (Vocabulary)
Part 31
Ziggurat - / ˈzɪɡʊrat/- Noun
31st day ဆိုတာ တစ်လရှိပြီပေါ့လေ။ တစ်နေ့ တစ်လုံးနဲ့ တစ်ဆင့်ချင်းလာလိုက်တာ vocab 31 လုံး ရသွားပြီ........... လို့.....ထင်လား 🤣🤣 ခင်ဗျားတို့တော့မသိ။ ကျွန်တော်တော့ ပြန်ကြည့်လိုက် မေ့လိုက် သတိမရလိုက်နဲ့ vocab တွေ dictionary ထဲပြန်ကုန်ပြီ။ ကောင်းပါတယ်.. တော်နေကြာ dictionary ထဲက စာလုံးတွေအကုန် ကျွန်တော့်ဦးနှောက်ထဲရောက်နေရင် ခင်ဗျားတို့အတွက်မကျန်မှာစိုးတော့ အနစ်နာခံပြီး မေ့ပေးလိုက်ပါ့မယ်လေ ဟိဟိ။ စတာပါ... ဒီနေ့စကားလုံးလေးက ရှေးဟောင်းကျောင်းဆောင်တွေ အထူးသဖြင့် လှေကားအဆင့်ဆင့် အထပ်အဆင့်ဆင့်နဲ့ ခမ်းခမ်းနားနားဆောက်ထားတဲ့ မက်ဆိုပိုတေးမီးယန်းခေတ်က နတ်နန်းတွေ ကျောင်းဆောင်တွေကို ခေါ်တဲ့စကား။ အခုခေတ်မှာတော့ အခုလို တစ်ခုချင်း တစ်ဆင့်ချင်း step by step လေ့လာရတဲ့ အဆင့်အထပ်ထပ်နဲ့ကိစ္စတွေကို တင်စားတဲ့စကားလုံးအဖြစ်လည်း သုံးကြရဲ့။
English – (in ancient Mesopotamia) a rectangular stepped tower, sometimes surmounted by a temple. Ziggurats are first attested in the late 3rd millennium BC and probably inspired the biblical story of the Tower of Babel
မြန်မာ - အဆင့်ဆင့်အထပ်ထပ်နဲ့ ဖွဲ့တည်ထားတဲ့ ကျောင်းဆောင် ဆိုပါတော့။ မြန်မာလိုတင်စားရင် ဟေ့ကောင် မင့်အစီအစဉ်တွေကလည်းကွာ အာလိန်ငါးဆင့်လောက် ပတ်နေရတာ များလိုက်တာ ဆိုတာမျိုးပေါ့။
ဥပမာ -
The Tourists stared with awe at the ancient ziggurat.
ကမ္ဘာလှည့်ခရီးသွားတွေဟာ ရှေးဟောင်းကျောင်းဆောင်ကြီးကို အံ့အားသင့်စွာနဲ့ ငေးကြည့်လိုက်ကြတယ်။
Yes, the way to freedom is a ziggurat with many steps to our goal.
အေး.. လွတ်မြောက်ခြင်းအတွက် လမ်းစဉ်ဆိုတာ လိုရာရောက်ဖို့ အဆင့်ဆင့် အထပ်ထပ်အများကြီးဖြတ်ရမှာကွ။
Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေးတာမို့ အမှားပါခဲ့ရင် ပြုပြင်ပေးခဲ့ကြပါဗျာ။
LWINT
အကုန်မမှတ်မိ
ReplyDeleteခဏနေမေ့ရော
နောက်နေ့ပြန်မြင်တော့
ပြန်သတိရနဲ့ ... လည်နေရော 😅
✌️✌️✌️🍀🍀🍀
အသစ်မှတ်လိုက်
ReplyDeleteအဟောင်းမေ့လိုက်ပါပဲလို့
ဘာနေနေ ကျေးဇူးပါမင်မင်တို့ရေ့ 💪
ကျေးဇူးတင်ပါတယ် မင်မင်ရေ။
ReplyDelete👌👌👌
ReplyDeleteDone
ReplyDelete