Vocab 32

 Click and Learn (Vocabulary)

Part – 32

Myopic - / mʌɪˈɒpɪk /- Adjective

ဒီနေ့တော့ နှစ်မျိုးသုံးလို့ရတဲ့ နာမဝိသေသနလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ တကယ့်ကို မျက်စိမှုန်လို့ အဝေးကိုမမြင်ရတဲ့ အဝေးမှုန်လူတွေကို ရည်ညွှန်းဖို့သုံးလို့ရသလို ရေရှည်ကိုမကြည့်တတ်ဘဲ ရေတိုအသိနဲ့ အမြင်ကျဉ်းတာကိုဖော်ပြဖို့လဲသုံးလို့ရတဲ့ Adjective လေးပါ။

English – short-sighted or lacking foresight or intellectual insight

မြန်မာ - အဝေးမှုန်သော သို့မဟုတ် အမြင်ကျဉ်းမြောင်းသော လို့ပြောလို့ရပါတယ်။


ဥပမာ-

Most myopic children can be fitted with glasses to correct their vision.

အဝေးမှုန်တဲ့ ကလေးတွေကို မျက်မှန်တပ်ပေးပြီး အမြင်ပြန်အဆင်ပြေအောင် လုပ်လို့ရပါတယ်။

Mayor’s bicycle cup on 2:00PM Feb 1 against the silent strike is really a myopic move.

အသံတိတ်သပိတ်ကို ကဖျက်ယဖျက်လုပ်ဖို့ ဖေဖော်ဝါရီ ၁ ရက် နေ့လည် ၂ နာရီမှာလုပ်မဲ့ မြို့တော်ဝန်ဖလားစက်ဘီးပြိင်ပွဲအစီအစဉ်ဟာ အတော်အမြင်ကျဉ်းတဲ့လုပ်ရပ်ပေါ့ဗျာ။


derring

Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေးတာမို့ အမှားပါခဲ့ရင် ပြုပြင်ပေးခဲ့ကြပါဗျာ။


LWINT

Comments


  1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete

Post a Comment