Vocab 33
Click and Learn (Vocabulary)
Part – 33
Career- / kəˈrɪə /- Noun/Verb
ဟာ ဒီကောင်တော့ ရေးစရာမရှိတော့လို့ ဂျင်းပြီ။ Career ဆိုတာ ကလေးကအစသိတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကိုပြောတာဆိုတာ သူငယ်တန်းကလေးသွားမေးတောင် သိသေး လို့ ထင်နေပြီလား။ ဟီးဟီး။ ဒီနေ့ မိတ်ဆက်ပေးချင်တာ သူ့ရဲ့ တြိယာအနေနဲ့သုံးတဲ့ အသုံးလေးပါ။ ကျွန်တော်တို့က နာမ်အဖြစ် အလုပ်အကိုင်လို့သိထားတာများပေမဲ့ တြိယာအနေနဲ့ အထိန်းအကွပ်မဲ့လှုပ်ရှားသည် အမြန်သွားသည်ဆိုတဲ့ တြိယာအသုံးလေးနဲ့ မိတ်ဆက်ပေးပါမယ်။
English - an occupation undertaken for a significant period of a person's life and with opportunities for progress. (Noun)
- move swiftly and in an uncontrolled way or to go at top speed in a headlong manner (verb)
မြန်မာ - နာမ်ကိုတော့ ဘာသာပြန်မပေးတော့ဘူးနော်။ တြိယာအနေနဲ့က အထိန်းအကွပ်မဲ့ အရှိန်ဖြင့်သွားသည် ဒါမှမဟုတ် ခေါင်းတည်၍/ဦးစိုက်၍အမြန်သွားသည် သို့ ပြောလို့ရပါတယ်။
အပိုအနေနဲ့ တစ်တွဲထဲမိတ်ဆက်ပေးရရင် In full career သို့မဟုတ် at full career လို့ အတွဲလိုက်သုံးတတ်ပါသတဲ့။
ဥပမာ
The trumpets sounded, and the knights charged each other in full career.
တံပိုးမှုတ်သံထွက်လာတာနဲ့ စစ်သူကြီးတွေဟာ တိုက်ခိုက်ဖို့ ခေါင်းထိုးပြီးပြေးလာကြတော့တာပါပဲ။
Take care dude, the road is slippery. Your car might career off the road.
သတိထား သားကြီးရ။ လမ်းတွေက ချော်နေတာ။ မင်းကား ထိမ်းမနိုင်သိမ်းမရလမ်းဘေးထိုးဆင်းသွားမှဖြင့်။
Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေးတာမို့ အမှားပါခဲ့ရင် ပြုပြင်ပေးခဲ့ကြပါဗျာ။
LWINT
Done 💪
ReplyDeleteDone
ReplyDeleteNEVER COLD BLOODED
ReplyDeleteDone
ReplyDeleteNEVER COLD BLOODED
ReplyDelete✌️✌️✌️🍀🍀🍀
ReplyDeleteDone
ReplyDeletedone
ReplyDeleteBts
ReplyDeleteDone
ReplyDeletedone
ReplyDeleteDone
ReplyDeletedone
ReplyDelete