Vocab 34
Click and Learn (Vocabulary)
Part – 34
Factoid - / ˈfaktɔɪd / - Noun
ဒီနေ့လည်း အဓိပ္ပာယ်နှစ်ခွထွက်တဲ့ နောက်ထပ်စာလုံးလေးတစ်လုံးကို လေ့လာကြရအောင်ပါ။ သိပ်အရေးမကြီးလှတဲ့ အကျဉ်းချုပ်အချက်အလက်လေးတွေလို့လည်း သုံးသလို တကယ့်လက်တွေ့မှာ မမှန်ပေမဲ့ လူတွေအပြောများလို့ တကယ်လိုထင်လာပြီး အမှန်လိုဖြစ်လာတဲ့ကိစ္စမျိုးတွေကို ရည်ညွှန်းဖို့လည်း သုံးလို့ရပါတယ်။ (ဥပမာ ဖြူဖြူထွေးကို အနုပညာရှင်လို့ ရေးကြရင်း မီဒီယာတွေမှာကအစ အနုပညာရှင်လို့ ဖော်ပြလာကြသလိုမျိုးကိစ္စပေါ့လေ)
English – a brief or trivial item of news or information. Or an item of unreliable information that is reported and repeated so often that it becomes accepted as fact.
မြန်မာ - အကျဉ်းချုပ် (သို့) ပုံမှန် သတင်းအချက်အလက် ၊ အမှန်မဟုတ်သော်လည်း သုံးဖန်များကြားဖန်များ၍ အမှန်ကဲ့သို့လက်ခံလာကြသော အချက်အလက် လို့ပြောလို့ရပါတယ်။
A brief or trivial item of news or information ဆိုတဲ့ အဓိပ္ပာယ်က မြောက်အမေရိကဘက်မှာ ပိုသုံးကြပါသတဲ့။
ဥပမာ
On the back of this note, there is a chart showing the general statistics with one or two factoids about our income.
ဒီမှတ်တမ်းလေးရဲ့ကျောဘက်မှာ အကြမ်းဖျဉ်း ကိန်းဂဏန်းလေးတွေနဲ့ ကျွန်တော်တို့ရဲ့ဝင်ငွေအချက်အလက်လေးတွေကို အကျဉ်းချုပ်ထားပေးတဲ့ ဇယားလေးတစ်ခုရှိပါတယ်ဗျ။
He addressed the facts and factoids which have buttressed the film’s legend.
ရုပ်ရှင်ရဲ့ဒဏ္ဍာရီကို ကျားကန်ပေးနေတဲ့ အချက်အလက်တွေ ၊ အမှားကြာလို့အမှန်ဖြစ်လာတဲ့ ကိစ္စတွေအကြောင်း သူပြောသွားတာပါ။
Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေးတာမို့ အမှားပါခဲ့ရင် ပြုပြင်ပေးခဲ့ကြပါဗျာ။
LWINT
Done 💪
ReplyDelete“ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”
ReplyDelete*** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***
~ There are no unsuccessful things which are done with strong desire and effort ~
Thanks မင်မင်။
ReplyDeleteDone✌️✌️🍀🍀
ReplyDeleteDone
ReplyDeleteDone
ReplyDelete