Vocab 35

 Click and Learn (Vocabulary)

Part – 35


Ostracize - /ˈɒstrəsʌɪz/ - Verb

ကဲ ဒီနေ့တော့ Non CDM တွေ စခတွေ ဘောမတွေကို ကျွန်တော်တို့လုပ်သင့်တဲ့ လုပ်လည်းလုပ်နေတဲ့ (အားမနာတမ်းပြောရရင် လုပ်သာလုပ်နေပမဲ့ မထိရောက်တဲ့ကိစ္စဗျ 😢😢)။ Social Punishment လုပ်သလို အသိုင်းအဝိုင်းတစ်ခုကနေ ဖယ်ထုတ်လိုက် ကြဉ်ပစ်လိုက်တဲ့ လုပ်ရပ်မျိုးကို Ostracize လုပ်တယ်လို့ ခေါ်ပါတယ်။ ရှေးခေတ်ဂရိအသုံးအနှုန်းအရတော့ နယ်နှင်ဒဏ်/ပြည်နှင်ဒဏ်ပေးတာကို သုံးခဲ့ပါသတဲ့။


English – exclude from a society or group.

(in ancient Greece) banish (an unpopular or overly powerful citizen) from a city for five or ten years by popular vote.

မြန်မာ - လူ့အသိုင်းမှ ဖယ်ကြဉ်သည် ၊ လူထုဆန္ဒ/အများဆန္ဒဖြင့် ပြည်နှင်ဒဏ်/နယ်နှင်ဒဏ်ပေးသည် တဲ့။


ဥပမာ

We must ostracize non-CDM traitors.

CDM မလုပ်တဲ့ Non သစ္စာဖောက်တွေကို ကြဉ်ဖယ်ထားရမှာပါ။

She was declared a witch and ostracized by the villagers.

သူ့ကို စုန်းမလို့သမုတ်ပြီး ရွာသားတွေက ဖယ်ကြဉ်နှင်ထုတ်လိုက်ကြပါတယ်။


Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေးတာမို့ အမှားပါခဲ့ရင် ပြုပြင်ပေးခဲ့ကြပါဗျာ။


LWINT

Comments


  1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete
  2. အရေးတော်ပုံကြီးအောင်မြင်ပြီးသွားလည်း 🐕‌ေတွကိုအမြဲတမ်းboycottလုပ်သွားမှာ

    ReplyDelete
  3. yessssssssssssssss......done

    ReplyDelete

Post a Comment