Xiumin
EXO အဖွဲ့ရဲ့ အကြီးဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အမည်ရင်း- Kim Min Seok, stage name- Xiumin ဟာ 1990ခုနှစ် မတ်လ( 26 )နေ့တွင် ဆိုးလ်မှာ မွေးဖွားခဲ့ပြီး Gyeonggi ပြည်နယ်၊ Gyuri တွင် ကြီးပြင်းခဲ့ပါတယ်✨
2008ခုနှစ်တွင် Xiumin ဟာ SM Everysing Contest မှာ ဒုတိယနေရာကို ရရှိခဲ့ပြီးနောက်ပိုင်းတွင် SM Entertainment ရဲ့ Casting System မှတစ်ဆင့် သင်တန်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်✨
Xiumin ကို 2012ခုနှစ် ဇန်နဝါရီလမှာ EXO အဖွဲ့ရဲ့ သတ္တမမြောက်အဖွဲ့ဝင်အဖြစ် စတင်ကြေညာမိတ်ဆက်ခဲ့ပါတယ်။ ထို့နောက် EXO အဖွဲ့ဟာ 2012ခုနှစ် ဧပြီလ( 8 )ရက်နေ့မှာ ပွဲဦးထွက်ခဲ့ပါတယ်။ 2013ခုနှစ်မှာ ယခု Lovelyz အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် Jin ရဲ့ “Gone” music video တွင် မင်းသမီး Kim Yoo-jung နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်✨
2015ခုနှစ် ဇန်နဝါရီလမှာတော့ Xiumin ဟာ SM Entertainment ဂီတကျောင်း OZ တွင် Changmin, Key, Luna, Suho နှင့် Seulgi တို့နှင့်အတူ Aquila ၏ ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဂီတပြဇာတ်လောကမှာ စတင်ပွဲဦးထွက်ခဲ့ပါတယ်။ 2015ခုနှစ် အောက်တိုဘာလတွင် သူဟာ web drama; Falling for Challenge တွင် မင်းသမီး Kim So-eun ရဲ့ ဆန့်ကျင်ဘက်အခန်းကဏ္ဍမှ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ထို web drama ရဲ့ တေးသွားအဖြစ် "You Are the One" အမည်ရှိ သူ၏ပထမဆုံးတစ်ကိုယ်တော်သီချင်းကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။ Falling for Challenge ဟာ 2015ခုနှစ်အတွင်း တောင်ကိုရီးယားမှာ ကြည့်ရှုမှုနှုန်းအများဆုံး web drama ဖြစ်ပြီး( 17 )ရက်အကြာတွင် ကြည့်ရှုသူ သန်း( 20 )ရှိခဲ့ပါတယ်✨
2016ခုနှစ် ဖေဖော်ဝါရီလမှာ Xiumin ဟာ AOA အဖွဲ့ဝင် Jimin ရဲ့ တစ်ကိုယ်တော် single "Call You Bae" တွင် featuring အနေနဲ့ ပါဝင်သီဆိုသရုပ်ဆောင်ခဲ့ပါတယ်။ 2016ခုနှစ် ဇူလိုင်လမှာတော့ တောင်ကိုးရီးယားရုပ်ရှင် Seondal: The Man Who Sells the River တွင် Yoo Seung-ho နှင့်အတူ ၎င်း၏ ပွဲဦးထွက်ပွဲကြီးကို ပြသခဲ့ပါတယ်။ 2016ခုနှစ် သြဂုတ်လတွင် သူဟာ ရုပ်သံစီးရီး Moon Lovers: Scarlet Heart Ryeo အတွက် "For You" အမည်ရှိ Ostသီချင်းမှာ EXO အဖွဲ့ဝင် Chen, Baekhyun တို့နဲ့အတူ ပါဝင်သီဆိုထားပါတယ်✨
2016ခုနှစ် အောက်တိုဘာလမှာတော့ Chen, Baekhyun တို့နဲ့အတူ Xiumin ဟာ EXO အဖွဲ့၏ ပထမဆုံးတရားဝင် sub unit ဖြစ်တဲ့ EXO-CBX ၏ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ အောက်တိုဘာလ( 31 )ရက်နေ့မှာ ထိုအဖွဲ့ဟာ "Hey Mama" သီချင်းဖြင့် ပွဲဦးထွက်ခဲ့ပါတယ်✨
2017ခုနှစ် ဇူလိုင်လမှာ Xiumin ဟာ S.M. Entertainment's digital music project “ Station” အတွက် "Young & Free" သီချင်းကို NCT အဖွဲ့ဝင် Mark နှင့်အတူ ပူးပေါင်းသီဆိုခဲ့ပါတယ်။ ဩဂုတ်လမှာတော့ သူဟာ MBC reality TV show တစ်ခုဖြစ်တဲ့ It's Dangerous Beyond The Blankets တွင် ပုံမှန်သရုပ်ဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်✨
Xiumin ဟာ 2019ခုနှစ် မေလ( 7 )ရက်နေ့မှာ စတင်စစ်မှုထမ်းခဲ့ပြီး 2020ခုနှစ် ဒီဇင်ဘာလ( 6 )ရက်နေ့မှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်ခြင်းပြီးဆုံးခဲ့ပြီး စစ်တပ်ထဲမှ ပြန်လာခဲ့ပါတယ်။ ထို့နောက် ယခုလက်ရှိမှာတော့ အဖွဲ့ဝင်တွေနဲ့အတူ အနုပညာလုပ်ငန်းတွေ ဆက်လုပ်နေလျက်ရှိပါတယ်✨
Once again, Happy Birthday ပါ ကောင်လေးရေ🥳❣️
Finish
ReplyDeleteLisa မွေးနေ့မှပဲ birthday wish လုပ်မယ်ဗျာ😁😁😁
ReplyDeleteDone 💪
ReplyDeleteDone
ReplyDelete