မိုင်တစ်ထောင်ခရီးရဲ့ ပထမခြေလှမ်း

 မိုင်တစ်ထောင်ခရီးရဲ့ ပထမခြေလှမ်း

(The First Gasoline Car) 



တိရိစ္ဆာန်နဲ့ ဆွဲတဲ့ယာဉ်မဟုတ်ပဲ အင်ဂျင်တပ်ပြီး မောင်းနှင်လို့ရတဲ့ ယာဉ်ကိုတီထွင်ဖို့ကြံဆခဲ့ကြတာဟာ 16 ရာစုလောက်ကတည်းကစတင်ခဲ့တယ်လို့ မှတ်တမ်းတွေကဆ်ုပါတယ်။ ဒါပေမယ့် ဓာတ်ဆီနဲ့မောင်းနှင်တဲ့ မော်တော်ကားကို ဂျာမန်စက်မှုပညာရှင် Carl Benz စတင်တီထွင်ပြီး 1886 ခုနှစ်မှာ တရားဝင်မှတ်ပုံတင်ခဲ့ပါတယ်။ အဲဒီကားကို Motorwagen လို့ အမည်ပေးပြီး လူထုကြားမှာသုံးစွဲနိုင်အောင် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ 


အဲဒီမော်တော်ကားဟာ ဘီးသုံးခုပါပြီး လူနှစ်ယောက်စီးနိုင်ပါတယ်။ အင်ဂျင်ကတော့ ဆလင်ဒါတစ်လုံးတပ်အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 0.75 ရှိပါတယ်။ အမြင့်ဆုံးအမြန်နှုန်းကတော့ တစ်နာရီ 10 မိုင်နှုန်းပါ။ အဲဒီကားရဲ့ စွမ်းဆောင်ရည်ကိုပြသတဲ့အနေနဲ့ Benz ရဲ့ဇနီးနဲ့ သားတို့ဟာ 180 km ရှိတဲ့ခရီးကိုမောင်းနှင်ပြပြီးတဲ့နောက် တစ်ကမ္ဘာလုံးက လူတွေရဲ့ စိတ်ဝင်စားခြင်းကို ပိုမိုရရှိလာခဲ့ပြီး ကားထုတ်လုပ်မှုလုပ်ငန်းဟာလည်း တိုးတက်လာခဲ့ပါတယ်။ အဲဒီကာလတုန်းက မော်တော်ကားရဲ့တန်ဖိုးဟာ $150 ခန့်ရှိပြီး ယနေ့ခေတ်ငွေတန်ဖိုးနဲ့တွက်ရင် $4000 ကျော်ရှိပါတယ်။ Model No.1 ကို ၂၅ စီးထုတ်လုပ်ရောင်းချခဲ့တယ်လို့ဆိုပါတယ်။ အဲဒီ Model နမူနာတစ်စီးကို Mercedes-Benz Museum မှာ ယနေ့တိုင်ကြည့်ရှုလေ့လာနိုက်ပါတယ်။ Motorwagen model No.1 ကနေစတင်ခဲ့တဲ့ စက်မှုခရီးလမ်းဟာ အခုဆိုရင်တော့ Mercedes-Benz ဆိုတာ ကမ္ဘာ့ထိပ်တန်းမော်တော်ကားကုမ္ပဏီကြီးဖြစ်လို့နေပါပြီ။

Comments

Post a Comment