Golden ratio
Golden ratio(ရွှေအချိုး)
ရွှေအချိုးဆိုတာ သင်္ချာလောကမှာတော့ အရေးပါတဲ့ ကိန်းဂဏန်းတစ်ခုပါ။ ကိန်းနှစ်ခု (a နဲ့ b ) ဆိုပါစို့။ ကြီးတဲ့ကိန်းကို ငယ်တဲ့ကိန်းနဲ့စားလိုက်လို့ 1.618..... ရတယ်ဆိုရင် အဲဒီကိန်းနှစ်ခုရဲ့ အချိုးကို ရွှေအချိုး(Golden ratio)လို့ခေါ်ပါတယ်။
ရွှေအချိုးကို တခါတရံမှာ ဘုရားသခင်အချိုးလို့တောင်ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သဘာဝမှာဖြစ်တည်နေတဲ့ သက်ရှိသက်မဲ့အရာတွေရဲ့ ပုံသဏ္ဍာန်တွေမှာ ရွှေအချိုးကို မကြာခဏတွေ့ရတတ်လို့ပါ။ ရွှေအချိုးနဲ့ဖွဲ့စည်းထားတဲ့အရာတွေဟာ မျက်စိပသာဒအရှိဆုံးဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။
လူမှုအသုံးအဆောင်ဒီဇိုင်း၊ အဆောက်အဦးတွေဒီဇိုင်း၊ ပန်းချီနဲ့ Graphic ဒီဇိုင်းတွေကို ဖန်တီးရာမှာ ရွှေအချိုးသဘောတရားကို သုံးလေ့ရှိပါတယ်။ စာအုပ်တစ်အုပ်ရဲ့အရွယ်အစား၊ အဆောက်အဦးတစ်ခုရဲ့ အချိုးအစား၊ လိုဂိုတစ်ခုရဲ့ဖွဲ့စည်းပုံ စတာတွေကို ရွှေအချိုးနဲ့ဖွဲ့စည်းတည်ဆောက်ရင် အချိုးတကျရှိပြီး မြင်ရသူကို ကျေနပ်မှုရစေတယ်လို့ဆိုပါတယ်။
အချိုးအကျဆုံးလူမျက်နှာရဲ့ အမြင့်နဲ့အကျယ်အချိုး၊ မျက်လုံး၊နှာခေါင်း၊ ပါးစပ်တို့ရဲ့ နေရာအထားအသိုတို့ဟာ ရွှေအချိုးနဲ့ နီးစပ်စွာတူနေတာဟာ သဘာဝရဲ့အံ့ဖွယ်တစ်ခုဖြစ်ပါတယ်။ ပျားအုံတစ်ခုရဲ့ ပျားမကောင်ရေနဲ့ ပျားထီးကောင်ရေအချိုးဟာလည်း ရွှေအချိုးနဲ့နီးစပ်တာကိုတွေ့ရပါသတဲ့။ အလားတူပဲ အခြားသော သတ္တဝါတွေနဲ့ အပင်တွေရဲ့ ဖွဲ့စည်းမှုတွေမှာလည်း ရွှေအချိုးနဲ့နီးစပ်တဲ့ အတိုင်းအတာ အရေအတွက်တွေကို တွေ့ရပါတယ်။ DNA တစ်လိမ်စာရဲ့ အလျားနဲ့အနံကအစ ရွှေအချိုးဖြစ်နေတာဟာ သာမာန်တိုက်ဆိုင်မှုတစ်ခုသက်သက်တော့ မဖြစ်နိုင်ပါဘူး။
ရွှေအချိုးဟာ သဘာဝတရားရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုအဖြစ် လူသားတို့ရဲ့ စူစမ်းလိုစိတ်ကို အမြဲနှိုးဆွနေဦးမှာပါပဲ။
Till the end
ReplyDeleteFighting together 💪
Done
ReplyDeleteBts
ReplyDeleteThanks for sharing
ReplyDeleteThanks🍀
ReplyDeleteThanks
ReplyDeleteThanks မင်မင်
ReplyDelete💕
ReplyDelete