LGBTQ

 


Image source: theconversation.com

ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင် ပြုမူနေထိုင်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပဲ အလေးပေးတတ်ကြပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကိုတော့ လျစ်လျူရှုထားမိတတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေထိုင်မှုဘဝတွေမှာ အရေးပါဆုံးနဲ့ သက်ရောက်မှုအရှိဆုံးကတော့ စိတ်ကျန်းမာရေးပဲဖြစ်ပါတယ်။ တစ်နေ့တာလုံးမှာ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရမယ်ဆိုရင်တော့ မိမိတို့ရဲ့လုပ်ငန်းဆောင်တာကိစ္စရပ်တွေမှာပါ အခက်အခဲတွေနဲ့ရင်ဆိုင်လာရနိုင်ပြီး စိတ်ထိခိုက်မှုများ စတင်ဖြစ်ပေါ်လာနိုင်ပါတယ်။


Lesbian, Gay, Bisexual, Transgender, Queer and Questioning အစရှိတဲ့ LGBTQ အဝန်းအဝိုင်းကလည်း ဒီလိုစိန်ခေါ်မှုတွေ နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ သူတို့တွေမှာတော့ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေထက် အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပါတယ်။ ဒီအခက်အခဲတွေကတော့ များသောအားဖြင့် ယနေ့တည်ရှိနေတဲ့ ရှေးရိုးစွဲသမားတွေရဲ့ မလိုမုန်းထားမှုများနဲ့ ဆက်စပ်မှုရှိနေတာကို တွေ့ရပါတယ်။


LGBTQ အဝန်းအဝိုင်းမှလူများသည် စိတ်ကျရောဂါ(သို့) စိတ်ပူပန်ကြောင့်ကြရခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာဝေဒနာများခံစားရရန် ရာခိုင်နှုန်းပိုများကြပါတယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှလူများကလည်း ဒီလိုစိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို ကူညီဖြေရှင်းပေးရမယ့်အစား အမည်းစက်တစ်ခုသဖွယ် လက်ညှိုးထိုးကဲ့ရဲ့မှုမျိုးပြုလုပ်လာကြတဲ့အခါ ပိုလို့တောင် ခက်ခဲပင်ပန်းလာကြရပါတယ်။ လေ့လာချက်တစ်ခုအရ LGBTQ အဝန်းအဝိုင်းမှ 61% သောသူများသည် စိတ်ဓာတ်ကျဆင်းမှုဝေဒနာများ၊ 45%သည် လိင်ပိုင်းဆိုင်ရာထိခိုက်စော်ကားမှုများကြောင့် ဖြစ်ပေါ်လာသော စိတ်ဒဏ်ရာများ နှင့် 36%သည် စိတ်ပူပန်စိုးရိမ်ရမှုဝေဒနာများနှင့် ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။ ဒါ့အပြင် လိင်ပြောင်းလဲမှုခံယူထားသူ Transgender တို့၏ 40%သည် သူတို့ဘဝတစ်လျှောက်လုံးမှာ မိမိကိုယ်ကိုအဆုံးစီရင်မှုများ ကြိမ်ဖန်များစွာပြုလုပ်တဲ့ထိပါ ဆိုးရွားစွာခံစားကြရပါတယ်။


ကျွန်တော်တို့အားလုံးဟာ မိမိကိုယ်ကို ချစ်မြတ်နိုးပြီး မိမိရဲ့ကိုယ်ပိုင်ဖြစ်တည်မှုကိုလေးစားလက်ခံကြဖို့ လိုအပ်ပါတယ်။ မိမိဖြစ်တည်မှုကို လက်ခံနိုင်ပြီး အကောင်းဆုံးကြိုးစားရှင်သန်လာနိုင်တဲ့အခါ စိတ်ဖိစီးမှုတွေလျော့နည်းလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါ တိုးလာစေပါတယ်။ ထိုကဲ့သို့ပဲ LGBTQများ၏ ဖြစ်တည်မှုကို လေးစားလက်ခံပေးပြီး ဖေးမကူညီပေးဖို့ကလည်း လူသားအချင်းချင်း စာနာရိုင်းပင်းကူညီမှုနိယာမတစ်ခုပဲ ဖြစ်ပါတယ်။ 


အကယ်၍ သင်ဟာ သင့်ပတ်ဝန်းကျင်မှာရှိတဲ့မိတ်ဆွေတစ်ယောက်ကို သူဟာ LGBTQတစ်ယောက် ဟုတ်မဟုတ် စုံစမ်းသိရှိချင်တယ်ဆိုရင် ထိုသူရဲ့ နောက်ကွယ်ကနေ ကဲ့ရဲ့စောင်းမြောင်းပြောဆိုတာမျိူးမပြုလုပ်ဘဲ ပွင့်ပွင့်လင်းလင်း မေးမြန်းလိုက်ပါ။ မေးမြန်းတဲ့အခါမှာလည်း စကားလုံးအသုံးအနှုန်းကို သတိထားရွေးချယ်ပြောဆိုပါ။ ထိုသူတို့မှ ၎င်းတို့အား ခေါ်ဝေါ်သုံးစွဲစေချင်သော အမည်နာမ်စားကို အသုံးပြုပေးပါ။ အကယ်၍ အသုံးအနှုန်းများနှင့်ပတ်သက်ပြီး အမှားတစ်စုံတရာပြုလုပ်မိပါကလည်း တောင်းပန်စကားပြောဆိုဖို့ ဝန်မလေးပါနဲ့။ အထူးသဖြင့် မိမိတို့ရဲ့ မွေးနာမည်အရင်းကိုပြောင်းလဲထားသော LGBTQများ (ဥပမာ- အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ ပြောင်းလဲခံယူထားပြီး အမျိုးသမီးအမည်ပြောင်းလဲထားသူများ)ကို ၎င်းတို့၏ မူရင်းအမည်များ ခေါ်ဆိုနောက်ပြောင်ခြင်း၊ ထိုသူတို့ မည်ကဲ့သို့သော ဆေးပညာဆိုင်ရာအပြောင်းအလဲတွေပြုလုပ်ခဲ့ခြင်း(ဥပမာ- လိင်အစားထိုးပြောင်းလဲခြင်း)များကို မေးမြန်းစုံစမ်းခြင်းများ မပြုလုပ်စေချင်ပါ။


အခြားသူများကို ကူညီပံ့ပိုး‌ပေးသလိုပဲ LGBTQများကိုလည်း ခွဲခြားမှုမရှိဘဲ ကူညီဖေးမပေးပါ။ 

Active listening is a good way to start ဆိုသလိုပဲ ကာယဉာဏအားဖြင့် ကူညီစောင်မပေးခြင်း မပြုနိုင်သေးရင်တောင် သူတို့ရဲ့အခက်အခဲတွေကို ရင်ဖွင့်ပြောပြလာတဲ့အခါမှာ ဂရုစိုက်နားထောင်ပေးခြင်းဟာလည်း ကူညီဖေးမပေးခြင်းရဲ့ လမ်းစတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေ၊ စကားလုံးတွေမှတဆင့် LGBTQများကို လေးစားမှု၊ လက်ခံမှုများ ပြသပေးနိုင်ရန် အထူးလိုအပ်လှပါတယ်။ 


အစစအရာရာခေတ်မီတိုးတက်ပြောင်းလဲနေတဲ့ ၂၁ရာစုခေတ်ကြီးမှာ LGBTQ အဝန်းအဝိုင်းအပေါ် ခွဲခြားဆက်ဆံမှုများ၊ မလိုရှုံ့ချမှုများ၊ အမုန်းစကားပြောဆိုမှုများ လျော့ကျလာပြီး ပိုမိုကောင်းမွန်နွေးထွေးသော ပတ်ဝန်းကျင်ကောင်းတစ်ခုပေါ်ထွန်းလာအောင် ကျွန်တော်တို့ အားလုံး လက်တွဲကူညီဖေးမကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Comments

  1. ကျွန်တော်တို့အားလုံးဟာ မိမိကိုယ်ကို ချစ်မြတ်နိုးပြီး မိမိရဲ့ကိုယ်ပိုင်ဖြစ်တည်မှုကိုလေးစားလက်ခံကြဖို့ လိုအပ်ပါတယ်။✌️🍀

    ReplyDelete
  2. 👍👍☝️

    ReplyDelete
  3. ☺️☺️☺️

    ReplyDelete
  4. Done လို့ရေးပါ ဒါမှမဟုတ် ပြီးပြီလို့ရေးသင့်ပါတယ်😁😁။

    ReplyDelete
  5. pp လို့ထပ်ရေးလိုက်အုံးမယ်

    ReplyDelete
    Replies
    1. Done လို့ပဲရေးပါဗျာ။တောင်းပန်ပါတယ်😁😁

      Delete
  6. Replies
    1. မင်မင်က click ပြီးရင် Done လို့ပဲရေးခိုင်းတာပါ😁😁

      Delete
  7. Wheel..............dope.🏹🏹🏹

    ReplyDelete
  8. ဟုတ်ကဲ့ပါ

    ReplyDelete
  9. Great CHEyeCK 🍉23 October 2022 at 06:36

    ❤️🌸

    ReplyDelete
  10. တစ်ဦးတစ်ယောက်ရဲ့ sexual orientation နဲ့ gender identity ဟာ လှောင်ပြောင်ရှုပ်ချ၊ အပြစ်တင်ဝေဖန် ရမယ့်အရာမဟုတ်ဘူးလို့ ယူဆပါတယ်။ Being part of LGBTQ ဖြစ်လို့လဲ အားငယ်စရာ၊ ရှက်စရာမလိုအပ်ပါဘူး။ ‌

    Members of ball ma group & ခြံစည်းရိုးခွထိုင်တွေကသာ လူတောမတိုးတဲ့ အသေမွေးလာသင့်တဲ့
    ရှက်စရာလူသားတွေပါ။

    ReplyDelete
  11. ကျွန်တော်တို့အားလုံးဟာ မိမိကိုယ်ကို ချစ်မြတ်နိုးပြီး မိမိရဲ့ကိုယ်ပိုင်ဖြစ်တည်မှုကိုလေးစားလက်ခံကြဖို့ လိုအပ်ပါတယ်။🍀🕊

    ReplyDelete

Post a Comment