Acronym-1

 Acronym-1 (LASER)



အတိုကောက်စာလုံးတွေကနေ ဝေါဟာရတစ်ခုအဖြစ်ပြောင်းလဲလာတဲ့ စကားလုံးတွေကို  Acronym လို့ခေါ်ပါတယ်။ Acronym တစ်ခုဖြစ်တဲ့ Laser အကြောင်း မျှဝေလိုက်ပါတယ်။ 


Laser နည်းပညာဟာ ယနေ့ခေတ်မှာ တွင်ကျယ်စွာအသုံးပြုနေကြပါတယ်။  Laser ရဲ့ အရှည်အဓိပ္ပါယ်ကတော့ Light Amplification by Stimulated Emission and Radiation ဖြစ်ပါတယ်။ ပထမဆုံး Laser စက်ကို 1960 ခုနှစ်မှာ  အမေရိကန် သိပ္ပံပညာရှင် Theodore H. Maiman ကတည်ဆောက်ခဲ့ပါတယ်။ Laser အလင်းလွှတ်စက်ရဲ့ အရင်ပေါ်ခဲ့တာကတော့ Microwave တွေကို ထုတ်လွှတ်တဲ့ Maser ဖြစ်ပါတယ်။  နောက်ပိုင်းမှာ အဲဒီနည်းပညာကို အလင်းဆိုင်ရာနယ်ပယ်မှာ အသုံးချလာနိုင်ခဲ့ပြီး Laser လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ 


Laser အလင်းရဲ့ ထူးခြားချက်ကတော့ အခြားအလင်းထုတ်လွှတ်မှုတွေလို ဖြာထွက်သွားခြင်းမရှိဘဲ အလင်းတန်းတွေကို အပြောက်ငယ်တစ်ခုမှာ စုဆုံအောင် ထုတ်လွှတ်နိုင်တာပါ။ အဲဒီထူးခြားချက်ကြောင့်ပဲ Laser ကို နည်းပညာနယ်ပယ်အစုံမှာ အသုံးကျလာစေခဲ့ပါတယ်။  Laser pointer, Laser printer, QR code reader စတာတွေကနေ ဆေးပညာနယ်ပယ်၊ စစ်လက်နက်နယ်ပယ်၊ ကွန်ပျူတာနယ်ပယ်၊ အာကာသသိပ္ပံနယ်ပယ်အထိ Laser ဟာ ဉာဏ်ရှိသလို သုံးနိုင်တဲ့ နည်းပညာတစ်ခုဖြစ်လာခဲ့ပါတယ်။ Laser အလင်း ရဲ့တိကျပြီးပျံ့လွင့်မှုမရှိတဲ့ သဘာဝကို အစွဲပြုပြီး အပြည့်အဝအာရုံစူးစိုက်မှုကို Laser focus  လို့ တင်စားခေါ်ဝေါ်တဲ့ အသုံးအနှုံးတောင် ပေါ်ပေါက်လာခဲ့ပါတယ်။

Comments

  1. Done🍀✌️

    ReplyDelete
  2. 🙂🙂🙂

    ReplyDelete
  3. done all by အညတရ

    ReplyDelete
  4. done by အညတရ

    ReplyDelete
  5. Fighting 💪💪💪

    ReplyDelete
  6. Done by angel 041.

    ReplyDelete
  7. Done all by angel 041.

    ReplyDelete
  8. Done click Angel 041

    ReplyDelete
  9. Thanks for knowledge sharing 🥰

    ReplyDelete
  10. 𝙳𝚘𝚗𝚎

    ReplyDelete
  11. ❤❤❤
    Laser
    Click Click Click
    Done Done Done
    We must win

    ReplyDelete
  12. Laser နဲ့ သွားဖာတာ အရမ်းအဆင်ပြေခဲ့တယ် သွားကြိမ်းတဲ့ဒါဏ် လုံးဝ မခံစားရလို့ ကြိုက်တယ် ...
    သွားဖာချိန် Laserအလင်းပြန်တာထိရင် မျက်စိပျက်မှာဆိုးလို့ မျက်စိမှိတ် သွားဖာရတာက အမှတ်တယပါပဲ 😴

    ReplyDelete
  13. Light Amplification by Stimulated Emission and Radiation

    ReplyDelete
  14. Click💪💪💪

    ReplyDelete

Post a Comment