Acronym-2

 Acronym-2 (RADAR)



အတိုကောက်စာလုံးတွေကနေ ဝေါဟာရတစ်ခုအဖြစ်ပြောင်းလဲလာတဲ့ စကားလုံးတွေကို  Acronym လို့ခေါ်ပါတယ်။ Acronym တစ်ခုဖြစ်တဲ့ Radar အကြောင်း မျှဝေလိုက်ပါတယ်။ 


Radar ဆိုတဲ့ဝေါဟာရဟာ ဘာသာစကားပေါင်းစုံမှာ တိုက်ရိုက်မွေးစားသုံးစွဲနေကြတဲ့ ဝေါဟာရတစ်ခုဖြစ်ပါတယ်။ မြန်မာစကားမှာလည်း ရေဒါ လို့ပဲသုံးစွဲကြပါတယ်။ တကယ်တမ်းကတော့ Radar ဟာ ဝေါဟာရတစ်ခုလိုအသံထွက်လို့ရတဲ့ အတိုကောက်စာလုံးတစ်ခုပါ။ အရှည်အဓိပ္ပါယ်ကတော့ Radio detection and Ranging ဖြစ်ပါတယ်။ အဲဒီစကားစုအတိုင်းပဲ Radar ဟာ ရေဒီယိုလှိုင်းတွေထုတ်လွှတ်ပြီး အရာဝတ္ထုတွေကို ရိုက်ခတ်ပြီးပြန်လာတဲ့ လှိုင်းတွေကို ပြန်လည်ဖမ်းယူခြင်းအားဖြင့် အရာဝတ္ထုတွေရှိမရှိနဲ့ ရှိရင်လည်း ဘယ်လောက်ဝေးကွာသလည်းဆိုတာကို တွက်ချက်တိုင်းတာတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ 


‌Radar နည်းပညာကို သီအိုရီအရ ကြံဆခဲ့ကြတာ 19 ရာစုနှောင်းပိုင်းကတည်းကဖြစ်ပေမယ့် ဒုတိယကမ္ဘာစစ်ကာလတွေမှာမှ စစ်ဘက်ဆိုင်ရာသုတေသနတွေကနေ အောင်မြင်စွာ အသုံးချနိုင်နိုင်တဲ့အဆင့်အထိရောက်ရှိလာခဲ့တာပါ။ Radar နည်းပညာရဲ့ အရေပါတဲ့ခြေလှမ်းကို 1940 ခုနှစ်မှာ UK ကအောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပေမယ့် Radar ဆိုတဲ့ဝေါဟာရကိုတော့ အမေရိကန်ရေတပ်ကစတင်သုံးစွဲခဲ့တာပါ။ 


Radar နည်းပညာဟာ ရိုးရှင်းတဲ့ သီအိုရီကို အခြေခံထားပေမယ့် ရေဒီယိုလှိုင်းတွေဟာ အလင်းအလျင်နဲ့သွားလာကြတဲ့အတွက် ပြန်လာတဲ့ရေဒီယိုလှိုင်းတွေကိုဖမ်းယူတွက်ချက်ဖို့အတွက်တော့ တိကျပြီးစွမ်းဆောင်ရည်မြင့်တဲ့ အီလက်ထရွန်းနစ်နည်းပညာတွေလိုအပ်ပါတယ်။ ယနေ့ခေတ်မှာတော့ ကွန်ပျူတာစနစ်နဲ့ပေါင်းစပ်ပြီး ပိုပြီးကောင်းမွန်တဲ့ Radar နည်းပညာကို သုံးစွဲနေကြပါပြီ။ လေကြောင်းပျံသန်းမှု၊ ပင်လယ်ရေကြောင်းသွားလာမှု၊ စစ်ဘက်ဆိုင်ရာ ကိစ္စတွေ၊ အာကာသဆိုင်ရာကိစ္စတွေမှာ Radar နည်းပညာဟာ မရှိမဖြစ်အရေးပါနေဆဲပါပဲ။ 


Radar နဲ့တင်စားသုံးနှုန်းတဲ့ အသုံးအနှုံးတွေလဲအင်္ဂလိပ်စကားမှာ ပေါ်ပေါက်လာခဲ့ပါတယ်။ နမူနာတစ်ချို့ကတော့

✨သတိပြုမိတာကို on (one's) radar

✨မထင်မရှားကိုယ်ရောင်ဖျောက်တာကို stay under the radar စသည်ဖြင့်‌ပေါ့။

Comments

  1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete
  2. ပြန်ထွက်timer တပ်ပေးပါ

    ReplyDelete

Post a Comment