Acronym-3

 Acronym-3 (SCUBA)



အတိုကောက်စာလုံးတွေကနေ ဝေါဟာရတစ်ခုအဖြစ်ပြောင်းလဲလာတဲ့ စကားလုံးတွေကို  Acronym လို့ခေါ်ပါတယ်။ Acronym တစ်ခုဖြစ်တဲ့ scuba အကြောင်း မျှဝေလိုက်ပါတယ်။


ရေငုပ်သမားတွေအတွက်တော့ Scuba ဟာ အရေးပါတဲ့ပစ္စည်းဖြစ်ပါတယ်။ scuba ဆိုတာ ရေငုပ်‌စဉ်အသက်ရှူဖို့သုံးတဲ့လေဗူးနဲ့ ဆက်စပ်ပစ္စည်းတွေကို ခေါ်တာပါ။ တကယ်တမ်းက scuba ဟာ အတိုကောက်စာလုံးဖြစ်ပြီး အရှည်ကတော့ Self-contained Underwater Breathing Apparatus ဖြစ်ပါတယ်။ 


Scuba တစ်စုံမှာ အဓိကအားဖြင့် လေဗူးပါဝင်ပြီး ‌ရေငုပ်သူအသက်ရှူဖို့ ပိုက်နဲ့ဆက်ထားပါတယ်။ အချို့လေဗူး‌တွေကမှာ အောက်စီဂျင် ၂၁% ပါဝင်တဲ့ ရိုးရိုးလေကို လေပေါင်မြင့်မြင့်ထည့်ထားပြီး အချို့လေဗူးတွေကတော့ အောက်စီဂျင် ၃၂% နဲ့အထက် ပါဝင်တဲ့လေကို ထည့်သွင်းထားပါတယ်။ ပုံမှန်အရွယ်အစားလေဗူးထဲမှာ လေပမာဏ 2000 လီတာကျော်ပါဝင်ပြီး ဖိအား 3000 psi ခန့်ရှိပါတယ်။ အဲ့ဒီလေဟာ ရေအောက်မှာ နာရီဝက်ကနေ တစ်နာရီခန့်အထိနေနိုင်အောင် ထောက်ပံ့ပေးပါတယ်။ ဒါဟာပုံသေမဟုတ်ပဲ ရေအောက်အနက်ပေ၊ ရေငုပ်သူရဲ့ အသက်ရှူနှုန်း စတာတွေပေါ်မှာအများကြီးမူတည်ပါတယ်။ 


၁၉ ရာစုအ‌စောပိုင်းကာလ‌တွေအထိ ရေငုပ်သူတွေဟာ ရေပြင်ပေါ်နဲ့ဆက်ထားတဲ့ ပိုက်အရှည်ကြီးတွေနဲ့ အသက်ရှူပြီး ရေငုပ်ခဲ့ကြရပါတယ်။ ၁၉ ရာစု‌နှောင်းပိုင်းမှာတော့ ကျောပိုးပြီးသယ်လို့ရတဲ့ လေဗူးတွေကိုတီထွင်လာနိုင်ခဲ့ပါတယ်။ စမ်းသပ်အဆင့်ထက်ကျော်လွန်ပြီး လက်တွေ့အသုံးချလို့ရတဲ့ လေဗူးပါဝတ်စုံ ကို 1878 မှာ စတင်ထုတ်လုပ်‌ရောင်းချခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ရေငုပ်ဝတ်စုံကို ပိုမိုကောင်းမွန်အောင် အားထုတ်လာကြပါတယ်။ 1942-43မှာ ‌ဖိအားမြင့်လေဗူးထဲကလေကို ပုံမှန်လေဖိအားနဲ့ ပြန်ထုတ်ပေးနိုင်တဲ့ regulator ကို တီထွင်နိုင်ခဲ့ပြီး အဲဒီတီထွင်မှုဟာ scuba အတွက်လမ်းဖွင့်ပေးခဲ့ပါတယ်။ 1944 ခုနှစ်မှာ အမေရိကန် စစ်ဘက်အရာရှိ Christian Lambertsen က ရေငုပ်ဝတ်စုံတစ်ခုကို ဒီဇိုင်းဆွဲဖန်တီးခဲ့ပြီး Lambertsen Amphibious Respiratory Unit (LARU) လို့အမည်ပေးခဲ့ပါတယ်။ 1952 ခုနှစ်မှာ မွမ်းမံပြုပြင်မှုတွေလုပ်ထားတဲ့ ရေငုပ်ဝတ်စုံဒီဇိုင်းအသစ်ကို မှတ်ပုံတင်ခဲ့ပြီး SCUBA လို့စတင်သုံးစွဲခဲ့ပါတယ်။ အဲဒီကစပြီး အင်္ဂလိပ်ဝေါဟာရအသစ်တစ်လုံးပေါ်ပေါက်လာခဲ့ပါတယ်။

Comments

  1. 👋👋👋

    ReplyDelete
  2. Done click by Angel.

    ReplyDelete
  3. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete
  4. ရဲဘော်တို့ရေ
    You tube မှာ YGN Donation Channel လေးကို subscribe လေး ကူညီပေးကြပါဦးနော်
    🙏💪💪🤜🤛

    ReplyDelete
  5. ❤️❤️

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. Wheel.........dope.🏹🏹🏹

    ReplyDelete
  8. 👑👑👑👑👑👑👑👑

    ReplyDelete

Post a Comment