ကာ​ဘော်လစ်အက်စစ်

 ကာဘော်လစ်အက်စစ် နဲ့ Joseph Lister 



ဆေးပညာလောကမှာ Joseph Lister(၁၈၂၇-၁၉၁၂) ကို aseptic surgery (ပိုးမွှားကင်းစင်သောခွဲစိတ်မှု) ကို အစပြုခဲ့သူအဖြစ် အသိများကြပါတယ်။ Lister ဟာ အင်္ဂလိပ်လူမျိုးခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ရောဂါဗေဒပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ 


ခွဲစိတ်ပညာရဲ့ အစောပိုင်းကာလတွေမှာ ဘက်တီးရီယားရောဂါပိုးဆိုင်ရာ အသိပညာနည်းပါသေးတဲ့အတွက် အနာပိုးဝင်ခြင်းပြဿနာများစွာရှိခဲ့ပါတယ်။ ကုသသူဆရာဝန်ကလည်း လက်ဆေးခြင်း၊ ခွဲစိတ်မည့်နေရာအားပိုးသတ်ခြင်း စတာတွေကို ပြုလုပ်ရမှန်း မသိကြသေးတဲ့အချိန်ဖြစ်ပါတယ်။ 


၁၈၆၅ ခုနှစ်မှာ Lister ဟာ ကလေးတစ်ဦးရဲ့ အရိုးကျိုးဒါဏ်ရာကို ကာဘော်လစ်အက်စစ်စိမ်ထားတဲ့ ပတ်တီးစနဲ့အုပ်‌ပေးပြီး လေးရက်အကြာမှာ ပတ်တီးလဲတဲ့အခါ ဒါဏ်ရာမှာ ပိုးဝင်ခြင်း၊ ပြည်တည်ခြင်း စတာတွေမရှိတာကိုတွေ့ရပါတယ်။ ဒီလိုနဲ့ အနာကို မှန်မှန်ပြုစုကုသပေးရင်း အနာရင်းခြင်းမရှိဘဲ ‌ရက်သတ္တ ၆ ပတ်ကြာတဲ့အခါ အရိုးဟာကောင်းမွန်စွာဆက်သွားပါတယ်။ Lister ဟာ ကာဘော်လစ်အက်စစ်ရဲ့ အစွမ်းကို ဆေးပညာဂျာနယ်မှာ ရေးသားတင်ပြခဲ့ပါတယ်။ သူဦးဆောင်တဲ့ ခွဲစိတ်မှုတွေမှာလည်း ဆရာဝန်နဲ့အကူများကို ကာဘော်လစ်အရည်နဲ့ လက်ဆေးခြင်း၊ လက်အိပ်ဝတ်ခြင်း၊  ခွဲစိတ်ခန်းကို ဆေးဖြန်းခြင်းစသည်တို့ကို လုပ်စေခဲ့ပါတယ်။ 


ကာဘော်လစ်အင်စစ်ရဲ့ ပိုးသတ်နိုင်စွမ်းကို အရင်ကတည်းကသိခဲ့ပေမယ့် ခွဲစိတ်မှုမှာသုံးစွဲတာကိုတော့ Lister ကစခဲ့တယ်လို့ပြောရမှာပါ။ Lister ရဲ့ဆောက်ရွက်ချက်တွေဟာ ဝေဖန်မှုများစွာရင်ဆိုင်ခဲ့ရပါတယ်။ ပိုးမွှားဆိုင်ရာအသိပညာနည်းပါးသေးတာကြောင့် ပိုးသတ်ခြင်းရဲ့အရေးပါမှုကိုလည်း ကျိုးကြောင်းသင့်လက်ခံဖို့ခက်ခဲခဲ့ပါတယ်။ ကာဘော်လစ်အက်စစ်ရည်ဟာ မျက်စိစပ်ခြင်း၊ နှာမွှန်ခြင်း စတာတွေဖြစ်စေပြီး ဒါဏ်ရာကိုအုပ်တဲ့အခါအသားလောင်တာတွေလည်းဖြစ်စေတယ်လို့ ယူဆတဲ့အတွက် အချို့ဆေးပညာရှင်တွေက ‌သုံးစွဲခြင်းမပြုခဲ့ပါဘူး။ Lister ကိုယ်တိုင်လည်း ဘော်လစ်အက်စစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် နောက်ပိုင်းမှာ ဆက်လက်သုံးစွဲခြင်းမပြုဘဲ ပိုကောင်းတဲ့နည်းလမ်းတွေကို ကြံဆခဲ့ပါတယ်။    မည်သို့ဆိုစေ Lister ဟာ aseptic surgery ကိုအစပြုပေးခဲ့သူဖြစ်ပြီး ခေတ်သစ်ခွဲစိတ်ပညာကို ဦးဆောင်ခဲ့သူအဖြစ် ဆေးလောကမှာ ဂုဏ်ပြုမှတ်တမ်းတင်ထားကြပါတယ်။ နာမည်ကျော်ခံတွင်းပိုးသတ်ဆေးရည် Listerine ဟာလည်း Lister ကို ဂုဏ်ပြုမှည့်ခေါ်ထားတာဖြစ်ပါတယ်။

Comments

  1. Replies
    1. Clicks တတ်သွားပီ

      Delete
  2. 👍👍👏

    ReplyDelete
  3. click ရင်း ဗဟုသုတတိုးတယ်

    ReplyDelete
  4. Click done by Angel 041

    ReplyDelete
  5. Done by angel 041.

    ReplyDelete
  6. Done 🙏✊️💪

    ReplyDelete
  7. Thanks for sharing.

    ReplyDelete
  8. Wheel........dope.🏹🏹🏹

    ReplyDelete
  9. ကာဘော်လစ်အစွမ်း အံ့မခန်း😁✌️🍀

    ReplyDelete
    Replies
    1. ကာဘော်လစ်အစွမ်း အံ့မခန်း😁✌️🍀

      REPLY

      Delete
  10. Wheel.............dope.🏹🏹🏹

    ReplyDelete
  11. Listerine က ပိုးသေမသေ မသေထျာဖူး သုံးသူကတော့ ပါးစောင်ကော လျာကော စပ်ဖျင်းဖျင်းအရသာ ခံရမှာပါ။
    ဥပမာနိုင်းရရင် ကလေးဘဝက လူကြီးတွေခွံတဲ့ ဆေးရွက်ကြီးပါကွမ်းကို ငုံရသလိုပါပဲ.. စပ်တာမှ ထမင်းစားပါ ပျက်ရော...

    ReplyDelete
  12. အားတဲ့အချိန်တိုင်း
    ထပ်ခေါက်ထပ်ခါ ကလစ်ကြပါ

    ReplyDelete
  13. Thanks for knowledge sharing

    ReplyDelete

Post a Comment