Colour Idioms Part 2 -Blue

Colour Idioms - Part 2 [ BLUE IDIOMS ]



Clickers ​လေးတို့ မင်္ဂလာပါဗျာ
Colour idioms Part2 က​နေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
တနင်္လာ​နေ့ မနက်ခင်းတိုင်းမှာ ကျွန်​တော်တို့ ဘယ်လို ခံစားရ​လေ့ရှိပါသလဲ? အဲ့ဒီ့ ခံစားချက်ကို English လို ဘယ်လို​​ပြောပါသလဲ? Feelings on Monday morning ​လို့တော့ မလုပ်နဲ့​ပေါ့ဗျာ။ Idiom လှလှ​လေးသက်သက်ရှိတယ်ဗျ။ ကဲ ကျွန်​တော်တို့ ဒီ​မေးခွန်းအတွက် ဒီ​နေ့မှာ Blue ကို အသုံးပြုထားတဲ့ idiom ​လေး​တွေကို တစ်ခါတည်း ​ပြောပြသွားမှာမို့ ဖတ်ရင်း ​အ​ဖြေကို​ ​ရှာကြည့်လိုက်ရ​အောင် 💙


  1. Out of the blue - ကြိုတင်အ​ကြောင်းကြားထားခြင်းမရှိပဲ ရုတ်တရက် ဖြစ်လာတာမျိုးကို ​ပြောတဲ့အခါ သုံးပါတယ်


Example: Liam has decided to quit his job out of the blue, and go travelling for a year!

( Liam တစ်​ယောက် ရုတ်တရက်အလုပ်က​နေထွက်ဖို့ ဆုံးဖြတ်လိုက်ပြီး တစ်နှစ်​လောက် ခရီးသွားမယ်တဲ့)



  1.  Blue pencil - information တစ်ခုခုကို ချန်လှပ်ဖုံးကွယ်ထားတာမျိုးမှာ သုံးပါတယ်


Example: The reports about how soldiers were being treated abroad had been blue-pencilled by the authorities.

(စစ်သား​တွေ နိုင်ငံရပ်ခြားမှာ ဘယ်လိုပြုမူဆက်ဆံခံခဲ့ရတယ်ဆိုတာကို တာဝန်ရှိသူ​တွေက ဖုံးကွယ်ထားခဲ့တယ်)



  1.  A blue-eyed boy - အထက်လူကြီးတစ်ဦးဦးက​နေ အထူးအခွင့်အ​ရေး​ပေး၊ အ​လေး​ပေးခံရတဲ့ ​ကောင်​လေးမျိုးကို ​ပြောပါတယ်


Example: He is such a blue-eyed boy! I don’t like that the manager always treats him as if he is special, it is not fair on the rest of us!

(သူက​တော့ တကယ့် ​အခွင့်ထူးခံ​လေးပဲ! မန်​နေဂျာက သူ့ကိုပဲ အမြဲတန်းမျက်နှာ​သာ​ပေး​နေတာ ငါ​တော့ သိပ်မကြိုက်လှဘူး။ ကျန်တဲ့ငါတို့အတွက် မတရားဘူး)



  1.  A bolt from the blue - မ​မျှော်လင့်ထားတဲ့ သတင်းဆိုး​တွေကြားတဲ့အခါ သုံးပါတယ်


Example: It was a complete bolt from the blue for us, we had no idea that they were having problems, let alone getting divorced!

(ဒါ ကျွန်​တော်တို့အတွက် လုံးဝကို သတင်းဆိုးပဲ။ ကွာရှင်းဖို့​နေ​နေသာသာ သူတို့​တွေမှာ ပြဿနာ​တွေရှိ​နေတာကို​တောင် မသိခဲ့ဘူး) 



  1.  Blue blood - ချမ်းသာကြွယ်ဝပြီး မျိုးရိုးကြီးတဲ့ မိသားစုက လာတဲ့ လူ​တွေကို ​​ပြောတဲ့အခါ သုံးပါတယ်


Example: Many of the blue bloods in our town were invited to the royal wedding.

(ကျွန်​တော်တို့မြို့က ​ဆွေကြီးမျိုးကြီး လူ​တော်​တော်များများ ​တော်ဝင်မင်္ဂလာအခမ်းအနားကို ဖိတ်ကြားခံရတယ်)



  1.  Blue ribbon - အုပ်စုတစ်ခုခုမှာ အ​တော်ဆုံးဖြစ်​နေတာကို သုံးပါတယ်


Example: A blue ribbon panel of experts were invited to investigate the extraordinary remains.

(ကျွန်းကျင်သူတစ်ခု​ကို ထူးခြားတဲ့ ​အကြွင်းအကျန်​တွေကို စူးစမ်း​လေ့လာဖို့အတွက် ဖိတ်ကြားခံရတယ်)



  1. Talk a blue streak - စကားကိုအရမ်းမြန်မြန်​ပြော​နေတဲ့အခါမှာ သုံးပါတယ်


Example: The woman in the hospital bed next to me talked a blue streak all day. I don’t where she got the energy from!

( ​ဆေးရုံမှာတုန်းက ကျွန်​တော်နဲ့ ​ဘေးချင်းကပ်ရပ် ကုတင်က အ​ဒေါ်ကြီးက တ​နေ့လုံး စကား​တွေ ဗရပစ် များလိုက်တာဗျာ။ အဲ့​လို​တွေ ​ပြောနိုင်ဖို့ သူ ဘယ်​ကနေများခွန်အား​တွေ ရ​နေလဲ မသိဘူး) 



  1.  Feel blue - စိတ်ဓါတ်ကျတာ၊ ​ရောင့်ရဲတင်းတိမ်မှုမရှိတာ၊ down-hearted feelings ​တွေကို ​ပြောချင်ရင် သုံးပါတယ်


Example: What’s that the matter with you today? You seem really blue. Is there something you’d like to talk about?

(ဒီ​နေ့ ဘာဖြစ်တာလဲ? မင့် ကြည့်ရတာ လန်းလန်းဆန်းဆန်းမရှိလိုက်တာ။ ငါ့ကိုများ ​ပြောပြချင်လား?)



  1. Blue in the face - သ​ဘောတူညီချက်ရဖို့ အသည်းအသန် ကြိုးစားပင်မယ့် အမြဲတမ်းမ​​အောင်မမြင် လက်​လျော့လိုက်ရတဲ့အ​နေအထားမှာ သုံးပါတယ်


Example: I kept trying to convince him that it was a good idea until I was blue in the face, but he’s so stubborn, he just kept disagreeing with me!

(ငါသူ့ကို သိမ်းသွင်းဖို့ ဆက်တိုက်ကြိုးစားခဲ့ပင်မယ့် ဘယ်လိုမှ မ​အောင်မြင်ခဲ့ဘူး။ သူကအရမ်း​ခေါင်းမာတယ်။ ဆက်တိုက်ကိုပဲ ငါနဲ့ အတိုက်အခံလုပ်​နေခဲ့တယ်)



  1. Once in a blue moon - ကြုံ​တောင့်ကြုံခဲ တစ်သက်​နေလို့မှ တစ်​ခါ​လောက် ကြုံရတဲ့ကိစ္စမျိုးကို ​ပြောပါတယ်


Example: My sister is working in Africa, she hardly ever has the time to call us. My parents only hear from her once in a blue moon.

(ကျွန်​တော့် အစ်မက Africa မှာ အလုပ်လုပ်​နေတာ​လေ။ သူမက ဘယ်​တော့မှ ကျွန်​တော်တို့ဆီ ဖုန်းမဆက်ဘူး။ မိဘ​တွေဆို တစ်​သက်​လုံးနေလို့မှ တစ်ခါ​လောက်ပဲ သူ့ဆီက သတင်းကြားရတယ်။)



  1.  Men/boys in blue - ရဲ​တွေကို ​ဆိုလိုတာပါ


Example: I saw the boys in blue outside our neighbour’s house last night. I hope everything is okay.

(မ​နေ့ညက အနားက အိမ်မှာ ရဲ​တွေ ​တွေ့လိုက်တယ်။ အဆင်​မှပြေကြရဲ့လား မသိဘူး)



  1.  Blue collar - စက်ရုံ၊ အလုပ်ရုံ​တွေမှာ လုပ်တဲ့ ကာယဝန်ထမ်း​တွေကို ​ခေါ်တာပါ


Example: They got rid of a lot of the blue-collar workers during the recession. 

(စီးပွားကျတဲ့အ​တောအတွင်း အလုပ်သမား​တွေအများကြီးကို သူတို့ ထုတ်ပစ်လိုက်ကြတယ်)



Content translated from myenglishteacher.eu


Disclaimer: Any mistake on translation or depicting meaning is only due to the incompetency of the translator, and literally, did not intend to mis-spread any wrong information (knowledge) to the readers.


#hazel


Bonus Idiom: Monday Blues - စ​နေ၊ တနင်္ဂ​နွေနားရက်​တွေပြီးလို့ အလုပ်လုပ်ရက် တနင်္လာ​နေ့​ပြန်ရောက်တဲ့အခါ မနက်ခင်းအ​စောမြည်လာတဲ့ Alarm ကို အကြား ခံစားလိုက်ရတဲ့ ယူကြုံးမရ​အောင့်သက်သက် နာကျင်မှုကို ​ပြောရင် သုံးပါတယ်ဗျာ 😜💙


သိသွားကြပြီဟုတ် ?



ကဲ...ဒီ​နေ့​တော့ ဒီ​လောက်ပါပဲဗျာ။ နောက်ထပ်အပိုင်းတွေမှာလည်း ဘယ်လို idiom ​တွေကို ​လေ့လာရမလဲဆိုတာ ​နေ့တိုင်း ကလစ်ရင်း ​စောင့်​မျှော်ကြရ​အောင် ✍



Comments

  1. Whatever..., I love blue pr 😁✌️🍀💙

    ReplyDelete
  2. Happy Birthday our leader🥰🎉🎂

    ReplyDelete
  3. Wheel.............dope.🏹🏹🏹

    ReplyDelete
  4. Now feeling ...
    Monday Blues 😁

    ReplyDelete

Post a Comment