Daimler Reitwagen (The first motorcycle)

 Daimler Reitwagen (The first motorcycle)



19 ရာစုနှောင်းပိုင်းကာလ‌တွေမှာ စက်မှုပညာထွန်းကားလာခြင်းနဲ့အတူ စက်တပ်ယာဉ်တွေကိုလည်း အပြိုင်အဆိုင် ကြံဆတီထွင်လာခဲ့ကြပါတယ်။ ရေနွေးငွေ့အင်ဂျင်ကနေ ပိုပြီးကျစ်လစ်တဲ့ ဓာတ်ဆီအင်ဂျင်ကို တီထွင်သုံးစွဲလာနိုင်ခဲ့ပါတယ်။ အဲဒီအင်ဂျင်တွေကို လှည်း၊ စက်ဘီး စတာတွေမှာ တပ်ဆင်ဖို့ကြိုးပမ်းလာရာကနေ ကား၊ ဆိုင်ကယ်ခေတ်ဦးဟာ အစပြုခဲ့ပါတယ်။ ပထမဆုံးဓါတ်ဆီသုံးကား နဲ့ မရှေးမနှောင်းကာလ 1885 ခုနှစ်မှာပဲ ကမ္ဘာ့ပထအဆုံး ဓာတ်ဆီသုံးမော်တော်ဆိုင်ကယ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဆိုပါမော်တော်ဆိုင်ကယ်ကို တီထွင်တည်ဆောက်ခဲ့သူကတော့ ဂျာမန်လူမျိုး Gottlieb Daimler နဲ့ Wilhelm Maybach တို့ဖြစ်ပါတယ်။ 

သူတို့ရဲ့ယာဉ်ကို Reitwagen (riding car) လို့အမည်ပေးခဲ့ပါတယ်။ 


Reitwagen ကို မော်တော်ဆိုင်ကယ်အဖြစ်သတ်မှတ်ကြပေမယ့် ယနေ့ခေတ်မော်တော်ဆိုင်ကယ်တွေနဲ့ အတော်ကွာခြားတဲ့အချက်တွေရှိနေပါတယ်။ အဓိကကွာခြားချက်ကတော့ ဟန်ချက်ထိန်းစရာမလိုဘဲ ဘေးနှစ်ဘက်မှာတပ်ထားထဲ့ ဘီးငယ်နှစ်ခုပါဝင်နေတာပါ။ ဒါကြောင့် ဘီး လေးခုဖြစ်နေပါတယ်။ ဒီယာဉ်ကို အင်ဂျင်စမ်းသပ်ရေးအတွက် စိတ်ကူးတည်‌ဆောက်ခဲ့တာဖြစ်ပြီး မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးအတွက်ရည်ရွယ်ခဲ့တာမဟုတ်ဘူးလို့ ဆိုပါတယ်။


Reitwagen ရဲ့အင်ဂျင်ဟာ 0.5 မြင်းကောင်ရေအားရှိပြီး တစ်နာရီကို 6.8 မိုင် မောင်းနှင်နိုင်ပါတယ်။ ဂီယာချိန်းလို့မရပါဘူး။ နောက်ဘီးမှာဘရိတ်တပ်ဆင်ထားပါတယ်။ ကိုယ်ထည်ဖရိမ်နဲ့ ဘီးတွေကို သစ်သားနဲ့ပြုလုပ်ထားပါတယ်။ 


မူလ Reitwagen ဟာ စက်ရုံမီးလောင်ကြွမ်းမှုကြောင့် ပျက်စီးသွားပါတယ်။ ပုံတူပွားထားတဲ့ ဆိုင်ကယ်‌တွေကိုတော့ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တို့နဲ့သက်ဆိုင်တဲ့  Museum တွေမှာ တပ်ဆင်ပြသထားတာ တွေ့နိုင်ကြပါတယ်။

Comments

Post a Comment