Most expensive cat

 ကမ္ဘာ့ဈေးအကြီးဆုံးကြောင် ရဲ့တန်ဖိုးဟာ ဘယ်လောက်ရှိမယ်လို့ထင်ပါသလဲ ??



ကမ္ဘာပေါ်ရှိတဲ့ ကြောင်အမျိုးအစားတွေထဲကမှ ကျားသစ်နဲ့တူတဲ့ Ashera ကြောင်အမျိုးအစားဟာ ကမ္ဘာ့ဈေးအကြီးဆုံးကြောင်အမျိုးအစားဖြစ်ပါတယ်။ 



Ashera ကြောင်တွေဟာ ဘာလို့ ဒီလောက်ဈေးကြီးရသလဲဆိုတော့ သူ့ရဲ့ မျိုးပွားနှုန်းကြောင့်လို့ပဲဖြေရမှာပါပဲ။ ဒီကြောင်တွေဟာ မျိုးပွားနှုန်းအင်မတန်နည်းပြီး မျိုးမပွားသလောက်ပါပဲ။ 



အိမ်မွေးကြောင်၊ အာဖရိကတောကြောင် နှင့် အာရှကျားသစ်မျိုးနွယ်တွေကို ပေါင်းစပ်ထားတဲ့ Ashera ကြောင်တွေဟာ သာမန်အိမ်မွေးကြောင်လေးတွေ‌လိုတော့ သေးသေးကွေးကွေး မဟုတ်ကြပါဘူး။ မတ်တပ်ရပ်လိုက်ရင် ၄ပေ ကနေ ၅ပေ အထိအရှည်ရှိကြပြီး အလေးချိန်အားဖြင့် ၃၃ပေါင်ခန့်ရှိပါတယ်။ 



ဒီကြောင်အမျိုးအစားကို 2000ခုနစ်လောက်ကမှ Lifestyle Pets လို့ခေါ်တဲ့ တိရစ္ဆာန်မျိုးစပ်တဲ့ Company ကနေ စတင်မျိုးစပ်မွေးမြူခဲ့ကြတာပါ။ ဒါကြောင့် Ashera ကြောင်အမျိုးအစားကိုမှမွေးမြူချင်တယ်ဆိုရင်တော့ မျိုးစပ်တဲ့Companyကနေပဲ ပိုက်ဆံပေးပြီးဝယ်လို့ရနိုင်မှာပါ။


တစ်နှစ်ကို Ashera ကောင်ရေ လက်‌ဆယ်ချောင်းပြည့်အောင်တောင် မျိုးစပ်ကြတာမဟုတ်လို့ ဒီကြောင်အမျိုးအစားကို မွေးမြူထားတဲ့သူတွေကတော့ လုံးဝ Unique ဖြစ်နေမှာပါပဲ။


ကဲ ဒီတော့ ဒီ Ashera ကြောင်လေးရဲ့ ဈေးနှုန်းက ဘယ်လောက်များဖြစ်မလဲ ???


Ashera ကြောင်တစ်ကောင်ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ 125000 $ ပါ။ မြန်မာငွေနဲ့တွက်ရင်တော့ ခန့်မှန်းခြေ 231,250,000 MMK ကျသင့်ပါမယ်။ မင်မင်တော့ သုညတွေရေရင်း မူးသွားပါပြီ။


ဒါက ကြောင်ရဲ့ အသားတင်တန်ဖိုးပဲရှိသေးပြီး သူ့ကိုမွေးမြူမယ်‌ဆိုရင် ကျွေးမွေး ပြုစုဖို့အတွက် တန်ဖိုးတွေရှိပါဦးမယ်။ 


ကဲ သင်ဆိုရင်ရော ချစ်စရာကြောင်လေးကို မွေးမလား ? ကျားသစ်နဲ့တူတဲ့ ကြောင်ခန့်ခန့်ကြီးကိုမွေးမလား ?


Comments မှာရေးသွားခဲ့ပါဦး

Comments

  1. ကြောင်တောင်မမွေး‌‌နိုင်သေးူး 😞🥹

    ReplyDelete
  2. မမွေးတော့ပါ🤧✌️🍀

    ReplyDelete
  3. အိမ်မှာတော့ ချစ်စရာကြောင်လေး မွေးထားပါတယ်တဲ့ အမေက 🥰

    ReplyDelete
  4. 💞💞💞

    ReplyDelete
  5. 😉😉😊

    ReplyDelete
  6. ဈေးကြီးမှ တန်ဖိုးကြီးတာ မဟုတ်ပါဘူး။

    ReplyDelete
  7. ချစ်စရာလေးပဲ

    ReplyDelete
  8. ရဲဘော်တို့ရေ
    You tube မှာ YGN Donation Channel လေးကို subscribe လေး ကူညီပေးကြပါဦးနော်
    🙏💪💪🤜🤛

    ReplyDelete
  9. Done by angel 041.

    ReplyDelete
  10. I wish I had but I can’t afford

    ReplyDelete
  11. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete
  12. မမွေးနိုင်ပါဘူးဗျာ စျေးကြီးချက်👍

    ReplyDelete
  13. Wheel........dope.🏹🏹🏹

    ReplyDelete
  14. ဈေးကြီးလို့ မမွေးနိုင်ပါဘူး
    ရိုးရိုးကြောင်လေးတွေပဲ မွေးထားပါတယ်

    ReplyDelete
  15. ကြောင်အစား ခွေးလေးပဲ မွေးချင်တာ

    ReplyDelete
  16. အိမ်ကကြောင်ငရှုပ်နဲ့တင်လုံလောက်နေပါပြီ‌ဗျာ😵‍💫

    ReplyDelete
  17. မမွေးတော့ပါဘူး

    ReplyDelete
  18. ကြောင်ကပဲ အိုင့်ကိုပြန်မွေးပါတော့ 🤧

    ReplyDelete

Post a Comment