Acronym-4 (CAPTCHA)

 Acronym-4 (CAPTCHA)

အတိုကောက်စာလုံးတွေကနေ ဝေါဟာရတစ်ခုအဖြစ်ပြောင်းလဲလာတဲ့ စကားလုံးတွေကို  Acronym လို့ခေါ်ပါတယ်။ Acronym တစ်ခုဖြစ်တဲ့ CAPTCHA အကြောင်း မျှဝေလိုက်ပါတယ်။


Click ခြင်းအလုပ်ဟာ နေ့စဉ်လုပ်ရမယ့်တာဝန်တစ်ရပ်ဖြစ်လာတဲ့ အခုလိုကာလမျိုးမှာ CAPTCHA ဆိုတာ မစိမ်းတော့တဲ့ အရာတစ်ခုဖြစ်နေပါပြီး။ CAPTCHA ဆိုတာရဲ့ အရှည်အဓိပ္ပါယ်ကတော့ Completely Automated Public Turing test to tell Computers and Humans Apart ဖြစ်ပါတယ်။   Internet အသုံးပြုနေသူဟာ လူသားတစ်ဦးဖြစ်ကြောင်း အတည်ပြုဖို့ ဖန်တီးထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ CAPTCHA ဆိုတဲ့စကားလုံးကို ၂၀၀၃ ခုနှစ်မှာ  Luis von Ahn, Manuel Blum, Nicholas J. Hopper, နဲ့ John Langford ဆိုတဲ့ ကွန်ပျူတာပညာရှင်တို့ကပူးပေါင်းဖန်တီးခဲ့ပါတယ်။ 


ဒီနည်းပညာဟာစတင်ပေါ်ပေါက်ခဲ့တာကတော့ အဲဒီထက်စောပါတယ်။ IT နည်းပညာဆိုင်ရာ လှည့်ဖျားမှုတွေ၊ AI နည်းပညာတွေ  တိုးတက်လာတဲ့ခေတ်မှာ Online ပေါ်က လုပ်ဆောင်ချက်တွေဟာ လူသားတစ်ဦးက ပြုလုပ်နေတာ သေချာဖို့လိုလာပါတယ်။ အဲဒါကိုဖြေရှင်းဖို့အတွက် စနစ်တစ်ခုကို ၁၉၉၇ မှကြံဆဖန်တီးခဲ့ပါတယ်။ အဲဒါကတော့ ပုံဖျက်ထားတဲ့ အက္ခရာနဲ့ဂဏန်းတွေကို မှန်အောင်ရိုက်ထည့်ပေးရတာပါ။ အခုအခါမှာတော့ ရုပ်ပုံတွေကိုရွေးချယ်ခိုင်းတဲ့စနစ်ဟာလည်း အသုံးများတဲ့ CHPTCHA ဖြစ်နေပါပြီ။ ဒီနည်းလမ်းဟာ မျက်မမြင်တို့အတွက်အခက်အခဲဖြစ်စေနိုင်တယ်ဆိုတဲ့ ဝေဖန်ကန့်ကွက်မှုတွေရှိပေမယ့် ယခုလက်ရှိမှာတော့ Google search engine လိုဟာမျိုးကအစ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါတယ်။ 


ကဲ...CAPTCHA ရုပ်ပုံလေးတွေမှန်အောင်ရွေးရင်းနဲ့ Clicker တာဝန် ဆက်လက်ကျေပြွန်ကြပါဦးစို့။ ရည်ရွယ်ရာပန်းတိုင်မရောက်မချင်းပေါ့။

Comments

  1. ✌️✌️✌️

    ReplyDelete
  2. တာဝန်ကျေရပါစေရမယ်

    ReplyDelete
  3. Thanks par 🧡🧡🧡

    ReplyDelete
  4. ARMY ဆိုတဲ့ BTS fanfom နိမ်းလိုပေါ့
    စစ်တပ်နဲ့ မသက်ဆိုင်ဘဲ ဒီအတိုင်း
    Adorable Representative M.C. For Youth

    ReplyDelete
  5. Wheel...........dope.🏹🏹🏹

    ReplyDelete
  6. ဟုတ်ကဲ့ပါ😘

    ReplyDelete
  7. Thanks for knowledge sharing

    ReplyDelete

Post a Comment