Screentime problem

 Screentime Problem

◾Screentime များလွန်းတာ​ကြောင့်

-အဝလွန်ခြင်း

-အိပ်ချိန်မမှန်ခြင်း

-​​ပြောဆိုပြုမူပုံနဲ့ ခံစားချက်ပိုင်းဆိုင်ရာပြဿနာများ​ ဖြစ်လာခြင်း

-ပညာသင်ယူမှုမှာ အ​နှောင့်အယှက်ဖြစ်ခြင်း

-အကြမ်းဖက်တတ်လာခြင်း

-ကိုယ်လက်လှုပ်ရှားပြီး ကစားရတဲ့ ကစားနည်း​တွေအတွက် အချိန်​​လျော့သွားခြင်း စတာ​တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ​ကြောင့် မိမိက​လေးငယ်ရဲ့ Screentimeကို ​သေချာကြပ်မတ်​စောင့်ကြည့်ပြီး စည်းကမ်းသတ်မှတ်ပေးဖို့ လိုပါတယ်။


◾Screentimeကို ​လျှော့ချဖို့ ရိုးရှင်းတဲ့နည်းလမ်း​လေး​တွေရှိပါတယ်။ 


-တီဗီကို မကြည့်ဘဲမဖွင့်ထားပါနဲ့။

ကိုယ်က ကြည့်မ​နေဘူးဆိုရင်​တောင် တီဗီကိုဖွင့်ထားရင် က​လေးက တီဗီရှိတဲ့ဆီကို အာရုံ​ရောက်သွားနိုင်ပါတယ်။ ဒါ​ကြောင့် ကြည့်စရာမရှိဘူးဆိုရင် တီဗီကို ပိတ်ထားပါ။ 


-တီဗီ၊ ဖုန်း၊ ကွန်ပြူတာ​တွေကို အိပ်ခန်းထဲမထားပါနဲ့။

အိပ်ခန်းထဲမှာ ကြည့်စရာ တီဗီ၊ ဖုန်း၊ ကွန်ပြူတာ တစ်ခုခုရှိ​နေရင် ​က​လေး​တွေက အဲဒီပစ္စည်း​တွေကို သုံးဖြစ်ဖို့ပိုများပါတယ်။ ဒါ​ကြောင့် ဒီပစ္စည်း​တွေကို အိပ်ခန်းမဟုတ်တဲ့ တစ်​နေရာရာမှာထားပြီး က​လေးက ဘယ်လိုအ​ကြောင်းအရာ​တွေကို ကြည့်ဖြစ်​နေလဲဆိုတာ မကြာခဏစစ်​ဆေး​ပေးပါ။ 


-တီဗီ​တွေ ဖုန်း​တွေကြည့်ရင်း အစားမစားပါနဲ့။

ထမင်းဖြစ်​ဖြစ်၊ မုန့်ဖြစ်ဖြစ် စား​နေတဲ့အချိန်မှာ တခြားဘာမှမကြည့်ခိုင်းပါနဲ့။ Screentime မြင့်တက်​စေတဲ့အပြင် စား​နေတဲ့ဆီ အာရုံမ​ရောက်ဘဲ သတိလက်လွတ်နဲ့ ဝါး​နေတာက ဝိတ်လည်းတက်​စေတာ​ကြောင့်ပါ။ 


-​က​လေးတွေ ကြည့်သင့်တဲ့အရာ​တွေကို စီစဥ်​ပေးပါ။

တွေ့ကရာ​​လျှောက်ကြည့်မယ့်အစား က​လေး​တွေအတွက် အကျိုးလည်းရှိပြီး ကြည့်လို့လည်း​ကောင်းမယ့် ဗီဒီယို​တွေ၊ အစီအစဥ်​​လေးတွေ ဖွင့်​ပေးပါ။ Games​တွေ Applications​တွေကို က​လေး​တွေအသုံးမပြုခင် လူကြီး​တွေက သင့်​တော်၊ မ​တော် အရင် ဆန်းစစ်​ပေးပါ။ 


-က​လေးနဲ့အတူတူ ကြည့်ပါ။

တတ်နိုင်သ​လောက် Screen ကြည့်ချိန်ကို က​လေးနဲ့အတူတူကုန်ဆုံး​ပေးရင်း ကြည့်​နေတဲ့အ​ကြောင်းအရာနဲ့ ပတ်သက်တဲ့ ကောင်းတာ၊ ဆိုး​တာတွေကို က​လေးသိ​အောင် ခွဲခြား​ပြောပြ​ပေးပါ။ 


-Screenကြည့်​နေရင်း ကိုယ်လက်လှုပ်ရှားဖြစ်​အောင် ဖန်တီးပါ။

တီဗီကြည့်​နေရင်း အကြောဆန့်တာ၊ ​ယောဂကျင့်တာ၊ ကြော်ငြာလာ​နေတဲ့အချိန်မှာ ​လေ့ကျင့်ခန်းပြိုင်လုပ်တာ စတဲ့ အကျင့်​ကောင်း​လေး​တွေကို လေ့ကျင့်​ပေးပါ။ ​လှုပ်ရှားပြီး ​ဆော့ရတဲ့ ဗီဒီယိုဂိမ်း​တွေကို ​ရွေး​ဆော့ခိုင်းပါ။


Comments