The Theory of Everything

 "The Theory of Everything"




   Stephen Hawking ဟာ black hole ၊ mini black hole ၊ space-time ဆိုတဲ့ subject တွေမှာ ယနေ့ခေတ် scientistတွေ အားလုံး လက်ခံနိုင်ကြတဲ့  theory တွေ ထုတ်ဖော်ခဲ့တဲ့ ကမ္ဘာကျော် theoretical physicist တစ်ယောက်ဖြစ်ပါတယ်။ 

ဒီဇာတ်လမ်းလေးကတော့ Stephen နဲ့ Jane တို့ရဲ့ love story လေးပဲဖြစ်ပါတယ်။(အဲ့အတွက်ကြောင့် Stephen ရဲ့ theoryအကြောင်းတွေ၊ သူ့ရဲ့scienceမှာ အောင်မြင်မှုတွေ အကြောင်းတွေကို သိပ်တွေ့ရမှာမဟုတ်ပါဘူး။)




   ◽ ဇာတ်လမ်းအကျဥ်းချုပ်လေးကတော့  " 1963မှာ Stephen Hawking ဟာ PhD physics အတွက် Cambridge University မှာ တက်ရောက်ခဲ့ပါတယ်။

◽Stephen ဟာ သူ့ သူငယ်ချင်း Bryan နဲ့အတူ party တစ်ခုကိုတက်ရောက်ရင်း Medieval Spanish potery student တစ်ယောက်ဖြစ်တဲ့ Jane Wilde နဲ့တွေ့ဆုံပြီး ချစ်ကျွမ်း၀င်ခဲ့ပါတယ်။ ◽Stephen ဟာ သူ့အသက် 21နှစ်အရွယ်မှာ motor neuron disease အမျိုးအစားဖြစ်တဲ့ amyotrophic lateral sclerosis (ALS) ကို စတင် ခံစားခဲ့ရပါတယ်

◽ 2နှစ် ၀န်းကျင်လောက်ပဲ အသက်ရှင်နိုင်မယ် တော့လို့ သိလိုက်ရတဲ့အခါ Stephenဟာ ဘယ်သူနဲ့မှ အတွေ့မခံဘဲ သူ့အခန်းထဲမှာပဲ နေခဲ့တယ်။ 

◽ဒါပေမယ့် Jane ဟာ Stephen ကို လက်မလျှော့စေဘဲ အားပေးခဲ့တယ်။ သစ္စာရှိစွာဖြင့် Stephen ကို လက်ထပ်ခဲ့ပါတယ်။ 

◽physical healthကို ဆုံးရှုံးခဲ့ပေမယ့် Stephenဟာ Janeရဲ့ ဖေးမမှုတွေ၊ အားပေးမှုတွေ၊ သူကိုယ်တိုင်ရဲ့ စိတ်အားထက်သန်မှုတွေကြောင့် သူရည်မှန်းထားတဲ့ scientific work တွေကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 

◽2နှစ်လောက်ပဲ အသက်ရှင်နိုင်တော့မယ်လို့ ခန့်မှန်းထားခဲ့ကြပေမယ့်လည်း Stephenဟာ ALSရောဂါကို စတင်ခံစားရချိန်ကစပြီး နောက်55နှစ်ကြာ‌‌အောင်အထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။

◽ Jane ဟာလည်း Stephen အနားမှာ နှစ်ပေါင်း30ကြာအောင် ပြုစုစောင့်ရှောက်ခဲ့ပါတယ်။Jane နဲ့ Stephen

တို့ဟာ ကြုံတွေ့ရတဲ့ ဘဝအခြေအနေတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့ကြပါတယ်။"



        ◽ဒီဇာတ်လမ်းမှာ Stephen နဲ့ Jane တို့ရဲ့ love ၊ loyal နဲ့ belief တွေကို ခံစားသိရှိရမှာပါ။ ခန္ဓာကိုယ်တစ်ခုလုံး collapse ဖြစ်သွားပေမယ့်လည်း Brain ကို ကောင်းစွာအသုံးချပြီး အသက်ရှင်ရပ်တည်ခဲ့တဲ့ Stephen ရဲ့ စိတ်အားထက်သန်မှုတွေ၊ hard workဖြစ်မှုတွေ၊ သူကိုယ်တိုင် သူ့ဘ၀ အတွက် ဘယ်လို motivate ဖြစ်သလဲဆိုတာ‌တွေကို အတုယူဖွယ်လေ့လာနိုင်မှာပါ။




   ◽ဒီဇာတ်လမ်းဟာ British romantic biographical drama အမျိုးအစားဖြစ်ပါတယ်။ Jane Hawking ရေးသားထားတဲ့ "Travelling to infinity: My Life with Stephen" ဆိုတဲ့ Book ကို အခြေခံရိုက်ကူးထားပါတယ်။ Cambridge University ကို နောက်ခံထားပြီး Director James Marsh က ရိုက်ကူးခဲ့ပါတယ်။

2014 ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ movie ရဲ့ ကြာချိန်ကတော့ 2 hours ရှိပြီး rotten tomatoes 80% ရရှိထားပါတယ်။ Stephen အဖြစ် Eddie Redmayne ၊ Jane အဖြစ် Felicity Jones တို့နဲ့ အခြားသောအနုပညာရှင်တို့ရဲ့ ပီပြင်သောသရုပ်ဆောင်မှုတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ 




◽Stephen အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Eddie ဟာဆိုရင်လည်း Best actor in a Leading Role အတွက် Oscar ရရှိခဲ့ပါတယ်။ Stephen Hawking ကိုယ်တိုင်ကလည်း ဒီဇာတ်လမ်းထဲမှာ သူ့ဘဝရဲ့ Reflection ကို ပြန်တွေ့ရတယ်လို့တောင် ချီးကျူးပြောဆိုထားပါတယ်။ 


◽အဲ့အတွက်ကြောင့် ကြည့်ပြီးရင် နောင်တမရစေမယ့် movie လေးဖြစ်ပါတယ်။

Comments

Post a Comment