Zoom MV review

 

 တို့မကြီး "Jessi" ရဲ့ kpop သမိုင်းတလျှောက် ကမ္ဘာတစ်ဝှမ်း လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ "NUNU NANA" သီချင်းလိုမျိုးပဲ ဒီတစ်ခါမှာလည်း အရမ်းမိုက်တဲ့ "Zoom" သီချင်းဟာ Aprilလ 13ရက်နေ့က ထွက်ရှိခဲ့ပါတယ်🔥

 

မကြီး Jessi style အတိုင်းပဲ…ကိုယ့်ကို မကြိုက်ဘူး၊ မတည့်ဘူး၊ အမြင်ကပ်တယ် ဆိုပြီး ကွယ်ရာမှာတော့ ကိုယ့်ကို အမြဲစောင့်ကြည့်နေကာ ကိုယ်လုပ်တဲ့အတိုင်း လိုက်လုပ်၊ ကိုယ်ဝတ်တဲ့အတိုင်း လိုက်ဝတ်ပြီး ကိုယ့်ကို တိတ်တခိုးအားကျနေရှာရတဲ့ လူတွေအကြောင်းကို ဒဲ့ဖဲ့ထားတဲ့ ထိမိလှတဲ့ အမိုက်စားစာသားတွေနဲ့ ရေးစပ်ထားတဲ့ သီချင်းပဲ ဖြစ်ပါတယ်🔥

 

ဒါ့အပြင် သီချင်းရဲ့ကကွက်ကလည်း အရမ်းမိုက်တဲ့ကြောင့် #zoomchallenge ဆိုပြီး အများသူငါ အရမ်းတွေ ကနေကြပြီပဲ ဖြစ်ပါတယ်။ clickersလေးတို့လည်း clickကြရင်း စိတ်ထွက်ပေါက်အနေနဲ့ ထိုအကလေးကို tryကြည့်ကြပါလို့ အကြံပြုလိုက်ပါတယ်နော်❣️


Zoom ( Jessi ) - https://youtu.be/6j928wBZ_Bo


Comments

  1. Zoom In/Zoom out ဆိုပြီး ထိုင်းက ကိုကြီးတွေ ဘော်ဒီပဲ လိုက်ကြည့်မိနေလို့

    ReplyDelete

Post a Comment