Posts

Jimson Weed/White Flower No.1

Image
  Jimson Weed/White Flower No.1 (Georgia O'keeffe) Georgia O'keeffe (1887-1986) ဟာ အမေရိကန်ပန်းချီဆရာမတစ်ဦးဖြစ်ပြီး သူမကို Mother of American modernism လို့တောင် သတ်မှတ်ကြပါတယ်။ O'keeffe ဟာ Chicago နဲ့ New York မြို့ကအနုပညာကျောင်းတွေမှာ ပန်းချီပညာကို လေ့လာဆည်းပူးခဲ့ပါတယ်။ သူမဟာ အသက် 30 ကျော်အရွယ်မှာ သူမရဲ့ ကိုယ်ပိုင်ဟန်ကို ဖမ်းဆုပ်ရယူနိုင်ခဲ့ပြီး ထူးခြားတဲ့မော်ဒန်လက်ရာတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူမဟာ ပန်းပွင့်တွေကို အနီးကပ်မြင်ရတဲ့ ပန်းချီကားတွေနဲ့ နာမည်ကျော်ပါတယ်။ ပန်းပွင့်ပုံတွေအပြင် ဦးခေါင်းခွံ၊ တိရစ္ဆာန်အရိုး၊ အမေရိကမိုးမျော်တိုက် စတဲ့ Contents တွေနဲ့ ဖန်တီးထားတဲ့ လက်ရာတွေလဲရှိပါတယ်။  O'keeffe ရဲ့လက်ရာတွေထဲက လေလံဈေးအမြင့်ဆုံးရရှိခဲ့တဲ့ ပန်းချီကားကတော့ Jimson Weed/White Flower No.1 ဖြစ်ပါတယ်။ 2014 ခုနှစ်လေလံပွဲတစ်ခုမှာ ဒီပန်းချီကားကို US$ 44.4 သန်းနဲ့ billionaire အမျိုးသမီးတစ်ဦးက ဝယ်ယူသွားခဲ့ပါတယ်။ Jimson weed ဟာ O'keeffe ရဲ့ အနှစ်သက်ဆုံး Content တစ်ခုဖြစ်ပြီး အခြား Jimson weed လက်ရာတွေလည်းရှိပါတယ်။ No.1 လက်ရာကတော့ Jimson weed ပန်းပွင့်တစ်ပွင့်ထဲကို 48 × 40 လက်မ...