Anaemia

 သွေးအားနည်းခြင်းအကြောင်း

သွေးအားနည်းခြင်းဆိုတာ ခန္ဓာကိုယ်တွင်းကသွေးနီဥနည်းပါးလို့ဖြစ်ပါတယ်။ သွေးနီဥဆိုတာ သင့်ခန္ဓာကိုယ်ကတစ်ရှူးတွေဆီ လုံလောက်တဲ့အောက်စီဂျင်သယ်ပေးတဲ့ အရာလေးတွေဖြစ်ပါတယ်။ သွေးအားနည်းခြင်းက မျိုးရိုးလိုက်လို့ဖြစ်တာရှိသလို အာဟာရချို့တဲ့လို့ဖြစ်တာ၊ သွေးထွက်လွန်ခြင်းကြောင့်ဖြစ်တာတွေလည်းရှိပါတယ်။ 

သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေနဲ့ မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 


၁။သွေးအားနည်းခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ???


သွေးအားနည်းလာတဲ့အခါ-

-မောပန်းခြင်း

-အားအင်ချိနဲ့ခြင်း

-ဖြူဖတ်ဖြူရော်ဖြစ်ခြင်း

-နှလုံးခုန်မမှန်မောခြင်း

-အသက်ရှူမြန်ခြင်း

-ခေါင်းမူးခေါင်းကိုက်ခြင်း

-ရင်ဘတ်အောင့်ခြင်း 

-လက်ဖျားခြေဖျားအေးစက်ခြင်း

အထက်ပါလက္ခဏာတွေက ယေဘူယျအားဖြင့် သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ ဘယ်လိုရောဂါကြောင့် သွေးအားနည်းခြင်းဖြစ်ရလဲ ဆိုတာကိုတော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။ 



၂။ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ကုသတိုင်ပင်သင့်လဲ???


-လှုပ်လှုပ်ရှားရှားမလုပ်ပဲအလိုအလျှောက်မောနေပြီ ခန္ဓာကိုယ်မှာလည်းသွေးထွက်တဲ့နေရာတွေရှိတာကြာနေပြီဆိုရင်တော့ဆရာဝန်နဲ့ကုသတိုင်ပင်သင့်ပြီးကုသမှုခံယူသင့်ပါတယ်။ 


၃။သွေးအားနည်းခြင်းမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ???


မျိုးရိုးလိုက်လို့ဖြစ်တဲ့သွေးအားနည်းခြင်းအတွက်ကာကွယ်လို့မရပေမယ့် အာဟာရချို့တဲ့လို့ဖြစ်တဲ့သွေးအားနည်းခြင်းအတွက် ကာကွယ်လို့ရပါတယ်။ 


-သံဓာတ်များတဲ့ အမဲသားနှင့် အသားများ၊ 

ဟင်းသီးဟင်းရွက်များ ၊ သစ်သီးခြောက်များစားပေးပါ။ 


-Vitamin C ပါတဲ့ အသီးအနှံတွေများများစားပါ။ 


-ရေများများသောက်ပါ။ 


-အိပ်ရေးဝဝအိပ်ပါ။ 


-ကော်ဖီ ၊ လက်ဖက်ရည်တွေရှောင်ပေးပါ။ 


-ရောဂါမဖြစ်ခင်ကကြိုတင်ကာကွယ်ရအောင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့တိုင်ပင်ပါ။ 



အားလုံးကိုယ်ကျန်းမာ၊စိတ်ချမ်းသာကြပါစေ🙏





Comments

  1. ကျေးဇူးတင်ပါတယ် ဗျ

    ReplyDelete
  2. အလံကို

    ထိပ်ဆုံးလူလက်

    ထိလုလုအချိန်……


    ချောတိုင်ရင်းကို

    တင်းတင်းဖက်ထားတဲ့

    အောက်ဆုံးလူ ပုခုံးသားမျိုး

    တို့နှလုံးသားတွေ

    သန်မာစမ်းပါရစေ……


    #မင်းကိုနိုင်

    ReplyDelete
  3. Never underestimate our enemy but no need to afraid
    Be safe and strong

    ReplyDelete
  4. ပင်လယ်နှင့်တူသည့် အများပြည်သူအကုန်လုံးခံစားခွင့်ရမည့် နိုင်ငံငြိမ်းချမ်းလွတ်လပ်ရေးအတွက်
    ရေစက်တစက်နှင့်တူသော လက်များမပျက်မကွက်ကမ်းစို့

    ReplyDelete
  5. သိုင်းခရူးပါဗျ

    ReplyDelete
  6. Click 💄💄💄 🍍🍍🍍

    ReplyDelete
  7. Thanks for sharing.

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment