Vocab 30

 Click and Learn (Vocabulary)

Part 30

Bamboozle- / bamˈbuːz(ə)l / - Verb

ဟေ့လူတွေ.. သေချာဖတ် Bumblebee မဟုတ်ဘူး Transformer နဲ့မမှားနဲ့ 😒

လိမ်တယ် ညာတယ် လူညာကြီးရယ် ယုံအောင်ဖြီးတတ်တယ်ဆိုတဲ့သီချင်းထဲကလို လူတစ်ယောက်ယုံအောင် လိမ်တာ လှည့်စားတာကို Bamboozle လို့ သုံးပါသတဲ့။ trick deceive နဲ့ ပုံစံတူပါပဲ။ အသုံးနောက်တစ်မျိုးပေါ့လေ။

English – to deceive, trick or confuse/ cheat or fool

မြန်မာပြန် - လိမ်ညာသည်၊ လှည့်စားသည်၊ အရူးလုပ်သည် ။ ဂျင်းထဲ့သည်လို့လဲ ပြောလို့ရပါတယ်။


ဥပမာ -

I got bamboozled by the salesperson to buy a more expensive model.

ငါကို စျေးပိုကြီးတဲ့ ပစ္စည်းဝယ်မိအောင် အရောင်းသမားက ဂျင်းထဲ့သွားသဟေ့။

The quarterback was bamboozled by an unexpected defense.

တိုက်စစ်မှူးကြီးတစ်ယောက် ထင်မှတ်မထားတဲ့ နောက်တန်းခုခံမှုနဲ့ အရူးလုပ်ခံလိုက်ရလေရဲ့။


ကိုယ့်တွေလည်း စခတွေကို Bamboozle လုပ်ဖို့ ပါးပါးနပ်နပ်နဲ့ မပြောသင့် မရှဲသင့်တဲ့သတင်းတွေကို သတိထားကြပါဦးဗျို့။

Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေးတာမို့ အမှားပါခဲ့ရင် ပြုပြင်ပေးခဲ့ကြပါဗျာ။


LWINT

Comments

Post a Comment