ကားမူးခြင်း

 ကားမူးခြင်း (motion sickness)




 Image Credit: AsapSCIENCE Youtube


🔺️လူ​တွေရဲ့ ဦး​နှောက်က လှုပ်ရှားမှုကို အာရုံခံနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းမျိုးစုံက​နေ ​ပေးပို့တဲ့ အချက်အလက်​တွေကို အချိန်နဲ့အမျှ လက်ခံ​နေပါတယ်။ ကား၊ ​လေယာဥ်၊ သင်္ဘော စတဲ့ ယာဥ်​တွေကို စီးနဲ့အခါမှာ အဲဒီအစိတ်အပိုင်းမျိုးစုံက​​နေ ဦး​နှောက်ကို​ပေးပို့တဲ့ အချက်အလက်​တွေက မတူညီ​တော့တာမျိုး (ဥပမာ- မျက်လုံးနဲ့ နား​တွေက ​ရွေ့လျားမှုကို ခံစားရ​ပေမယ့် ​ခြေ​တွေ၊ လက်​တွေက ငြိမ်​နေပြီး လှုပ်ရှားမှုကို မခံစားမိတာမျိုး) ဖြစ်သွားနိုင်ပါတယ်။ အဲဒီလို မတူညီတဲ့ အချက်အလက်​တွေ လက်ခံရရှိမှု​ကြောင့် ဦး​နှောက်က ရှုပ်​ထွေးသွားတဲ့အခါ ကားမူးတယ်ဆိုတာ ဖြစ်လာပါတယ်။ 


🔺️ကားမူးတဲ့အခါ မူး​ဝေ​အော့အန်ခြင်း၊ ​ချွေး​စေးထွက်ခြင်း၊ ​ခေါင်းကိုက်ခြင်း၊ ပင်ပန်းနုံးချိခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပုံမှန်ထက် တံ​တွေးပိုထွက်ခြင်း စတဲ့ လက္ခဏာ​တွေကို ခံစားရနိုင်ပါတယ်။ 


🔺️အမျိုးသား​တွေထက် အမျိုးသမီး​တွေမှာ ပိုအဖြစ်များပါတယ်။ ကိုယ်ဝန်​ဆောင်​တွေ၊ ခေါင်းတစ်ခြမ်းကိုက်​ရောဂါ ရှိတဲ့သူ​တွေမှာလည်း ကားမူးတာ ဖြစ်နိုင်​ခြေပိုများပါတယ်။ 


🔺️ကားမူးတာကို သက်သာ​​​အောင် လုပ်လို့ရတဲ့ အချက်​​လေး​တွေ ရှိပါတယ်။ 


🔸️ကားမူးတာကို သက်သာစေဖို့အတွက် မိမိနေသာသလိုနေဖို့အရေးကြီးပါတယ်။ ဥပမာ အချို့လူတွေက လှဲနေရင် ကားမူးတာ သက်သာပြီး အချို့ကတော့ ခဏလောက် ထလိုက်၊ အကြောလျော့လိုက်တဲ့အခါ ပိုသက်သာသွားတာမျိုး​တွေ ရှိပါတယ်။ 

                                                                   🔸️လေရတဲ့ နေရာ (သို့မဟုတ်) ကားမှန်ဖွင့်ရတဲ့နေရာတွေမှာ စီးပါ။ ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ငွေ့ရှူမိခြင်းများက ကားမူးတာကို ပိုဆိုး​စေတာ​ကြောင့် ​ရှောင်ကြဥ်ပါ။


🔸️အချဉ်ပါတဲ့မုန့်​တွေ၊ အသီးတွေ စား​ပေးပါ။ ဒါပေမယ့် အဆီများပြီး အချိုလွန်ကဲတဲ့ အစားအစာတွေကို​တော့ မစားသင့်ပါဘူး။ 


🔸️ရေအေး တစ်ငုံ သို့မဟုတ် အချိုသိပ်မများတဲ့ အချိုရည်လေး တစ်ငုံလောက် သောက်ပေးလို့ ရပါတယ်။ ရေဓာတ်ပြတ်လပ်ခြင်းက ကားမူးတာကို ပိုဆိုး​စေတာကြောင့် တခုခုသောက်ပေးသင့်ပါတယ်။ 


🔸️ကားမူးတတ်သူတွေဟာ ကားစီးနေစဥ် လှုပ်နေချိန်မှာ စာအုပ် (သို့မဟုတ်) စာသား​တွေကို ဖတ်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ တစ်ခုခုကို အနီးကပ်အာရုံစိုက် ကြည့်​နေတဲ့အခါ ပိုဆိုးသွားစေနိုင်တာ​ကြောင့် အသံစာအုပ်​တွေ၊ သီချင်းတွေ နားထောင်ခြင်း သို့မဟုတ် အချိန်ကုန်စေဖို့ တစ်ရေးတစ်​မောအိပ်ခြင်းတို့ လုပ်ကြည့်ပါ။ 


🔸️Chamomile လက်ဖက်ရည်ဟာ ပျို့အန်ခြင်းအတွက် နာမည်ကြီးတဲ့ ရိုးရာဆေးတစ်လက်ဖြစ်ပါတယ်။ ပျို့အန်နေတဲ့အခါ အိပ်ပျော်အောင် ကူညီပေးနိုင်တဲ့ စိတ်ငြိမ်ဆေး အာနိသင်ရှိပါတယ်။ စိတ်ပူပန်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ 


🔸️Dimenhydrinate (Dramamine)၊ Diphenhydramine (Benadryl)နဲ့ Meclizine (Antivert) တို့ထဲက တစ်ခုခုပါဝင်တဲ့ ဆေးကို ခရီးမသွားမီ မိနစ်(၃၀)မှ (၆၀)အတွင်းနဲ့ ခရီးသွားနေစဥ် ခြောက်နာရီတိုင်း တစ်ခါသောက်​ပေးပါ။ Dimenhydrinate နှင့် Diphenhydramine တို့ကို က​လေး​တွေကို တိုက်မယ်ဆိုရင်​တော့ သောက်သုံးရမည့်ပမာဏကို ဆရာဝန်နှင့် ဆွေးနွေးပြီးမှတိုက်သင့်ပါတယ်။


🔸️Scopolamine လို့​ခေါ်တဲ့ နားနောက်ဘက်နေရာမှာ ကပ်ရတဲ့ဆေးတစ်မျိုးကိုလည်း သုံးလို့ရပါတယ်။ ကားမစီးမီ အနည်းဆုံး (၄)နာရီ ကြိုကပ်ထားရပြီး (၃)ရက်အထိ ကပ်ထားလို့ရပါတယ်။ ခံတွင်းခြောက်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရှိပါတယ်။ ဒီဆေးဟာ ကလေး​တွေအတွက်​တော့ လုံးဝ မသင့်လျှော်ပါဘူး။ 


🔸️Promethazine ဆိုတဲ့ ကားမူးပြေဆေးကိုလဲ သောက်လို့ရပါတယ်။ ဒီဆေးက အသက် ၆၅နှစ်အောက် အရွယ်ရောက်ပြီးသား လူတွေမှာ ၂၅မီလီဂရမ် ဆေးကို တစ်နေ့ ၂ကြိမ် သောက်နိုင်ပါတယ်။ ကားမစီးခင် နာရီဝက်၊ တစ်နာရီ အလိုမှာ သောက်ပေးနိုင်ပါတယ်။ အသက် ၂နှစ် နဲ့ ၁၇ နှစ်ကြား ကလေးတွေမှာတော့ သောက်ရမယ့် ပမာဏကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။ 


🔸ကားမူးပြေဆေးတွေက အမြဲ စွဲသောက်ဖို့ အဆင်မပြေတဲ့ အတွက်ကြောင့် အလုပ်ကိစ္စနဲ့ အမြဲ ကားစီးနေရတဲ့ လူတွေ အတွက် ရေရှည်‌မှီဝဲဖို့ ဖြည့်စွက်စာတွေ သောက်ပေးလို့ရပါတယ်။ 


-Vitamin B6 (ခေါ်) Pyridoxine ဆိုတဲ့ ‌ဆေးကိုလဲ နေ့စဉ် မှီဝဲလို့ ရပါတယ်။ ခန္ဓာကိုယ်ရဲ့ B6 ပမာဏကို မြှင့်ပေးတာက ကားမူးတာကို သက်သာစေပါတယ်။ အရွယ်ရောက်ပြီးသား လူအတွက် တစ်နေ့ ပမာဏ အများဆုံး ၁၀၀ မီလီဂရမ် သောက်နိုင်ပါတယ်။ 


-B6 ဝယ်တဲ့ အခါ သတိပြုစရာ တစ်ချက်က ဆေးဆိုင်တွေမှာ B6 ပြောဝယ်ရင် Dimenhydrinate လို့ ခေါ်တဲ့ ကားမူးပြေဆေးကို ရောင်းတတ်ပါတယ်။ Dimenhydrinate က B6 လို စွဲသောက်ဖို့ မသင့်တာကြောင့် ဝယ်တဲ့အခါ ဆေးကဒ်မှာ B6 (သို့မဟုတ်) Pyridoxine ဆိုတဲ့ စာသား ပါ၊မပါ စစ်ဆေးပြီးမှ ဝယ်သင့်ပါတယ်။ 


🔸️ဂျင်း နဲ့ ပူစီနံရွက်ကို နေ့စဉ် စားပေးတာကလဲ ကားမူးတာ သက်သာစေပါတယ်။

ဂျင်း ၅၅၀ မီလီဂရမ် (လက်သည်းခွံ) ပမာဏကို တနေ့ တစ်ကြိမ် စားပေးပါ။ သို့မဟုတ် ပူစီနံရွက် အနည်းငယ်ကို တနေ့ ၂ကြိမ် မှီဝဲပေးပါ။ 


❗တကယ်လို့ သင့်မှာ ​ရောဂါတစ်ခုခုရှိရင် (သို့မဟုတ်) စွဲ​သောက်​နေတဲ့ ​ဆေး၊ ​ဖြည့်စွက်စာ တစ်မျိုးမျိုး ရှိ​နေတယ်ဆိုရင်​တော့ အထက်မှာ ​ဖော်ပြခဲ့တဲ့ ဆေး​တွေကို ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ​သောက်သင့်ပါတယ်။


Comments

  1. Thanks ✌️✌️🍀🍀

    ReplyDelete
  2. ကားအရမ်းမူးတတ်တာမို့လို့ဒီtip​လေး​တွေကကိုယ့်အတွက်တကယ်အကျိုးရှိတယ် ​ကျေးဇူးတင်ပါတယ်အက်မင်🤍

    ReplyDelete
    Replies
    1. အမှန်မှာတော့ ကားကမူးတာမဟုတ်ပါဘူး။လူကမူးတာပါ😁😁😁

      Delete
    2. မဟုတ်ဘူး မဟုတ်ဘူး ကားကမူးတာဘဲ😆

      Delete
    3. မရဘူး လူကမူးတာ။ကားက မမူးဘူး😁😁

      Delete
  3. Share ေပးလို့ေကျးဇူးပါ

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. Thanks a lot 💕👍🏻

    ReplyDelete
  6. 👍👍💪

    ReplyDelete
  7. ကားမူးတတ်သူပါ

    ReplyDelete
    Replies
    1. လူမူးတာပါ ကားမူးတာမဟုတ်ပါ😁😁

      Delete
    2. အကိုပြောမှစဥ်းစားမိ😇

      Delete
    3. သူဒီကိစ္စကိုမတအားရှင်းချင်နေတာ😆

      Delete
    4. မှားနေတာကို မမှန်ဘူးလိုပြောချင်တာပါ😁😁

      Delete
    5. ဟုတ်ပါတယ်ကော်ရီးမှန်တယ်😁

      Delete
  8. 😄😄🤗

    ReplyDelete
  9. Thanks for Sharing.

    ReplyDelete
  10. ကားမူးတတ်တော့ အကျိုးရှိတဲ့စာစုလေးပါ ကျေးဇူးတင်ပါတယ်

    ReplyDelete
  11. Done click Angel 041

    ReplyDelete
  12. Wheel..........dope.🏹🏹🏹

    ReplyDelete

Post a Comment