ကားမူးခြင်း
ကားမူးခြင်း (motion sickness)
Image Credit: AsapSCIENCE Youtube
🔺️လူတွေရဲ့ ဦးနှောက်က လှုပ်ရှားမှုကို အာရုံခံနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းမျိုးစုံကနေ ပေးပို့တဲ့ အချက်အလက်တွေကို အချိန်နဲ့အမျှ လက်ခံနေပါတယ်။ ကား၊ လေယာဥ်၊ သင်္ဘော စတဲ့ ယာဥ်တွေကို စီးနဲ့အခါမှာ အဲဒီအစိတ်အပိုင်းမျိုးစုံကနေ ဦးနှောက်ကိုပေးပို့တဲ့ အချက်အလက်တွေက မတူညီတော့တာမျိုး (ဥပမာ- မျက်လုံးနဲ့ နားတွေက ရွေ့လျားမှုကို ခံစားရပေမယ့် ခြေတွေ၊ လက်တွေက ငြိမ်နေပြီး လှုပ်ရှားမှုကို မခံစားမိတာမျိုး) ဖြစ်သွားနိုင်ပါတယ်။ အဲဒီလို မတူညီတဲ့ အချက်အလက်တွေ လက်ခံရရှိမှုကြောင့် ဦးနှောက်က ရှုပ်ထွေးသွားတဲ့အခါ ကားမူးတယ်ဆိုတာ ဖြစ်လာပါတယ်။
🔺️ကားမူးတဲ့အခါ မူးဝေအော့အန်ခြင်း၊ ချွေးစေးထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနုံးချိခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပုံမှန်ထက် တံတွေးပိုထွက်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
🔺️အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်တွေ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရှိတဲ့သူတွေမှာလည်း ကားမူးတာ ဖြစ်နိုင်ခြေပိုများပါတယ်။
🔺️ကားမူးတာကို သက်သာအောင် လုပ်လို့ရတဲ့ အချက်လေးတွေ ရှိပါတယ်။
🔸️ကားမူးတာကို သက်သာစေဖို့အတွက် မိမိနေသာသလိုနေဖို့အရေးကြီးပါတယ်။ ဥပမာ အချို့လူတွေက လှဲနေရင် ကားမူးတာ သက်သာပြီး အချို့ကတော့ ခဏလောက် ထလိုက်၊ အကြောလျော့လိုက်တဲ့အခါ ပိုသက်သာသွားတာမျိုးတွေ ရှိပါတယ်။
🔸️လေရတဲ့ နေရာ (သို့မဟုတ်) ကားမှန်ဖွင့်ရတဲ့နေရာတွေမှာ စီးပါ။ ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ငွေ့ရှူမိခြင်းများက ကားမူးတာကို ပိုဆိုးစေတာကြောင့် ရှောင်ကြဥ်ပါ။
🔸️အချဉ်ပါတဲ့မုန့်တွေ၊ အသီးတွေ စားပေးပါ။ ဒါပေမယ့် အဆီများပြီး အချိုလွန်ကဲတဲ့ အစားအစာတွေကိုတော့ မစားသင့်ပါဘူး။
🔸️ရေအေး တစ်ငုံ သို့မဟုတ် အချိုသိပ်မများတဲ့ အချိုရည်လေး တစ်ငုံလောက် သောက်ပေးလို့ ရပါတယ်။ ရေဓာတ်ပြတ်လပ်ခြင်းက ကားမူးတာကို ပိုဆိုးစေတာကြောင့် တခုခုသောက်ပေးသင့်ပါတယ်။
🔸️ကားမူးတတ်သူတွေဟာ ကားစီးနေစဥ် လှုပ်နေချိန်မှာ စာအုပ် (သို့မဟုတ်) စာသားတွေကို ဖတ်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ တစ်ခုခုကို အနီးကပ်အာရုံစိုက် ကြည့်နေတဲ့အခါ ပိုဆိုးသွားစေနိုင်တာကြောင့် အသံစာအုပ်တွေ၊ သီချင်းတွေ နားထောင်ခြင်း သို့မဟုတ် အချိန်ကုန်စေဖို့ တစ်ရေးတစ်မောအိပ်ခြင်းတို့ လုပ်ကြည့်ပါ။
🔸️Chamomile လက်ဖက်ရည်ဟာ ပျို့အန်ခြင်းအတွက် နာမည်ကြီးတဲ့ ရိုးရာဆေးတစ်လက်ဖြစ်ပါတယ်။ ပျို့အန်နေတဲ့အခါ အိပ်ပျော်အောင် ကူညီပေးနိုင်တဲ့ စိတ်ငြိမ်ဆေး အာနိသင်ရှိပါတယ်။ စိတ်ပူပန်မှုကိုလည်း သက်သာစေနိုင်ပါတယ်။
🔸️Dimenhydrinate (Dramamine)၊ Diphenhydramine (Benadryl)နဲ့ Meclizine (Antivert) တို့ထဲက တစ်ခုခုပါဝင်တဲ့ ဆေးကို ခရီးမသွားမီ မိနစ်(၃၀)မှ (၆၀)အတွင်းနဲ့ ခရီးသွားနေစဥ် ခြောက်နာရီတိုင်း တစ်ခါသောက်ပေးပါ။ Dimenhydrinate နှင့် Diphenhydramine တို့ကို ကလေးတွေကို တိုက်မယ်ဆိုရင်တော့ သောက်သုံးရမည့်ပမာဏကို ဆရာဝန်နှင့် ဆွေးနွေးပြီးမှတိုက်သင့်ပါတယ်။
🔸️Scopolamine လို့ခေါ်တဲ့ နားနောက်ဘက်နေရာမှာ ကပ်ရတဲ့ဆေးတစ်မျိုးကိုလည်း သုံးလို့ရပါတယ်။ ကားမစီးမီ အနည်းဆုံး (၄)နာရီ ကြိုကပ်ထားရပြီး (၃)ရက်အထိ ကပ်ထားလို့ရပါတယ်။ ခံတွင်းခြောက်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရှိပါတယ်။ ဒီဆေးဟာ ကလေးတွေအတွက်တော့ လုံးဝ မသင့်လျှော်ပါဘူး။
🔸️Promethazine ဆိုတဲ့ ကားမူးပြေဆေးကိုလဲ သောက်လို့ရပါတယ်။ ဒီဆေးက အသက် ၆၅နှစ်အောက် အရွယ်ရောက်ပြီးသား လူတွေမှာ ၂၅မီလီဂရမ် ဆေးကို တစ်နေ့ ၂ကြိမ် သောက်နိုင်ပါတယ်။ ကားမစီးခင် နာရီဝက်၊ တစ်နာရီ အလိုမှာ သောက်ပေးနိုင်ပါတယ်။ အသက် ၂နှစ် နဲ့ ၁၇ နှစ်ကြား ကလေးတွေမှာတော့ သောက်ရမယ့် ပမာဏကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
🔸ကားမူးပြေဆေးတွေက အမြဲ စွဲသောက်ဖို့ အဆင်မပြေတဲ့ အတွက်ကြောင့် အလုပ်ကိစ္စနဲ့ အမြဲ ကားစီးနေရတဲ့ လူတွေ အတွက် ရေရှည်မှီဝဲဖို့ ဖြည့်စွက်စာတွေ သောက်ပေးလို့ရပါတယ်။
-Vitamin B6 (ခေါ်) Pyridoxine ဆိုတဲ့ ဆေးကိုလဲ နေ့စဉ် မှီဝဲလို့ ရပါတယ်။ ခန္ဓာကိုယ်ရဲ့ B6 ပမာဏကို မြှင့်ပေးတာက ကားမူးတာကို သက်သာစေပါတယ်။ အရွယ်ရောက်ပြီးသား လူအတွက် တစ်နေ့ ပမာဏ အများဆုံး ၁၀၀ မီလီဂရမ် သောက်နိုင်ပါတယ်။
-B6 ဝယ်တဲ့ အခါ သတိပြုစရာ တစ်ချက်က ဆေးဆိုင်တွေမှာ B6 ပြောဝယ်ရင် Dimenhydrinate လို့ ခေါ်တဲ့ ကားမူးပြေဆေးကို ရောင်းတတ်ပါတယ်။ Dimenhydrinate က B6 လို စွဲသောက်ဖို့ မသင့်တာကြောင့် ဝယ်တဲ့အခါ ဆေးကဒ်မှာ B6 (သို့မဟုတ်) Pyridoxine ဆိုတဲ့ စာသား ပါ၊မပါ စစ်ဆေးပြီးမှ ဝယ်သင့်ပါတယ်။
🔸️ဂျင်း နဲ့ ပူစီနံရွက်ကို နေ့စဉ် စားပေးတာကလဲ ကားမူးတာ သက်သာစေပါတယ်။
ဂျင်း ၅၅၀ မီလီဂရမ် (လက်သည်းခွံ) ပမာဏကို တနေ့ တစ်ကြိမ် စားပေးပါ။ သို့မဟုတ် ပူစီနံရွက် အနည်းငယ်ကို တနေ့ ၂ကြိမ် မှီဝဲပေးပါ။
❗တကယ်လို့ သင့်မှာ ရောဂါတစ်ခုခုရှိရင် (သို့မဟုတ်) စွဲသောက်နေတဲ့ ဆေး၊ ဖြည့်စွက်စာ တစ်မျိုးမျိုး ရှိနေတယ်ဆိုရင်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ ဆေးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
Done 💪
ReplyDeleteDone
ReplyDeleteThanks ✌️✌️🍀🍀
ReplyDeletedone
ReplyDelete'Viva la revolution'
ReplyDeleteThanks မင်မင်
ReplyDeleteDone
Deleteကားအရမ်းမူးတတ်တာမို့လို့ဒီtipလေးတွေကကိုယ့်အတွက်တကယ်အကျိုးရှိတယ် ကျေးဇူးတင်ပါတယ်အက်မင်🤍
ReplyDeleteအမှန်မှာတော့ ကားကမူးတာမဟုတ်ပါဘူး။လူကမူးတာပါ😁😁😁
Deleteမဟုတ်ဘူး မဟုတ်ဘူး ကားကမူးတာဘဲ😆
Deleteမရဘူး လူကမူးတာ။ကားက မမူးဘူး😁😁
DeleteShare ေပးလို့ေကျးဇူးပါ
ReplyDeleteThis comment has been removed by the author.
ReplyDelete❤️💜
ReplyDelete❤️💜
Delete❤️💜
Deletepp
ReplyDeleteThanks a lot 💕👍🏻
ReplyDelete👍👍💪
ReplyDeletepp
ReplyDeleteကားမူးတတ်သူပါ
ReplyDeleteလူမူးတာပါ ကားမူးတာမဟုတ်ပါ😁😁
Deleteအကိုပြောမှစဥ်းစားမိ😇
Delete👍👍😁
Deleteသူဒီကိစ္စကိုမတအားရှင်းချင်နေတာ😆
Deleteမှားနေတာကို မမှန်ဘူးလိုပြောချင်တာပါ😁😁
Deleteဟုတ်ပါတယ်ကော်ရီးမှန်တယ်😁
Deletepp
ReplyDelete😄😄🤗
ReplyDeletepp
ReplyDeleteThanks for Sharing.
ReplyDeletepp
ReplyDeleteDone🥰
ReplyDeletepp
ReplyDeleteDone🥰
ReplyDeletepp
ReplyDeleteDone
ReplyDeleteကားမူးတတ်တော့ အကျိုးရှိတဲ့စာစုလေးပါ ကျေးဇူးတင်ပါတယ်
ReplyDeleteDone🥰
ReplyDeleteDone🥰
ReplyDeleteDone click Angel 041
ReplyDeleteDonee
ReplyDeleteDone🥰
ReplyDeleteDone🥰
ReplyDeleteDone
ReplyDeleteDone.
ReplyDeleteWheel..........dope.🏹🏹🏹
ReplyDeleteWheel............dope.🏹🏹🏹
Delete🍀
ReplyDeleteTHANKS.
ReplyDelete💙
ReplyDeleteDone 🍀
ReplyDeleteDone 🍀
DeleteThanks for sharing
ReplyDeleteThanks lots
ReplyDeleteDone
ReplyDelete🍀🍀
ReplyDelete