Worms
သန်ကောင်တွေအကြောင်း
🔸️အူလမ်းကြောင်းကို ကူးစက်တတ်တဲ့ သန်ကောင်များ သို့မဟုတ် ကပ်ပါးပိုးများဟာ လူ့ခန္ဓာကိုယ်က အာဟာရတွေကို မှီခိုရယူစားသုံးတဲ့ သက်ရှိတွေ ဖြစ်ပါတယ်။ တိပ်ပြားသန်ကောင်၊ ချိတ်သန်ကောင်တို့ကတော့ လူသိများတဲ့ အမျိုးအစားတွေဖြစ်ပြီး လူသိနည်းတဲ့ အခြားအမျိုးကွဲတွေလည်း အများအပြားရှိပါတယ်။ သန်ကောင်ကူးစက်မှုတွေဟာ ကျေးရွာတွေ (သို့) သန့်ရှင်းမှာအားနည်းတဲ့ဒေသတွေမှာ အဖြစ်များပါတယ်။
🔸️အူလမ်းကြောင်းမှာ သန်ကောင်တွေရှိနေပြီဆိုရင် အဖြစ်များတဲ့ လက္ခဏာတွေကတော့-
▪️ဝမ်းဗိုက်နာကျင်ခြင်း
▪️ဝမ်းလျှောခြင်း၊ ပျို့ခြင်း သို့မဟုတ် အော့အန်ခြင်း
▪️ဝမ်းဗိုက်ထဲ ဂတ်စ်များပြည့်နေသဖြင့် ဖောရောင်ခြင်း
▪️ပင်ပန်းနွမ်းနယ်ခြင်း
▪️အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း တို့ဖြစ်ပါတယ်။
အူလမ်းကြောင်းမှာ သန်ကောင်တွေ ရှိနေတဲ့သူဟာ ဝမ်းကိုက်ရောဂါလည်း ခံစားရနိုင်ပါတယ်။ ဝမ်းကိုက်ရောဂါဆိုတာ အူလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဝမ်းလျှောပြီး ဝမ်းထဲမှာ သွေးနှင့်အချွဲတွေပါလာတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ သန်ကောင်တွေဟာ စအို သို့မဟုတ် အင်္ဂါစပ်တစ်ဝိုက်မှာ အဖုများ သို့မဟုတ် ယားယံခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ဝမ်းသွားတဲ့အထဲ သန်ကောင် အကောင်လိုက် ပါလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အချို့လူတွေမှာတော့ ရောဂါလက္ခဏာမပြဘဲ အူလမ်းကြောင်းထဲမှာ သန်ကောင်တွေက နှစ်အတော်ကြာ ရှိနေနိုင်ပါတယ်။
🔸️ဘယ်လိုအခြေအနေတွေမှာ သန်ကောင် ကူးစက်ခံရနိုင်သလဲ?
▪️သန်ကောင်ဥရှိတဲ့ မျက်နှာပြင်တွေကို ထိမိတဲ့အခါ၊
(ဥပမာ- သန်ကောင်ရှိသော လူများ၏ သေချာစွာ မဆေးထားသော လက်များမှတဆင့်)
▪️သန်ကောင်ဥ ပါရှိသော မြေကြီးများကို ကိုင်မိခြင်း၊ မသန့်ရှင်းသော ရေနှင့် အစာများကို စားသောက်မိခြင်း၊
▪️သန်ကောင်ရှိသော မြေကြီးပေါ်သို့ ဖိနပ်မပါဘဲ ခြေပြောင်ဖြင့် လမ်းလျှောက်ခြင်း၊
▪️မချက်ထားသော၊ မကျက်သော အသားနှင့် ငါးများကို စားသုံးခြင်း တို့မှတဆင့် ကူးစက်နိုင်ပါတယ်။
🔸️အူလမ်းကြောင်းမှာ သန်ကောင်ရှိခြင်းက နောက်ဆက်တွဲအနေနဲ့ အူလမ်းကြောင်းပိတ်ခြင်းနှင့် သွေးအားနည်းခြင်းတို့ကို ဖြစ်နိုင်စေပါတယ်။
သန်ကောင်တွေကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ရောဂါတွေဟာ အသက်အရွယ်ကြီးရင့်သူများနှင့် HIV/AIDS ကဲ့သို့ ခုခံအားကျဆင်းစေတဲ့ ရောဂါအခံရှိသူတွေမှာ ပိုပြီး ဖြစ်နိုင်ပါတယ်။
ကလေးတွေမှာ သန်ကောင်ကူးစက်ခံရရင်တော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေမှာ အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ သန်ကောင်ကူးစက်ခံတဲ့အခါ သာမန်လူတွေထက် အန္တရာယ်ပိုများတာကြောင့် ကိုယ်ဝန်ရှိနေစဥ် သန်ကောင်ကူးစက်ခံရပြီဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုကို ခံယူသင့်ပါတယ်။
🔸️သန်ကောင်အမျိုးအစားပေါ်မူတည်ပြီး ကုသမှုတွေကလည်း ကွဲပြားပါတယ်။ ဥပမာ Tapeworm လို့ခေါ်တဲ့ သန်ပြားကောင်အမျိုးအစားတွေကိုတော့ Praziquentel ဆေးနဲ့ကုသလေ့ရှိပြီး Roundworm လို့ခေါ်တဲ့ သန်လုံးကောင်တွေကိုတော့ Mebendazole (သို့) Albendazole ပါဝင်တဲ့ဆေးများနဲ့ကုသလေ့ရှိပါတယ်။
🔸️အကယ်၌-
-ဝမ်းထဲမှာ သွေး (သို့) ပြည်တွေပါလာရင်
-နေ့တိုင်း (သို့) ခဏခဏ အန်နေရင်
-ကိုယ်အပူချိန်မြင့်လာရင်
-အလွန်အမင်း နုံးချပြီး ရေဓါတ်ဆုံးရှုံးလာရင်တော့ ဆရာဝန်ဆီ သွားရောက်ပြသသင့်ပါတယ်။
🔸️သန်ကောင်ကူးစက်မှုကို ဘယ်လိုကာကွယ်ကြမလဲ?
-အညစ်အကြေးမစွန့်ခင်၊ စွန့်ပြီးတိုင်းနှင့် အစာမစားခင်၊ စားပြီးတိုင်းမှာလက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာဆေးကြောပါ။
-အသား၊ ငါးတွေကို သေချာကျက်အောင် ချက်ပြီးမှ စားသုံးပါ။ ချက်ပြီးပြီးချင်းလည်းတန်းမစားသင့်ပါဘူး။
-အစိမ်းစားမယ့် (သို့) ချက်ပြုတ်စားမယ့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့ကို လည်း စင်ကြယ်စွာဆေးကြောပါ။ ရေသန့် (သို့) ကျိုချက်ထားတဲ့ရေနဲ့ ဆေးနိုင်ရင် ပိုကောင်းပါတယ်။
-အသားလှီးတဲ့ ဓါး၊ စစ်နီတုံး စတဲ့ အသုံးအဆောင်တွေကို အသုံးပြုပြီးတာနဲ့ သေချာဆေးကြောပါ။
-ကြမ်းပြင်ပေါ် အစားအသောက်တွေ ပြုတ်ကျသွားခဲ့ရင်လည်း သေချာပြန်ဆေးကြော (သို့) အပူပြန်ပေးပြီးမှ စားပါ။
-အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ပုံမှန်သန်ချပေးပြီး အညစ်အကြေးတွေကိုလည်း စနစ်တကျ စွန့်ပစ်ပေးပါ။
We are clickers , we can do it .
ReplyDeleteDone
ReplyDeleteClick
ReplyDeletethanks for sharing knowledge
ReplyDeleteDone 💪
ReplyDelete❤️💜
ReplyDelete❤️💜
Delete❤️💜
DeleteYes. ... ✌️✌️🍀🍀
ReplyDelete☝️☝️☝️
ReplyDeleteDone
ReplyDelete'Viva la revolution'
ReplyDeletedone
ReplyDeleteDone
ReplyDeletepp
ReplyDeletedone
ReplyDeleteFone
ReplyDeletepp
ReplyDeletepp
ReplyDelete💤💤💤
ReplyDeletepp
ReplyDeletepp
ReplyDeleteDone🥰
ReplyDeleteDone🥰
ReplyDeletepp
ReplyDeleteDone🥰
ReplyDeletepp
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone.
ReplyDeleteThanks.
ReplyDeleteDoneပါဗျာ🌞🤍
ReplyDelete🌸💙
Delete🐑☁️🍡
Deletedone
ReplyDelete🐝
ReplyDelete🌸🌸🌸
ReplyDeleteTHANKS.
ReplyDeleteWheel.........dope.🏹🏹🏹
ReplyDeleteWheel........dope.🏹🏹🏹
Delete😐🍀
ReplyDeleteAPPRECIATE.
ReplyDelete👍👍👍💋
ReplyDeleteThanks...🖤
ReplyDeleteTysm🤎
ReplyDelete